မောတောင်လမ်းတွင် စစ်အာဏာရှင်တပ် စစ်အင်အားဖြည့်တင်းပြီးနောက် တိုက်ပွဲဆက်တိုက်ပြင်းထန်
Dawei Watch
November 20, 2025ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သို့ သွားသည့် လမ်းတွင် စစ်အာဏာရှင်တပ်က စစ်အင်အားဖြည့်တင်းနေပြီး တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ မောတောင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူပြီးနောက် မောင်တောင်လမ်းရှိ စစ်အာဏာရှင်တပ်က သိန်ခွန်းရွာနှင့် အနီးဝန်းကျင်ကို အင်အားဖြည့်တင်းနေပြီး စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “စစ်ကူက အင်အားအလုံးအရင်းကို ဖြည့်နေတယ်။ လေကြောင်းရော ကားနဲ့ရော စစ်ကူတွေ ဆက်တိုက်ဆိုသလို ပို့နေတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်။ နှစ်ဖက်စလုံး ထိခိုက်မှုရှိတယ်” ဟု ၎င်းက ဆိုသည်။ မောတောင်မြို့ကို တော်လှန်ရေးတပ်များ သိမ်းယူပြီး နောက်တစ်ရက်ဖြစ်သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်အာဏာရှင် တပ်က ရဟတ်ယာဥ်ဖြင့် စစ်ကူ အကြိမ်ကြိမ်လာရောက်ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာလ ၁၈ရက်တွင် ကားခုနစ်စီးဖြင့် ရိက္ခာနှင့် စစ်ကူများကို ပို့ဆောင်ခဲ့ကြောင်း […]


