ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်
Dawei Watch
December 17, 2024မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ယနေ့(ဒီဇင်ဘာ ၁၇) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်ကစပြီး မော့ကနင်ရွာအနီး ကွမ်ကျိုက်ကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နံနက် ၈ နာရီကျော်ခန့်မှသာ သေနတ်သံတိတ်သွားကြောင်း ဒေသခံတို့က ပြောသည်။ မော့ကနင်ဒေသခံတစ်ဦးက “တိုက်ပွဲက ပြင်းထန်တယ်။ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ပဲ။ သေနတ်သံတွေ စကြားတာက မနက် ၅ လောက်ကတည်းက ၈ နာရီကျော်ကျော်လောက်မှာမှ သေနတ်သံ တိတ်သွားတာ” ဟု ပြောသည်။ တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်လမ်းပိုင်း ကားပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းခန့်တွင် အနည်းငယ် အသွားအလာပြန်ရှိကြောင်း စစ်ကောင်စီတပ်ဘက်ကလည်း လမ်းတစ်လျှောက် စစ်ဆေးမှု တင်းကြပ်ထားကြောင်းလည်း ၎င်းကဆိုသည်။ “တိုက်ပွဲဖြစ်နေတော့ ကားတွေလည်း […]


