အရှေ့တီမောတွင် လွှတ်တော်အမတ်များအတွက် ပရာဒို တစ်ယောက်တစ်စီး ဝယ်ပေးမည့် အစီအစဉ်ကို ဆန္ဒပြ
Dawei Watch
September 16, 2025အရှေ့တီမောနိုင်ငံတွင် လွှတ်တော်အမတ်များအတွက် တရားဝင်ရုံးသုံးအနေဖြင့် ပရာဒိုကား တစ်ယောက်တစ်စီး ဝယ်ပေးမည့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြမှုများ ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ အဆိုပါ ကားဝယ်ပေးမည့် အစီအစဉ်သည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် အရှေ့တီမောနိုင်ငံတွင် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် ပြည်သူလူထု၏ မကျေနပ်ချက် ဖြစ်ကြောင်း The Jakarta Post သတင်းဌာနက ဖော်ပြသည်။ တနင်္လာနေ့တွင် တက္ကသိုလ်ကျောင်းသားအများစု ပါဝင်သည့် လူပေါင်း ၁၀၀၀ ကျော်က အရှေ့တီမောနိုင်ငံ၏ မြို့တော်ဒီလီရှိ အမျိုးသားလွှတ်တော်အနီးတွင် စုဝေးဆန္ဒပြခဲ့ကြသည်။ အမေရိကန်ဒေါ်လာ ၂ သိန်းဝန်းကျင် အကုန်အကျခံကာ လွှတ်တော်အမတ် ၆၅ ဦးအတွက် တိုယိုတာပရာဒိုကား တစ်ယောက်တစ်စီးစီ ဝယ်ပေးမည့် အစီအစဉ်ကို […]


