ဗီဇာသက်တမ်းကုန် မြန်မာများ၏ ကရူထိုင်း (Krungthai) ဘဏ်အကောင့်အချို့ ယာယီဆိုင်းငံ့ခံရ
Dawei Watch
March 11, 2025အလုပ်လုပ်ခွင့်လက်မှတ် (work permit) ဗီဇာသက်တမ်းကုန်နေသော မြန်မာနိုင်ငံသားများ၏ ကရူထိုင်း (Krungthai) ဘဏ်အကောင့်အချို့ အသုံးပြုခွင့် ယာယီဆိုင်းငံ့ခံနေရကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရသည်။ ၂၀၂၂နှင့် ၂၀၂၃ ခုနှစ်တွင် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ဘတ်ဟုခေါ်သည့် ယာယီနေထိုင် အလုပ်လုပ်ခွင့်ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ၏ ဗီဇာသက်တမ်းသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက ကုန်ဆုံးနေပြီဖြစ်သည်။ မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရက အချိန်မီ ဗီဇာမတိုးပေးဘဲ နေထိုင်ခွင့် ၆ လ သက်တမ်းသာ ထပ်တိုး ပေးထားသည်။ နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် သက်တမ်းတိုးလုပ်ငန်းစဉ်ကို ပြောင်းလဲလုပ်ဆောင်မည်ဖြစ်ရာ အချိန် မလုံလောက်သဖြင့် အချိန်မီ သက်တမ်းတိုး မပေးနိုင်သေးကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။ ယင်းအချိန် မြန်မာအလုပ်သမားများ၏ မိုဘိုင်းဖုန်းထဲက […]


