ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆယ်နှစ်ကြာ ရပ်နားထားသည့် ထားဝယ်-မြိတ် အမြန်ရေယာဉ်ခရီးစဉ် ပြန်စ

Dawei Watch

November 21, 2025

ဆယ်နှစ်ကြာရပ်ထားသည့် ထားဝယ်-မြိတ် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ခရီးစဉ်များ ပြန်လည်စတင်ပြေးဆွဲမည်ဟု မြိတ်မြို့နှင့်ထားဝယ်မြို့ရှိ ခရီးသွားလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။ ထားဝယ်-မြိတ်-ကော့သောင်း ကမ်းရိုးတန်း အမြန်ရေယာဉ်ခရီးစဉ်များကို ၂၀၁၆ ခုနှစ်မှစ၍ ဆယ် နှစ်ကြာ ရပ်နားခဲ့ပြီးနောက် ယခုနှစ် နိုဝင်ဘာလ ၂ ၂ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွားမည်ဟု မြိတ်မြိုရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့်အမျိုးသမီးတစ်ဦးကပြောသည်။ “မနက်ဖြန် အမြန်ရေယာဉ်ပြေးဆွဲမယ်ဆိုတာ ဟုတ်ပါတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။ ကုန်းလမ်းကြောင်းတွင် တိုက်ပွဲများကြောင့် မကြာခဏ လမ်းပိတ်လေ့ရှိသဖြင့် တနင်္သာရီတိုင်းမှ ခရီးသွားများမှာ ရေကြောင်း၊လေကြောင်းတို့ကို အားပြုသွားလာနေကြခြင်းဖြစ်ပြီး ယခင်က အမြန်ရေယာဉ်အငယ်စားများဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။ ပင်လယ်ပြင်ရာသီဥတု အခြေအနေအရ ရေကြောင်းခရီးစဉ်ကို စပိတ်ဘုတ်အမြန်ရေယာဉ် အငယ်စားများဖြင့် ပြေးဆွဲလျက်ရှိရာမှ ပြောင်းလဲပြေးဆွဲခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ “အခုက ရာသီဥတုဆိုးလို့ စပိဘုတ်ရေယာဉ်က လမ်းကနေ […]

ပလမြို့အနီး သင်္ကန်းတောရွာအနီးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို မိုင်းဆွဲ

Dawei Watch

November 21, 2025

ပုလောမြို့နယ်၊ ပလမြို့အနီး သင်္ကန်းတောရွာရှိ နေအိမ်အချို့ကို မီးရှို့ပြီး ကဒဲရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်အချို့နှင့် ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်အာဏာရှင်တပ်သား ၄၀ ဝန်းကျင်သည် သင်္ကန်းတောရွာမှ ကဒဲရွာဘက်သို့ စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သူတို့က သင်္ကန်းတောရွာကို မီးရှို့ပြီး တက်လာတယ်။စစ်ကြောင်းက ခြေလျင်ထိုးလာတယ်။ ပ‌ဒေသာမိုင်း(အတွဲလိုက်)နဲ့ ချလိုက်တယ်။အသေများနိုင်တယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ယင်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများ၏ သေနတ်များနှင့် စစ်သုံးပစ္စည်းအချို့ တော်လှန်‌ရေးတပ်ဖွဲ့ဘက်က ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရသွားသည့် စစ်အာဏာရှင်တပ်သားများကို ရွာအတွင်းမှ သယ်ထုတ်နေသည်ကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၁၈ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက […]

မြိတ်မြို့က အခမဲ့ဆေးကုခန်း နေရာအခက်အခဲကြောင့် ပိတ်ရဖွယ်ရှိ

Dawei Watch

November 21, 2025

မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဦးဆောင်ဖွင့်လှစ်ထားသည့် မြိတ်မြို့ပေါ်ရှိ အခမဲ့ဆေးကုသခန်းကို နေရာအခက်အခဲကြောင့် ယာယီပိတ်သိမ်းရမည့်အခြေအနေရှိနေကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲထံမှ သိရသည်။ လက်ရှိ ဆေးခန်းဖွင့်လှစ်ထားသည့် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ နေရာကို အခမဲ့ အသုံးပြုခွင့်ပေးထားသည့် မူလပိုင်ရှင်များက ပြန်ယူတော့မည်ဖြစ်သည့်အတွက် ဆေးခန်းဖွင့်ရန်နေရာအခက်အခဲ ရှိနေခြင်းဖြစ်ကြောင်း အထက်ပါ အသင်းခွဲဥက္ကဌ ဒေါက်တာတင်စိုးမိုးက ပြောသည်။ ဆေးခန်းဖွင့်ရန်အတွက် အစားထိုးမြေနေရာအဆင်မပြေပါက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဆေးခန်းကို ယာယီပိတ်ထားရနိုင်ကြောင်း ဆေးခန်းတွင် ကိုယ်တိုင်ဦးဆောင်ကုသပေးနေသူလည်းဖြစ်သည့် ဒေါက်တာ တင်စိုးမိုးက ဆိုသည်။ “မူလပိုင်ရှင်တွေကလည်း ဆေးခန်းဖွင့်ထားတဲ့ အဆောက်အအုံကို သုံးဖို့လိုလာလို့ ကျွန်တော်တို့ကို အသိပေးလာပါတယ်၊ သူတို့လည်း (နေရာ)အခမဲ့ပေးသုံးလာတာ ၂ နှစ်လောက်ရှိနေပါပြီ” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဆေးခန်းဖွင့်ရန် လိုအပ်သည့်နေရာနှင့် အဆောက်အအုံကို ဘုန်းကြီးကျောင်းနှင့် မြိတ်မြို့ခံအချို့က အခမဲ့အသုံးပြုခွင့်ပေးရန် […]

အမေရိကန်၏ စစ်ရပ်စဲရေးအစီအစဥ်ကို လက်ခံကြောင်း ယူကရိန်းသမ္မတပြော

Dawei Watch

November 21, 2025

အမေရိကန်ကျောထောက်နောက်ခံပြု စစ်ရပ်စဲရေးအစီအစဥ်ကို လက်ခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာလ ၂၀ ရက်က ပြောကြားလိုက်သည်။ အဆိုပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဥ်ကို အမေရိကန်နှင့်အတူ လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ၊ လာမည့်ရက်များတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယင်းကိစ္စကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။ အမေရိကန်ကျောထောက်နောက်ခံပြု အဆိုပါ ယူကရိန်းစစ်ရပ်စဲရေးအစီအစဉ်ကို ဥရောပနိုင်ငံများက ဆန့်ကျင်လျက် ရှိသည်။ အဆိုပါ အစီအစဉ်အရ ယူကရိန်းအနေဖြင့် နယ်မြေများ ပိုမိုစွန့်လွှတ်ရမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ ယင်းအစီအစဥ်မှာ ယူကရိန်းအဖို့ လက်နက်ချသည်နှင့် အတူတူပင် ဖြစ်သည်ဟု ယူကရိန်း၏ မဟာမိတ်များက ကြာမြင့်စွာ ရှုမြင်လာခဲ့ကြောင်း ဖော်ပြသည်။ သို့သော် ယူကရိန်းသမ္မတ ဇလန်းစကီးက အဆိုပါ စစ်ရပ်စဲရေးအစီအစဥ်၏ […]

ကိုယ်စားလှယ်လောင်း မဲဆွယ်စာရွက်ကို ဆုတ်ဖြဲ၍ဟုဆိုကာ ချောင်းဆုံဒေသခံတစ်ဦးကို ထောင် ၁၇ နှစ်ချ

Dawei Watch

November 21, 2025

မွန်ပြည်နယ်၊ ချောင်းဆုံ (ဘီလူးကျွန်း)မြို့နယ်၊ ကွမ်ရိုက်ကျေးရွာက အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေများဖြင့် စစ်အာဏာရှင်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ကွမ်ရိုက်ကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ဆိုသူသည် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းပါ စာရွက်ကို ဆုတ်ဖြဲလိုက်သည်ဆိုသော စွပ်စွဲချက်ဖြင့် နိုဝင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုနောက် ဦးကျော်မြင့်ကို ချောင်းဆုံမြို့မရဲစခန်းတွင် (ပ) ၁၂၆/၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။ စစ်အာဏာရှင်က ဦးကျော်မြင့်ကို ရုံးထုတ်စစ်ဆေးပြီးနောက် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မော်လမြိုင်ခရိုင် […]

ထားဝယ်အမျိုးသားနေ့ တေးဂီတဖျော်ဖြေပွဲကျင်းပရန် လောင်းလုံးဘက်ခြမ်း လုံခြုံရေးတင်းကျပ်

Dawei Watch

November 20, 2025

နတ်တော်လဆန်း ၁ရက် ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ကျရောက်သည့် ထားဝယ်အမျိုးသားနေ့အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကျင်းပရန် လောင်းလုံးမြို့နယ်ဘက်ခြမ်း၌ အစစ်ဆေးများကာ လုံခြုံရေးတင်းကျပ်ထားကြောင်း ထားဝယ်မြို့ခံများနှင့် ဒေသခံခရီးသွားများက ပြောသည်။ တေးဂီတဖျော်ဖြေပွဲကို ယနေ့ ည ၆နာရီမှ ၁၂ နာရီအထိ ထားဝယ်မြို့ကမ်းနားလမ်းရှိ ထားဝယ်မြစ်ကမ်းနံဘေးတွင်ရှိသော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကျင်းပသည့် ကမ်းနားပန်းခြံတွင် ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ကမ်းနားပန်းခြံနှင့် ထားဝယ်မြစ်ခြားသည့် လောင်းလုံးမြို့နယ်၊ အင်းဝန်းကျေးရွာနှင့် သာယာကုန်း ကျေးရွာ အနီးဝန်းကျင်တွင် စစ်အင်အားအများအပြားချထားကြောင်း ဒေသခံခရီးသွားတစ်ဦးက ဆိုသည်။ “မနေ့ကတည်းက လာချထားတယ်။ မြေတင်ကား နှစ်စီးစာ” ဟု ၎င်းက ပြောသည်။ ကမ်းနားလမ်းတစ်လျှောက်နှင့် တေးဂီတဖျော်ဖြေပွဲကျင်းပမည့် နေရာတွင် ယနေ့နံနက်ပိုင်းအထိ လုံခြုံရေးတင်းကျပ် ထားသည်ကို မတွေ့ရှိရသေးသော်လည်း မြို့အဝင်အထွက်ဂိတ်ဖြစ်သည့် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင်မူ ခရီးသွားပြည်သူများကို […]

တနင်္သာရီတိုင်းက ကိုယ်စားလှယ်လောင်းများ စစ်အာဏာရှင်တပ် လုံခြုံရေးအကူအညီဖြင့် မဲဆွယ်

Dawei Watch

November 20, 2025

စစ်‌ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် တနင်္သာရီတိုင်းက လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် အာဏာရှင်စစ်တပ် လုံခြုံရေးအကူညီဖြင့် မဲဆွယ်နေကြောင်း စုံစမ်းသိရသည်။ ကြံ့ခိုင်‌ရေးပါတီက ကိုယ်စားလှယ်လောင်းများ၏ မြိတ်ခရိုင် မဲဆွယ်ရေးခရီးစဉ်များအတွင်း စစ်အာဏာရှင်တပ်သားများက လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားသည်ကို တွေ့ရသည်။ မဲဆွယ်ဟောပြောမည့် ဧရိယာပတ်ပတ်လည်ကို စစ်အာဏာရှင်တပ်သားများက လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး ယူထားသည့်အပြင် ကိုယ်စားလှယ်‌လောင်းအနီးတွင်လည်း အရပ်ဝတ်လက်နက်ကိုင်များက အနီးကပ်နေရာယူထားကြသည်။ နယ်ကျေးရွာများအတွက်သာ ထိုကဲ့သို့ လုံခြုံရေးဖြင့် မဲဆွယ်သွားခြင်းမျိုး မဟုတ်ဘဲ မြို့ပေါ်ရပ်ကွက် မဲ‌ဆွယ်ပွဲများ၊ ပါတီဆိုင်းဘုတ်တင်ပွဲများတွင်ပါ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားကြောင်း စုံစမ်းသိရသည်။ လုံခြုံရေး စိတ်မချရသည့် ဒေသများသို့ သွားရောက်ပြီး မဲဆွယ်ကြမည့် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံမှတစ်ဆင့် လုံခြုံရေးတောင်းခံခွင့်ရှိကြောင်း ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သွားမယ့်နေရာတွေကို ငါးရက်လောက်ကြိုပြီး […]

ပရာကျွတ်ခီရီခန်ခရိုင်တွင် ဝက်သက်ရောဂါအဖြစ်များနေကြောင်း ထိုင်းကျန်းမာရေးဌာန သတိပေး

Dawei Watch

November 20, 2025

ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခန်ခရိုင်ရှိ ကလေးငယ်များတွင် ဝက်သက်ရောဂါအဖြစ်များနေကြောင်း ရတ်ချ်ဘူရီခရိုင်ရှိ ထိုင်းကျန်းမာရေးဌာန အမှတ် ၅ က ယနေ့သတိပေးထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၅ ရက်အထိ ပရာကျွတ်ခီရီခန်ခရိုင်အပါအဝင် အခြားခရိုင်များတွင် ဝက်သက်ရောဂါဖြစ်နေသော ကလေးငယ် ၄၀ ဦးအထိ ရှိလာကြောင်း ဖော်ပြသည်။ ကလေးငယ်အများစုမှာ အသက် ၂ နှစ်မှ ၄ နှစ်အရွယ်များဖြစ်ကြပြီး ရောဂါအဖြစ်အများဆုံးခရိုင်မှာ ပရာကျွတ်ခီရီခန်ခရိုင်ဖြစ်ကြောင်း ရေးသားထားသည်။ ဝက်သက်ရောဂါ လက္ခဏာများမှာ အပြင်းဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးနီခြင်း၊ ခန္ဓာကိုယ်ပေါ်တွင် အနီစက်ထခြင်းများဖြစ်ကြောင်း ဆိုသည်။ အချို့မှာ အဆုတ်ရောင် သို့မဟုတ် ဦးနှောက်ရောင်ရောဂါများအထိ ရောဂါပြင်းထန်လာနိုင်ကြောင်း သတိပေးချက်တွင် ဖော်ပြသည်။ ဝက်သက်ရောဂါသည် ကလေးငယ်အများစုတွင် အဖြစ်များသော ရောဂါဖြစ်ပြီး ကာကွယ်ဆေးမထိုးထားပါက အလွယ်တကူ ကူးစက်နိုင်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် […]