ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် စစ်ရှောင်များရှိသည့်နေရာကို စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ပြီး ဒရုန်းဖြင့်ပါဗုံးချ

Dawei Watch

March 12, 2025

တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာက စစ်ဘေးရှောင်များရှိသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သလို ဒရုန်းဖြင့်လည်း ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁၀ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်း က ၁၂၀ မမ လက်နက်ကြီးဖြင့် ခြောက်လုံးပစ်ခတ်ခဲ့ကြောင်း အနောက်မော်တုန်းရွာနေ ဒေသခံများက ပြောသည်။ ထို့အပြင် ညနေ ၄နာရီခွဲဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က အနောက်မော်တုန်းကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ ရွာက အရပ်သားအများစုရှိတဲ့နေရာတွေကို ကျတာ။ တော်သေးတာက ရှောင်ဖို့ အချိန်ရလိုက်ပြီး ကပ်သီလေးလွဲသွားလို့။ မဟုတ်ရင် ရွာကသူတွေ တော်တော်များများ ထိခိုက်ကြမှာ” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်က […]

မြိတ်၊ ကြေးနန်းတိုင်တံတားဂိတ်တွင် ဖမ်းဆီးခံရသည့်ကားသမားနှစ်ဦး တစ်ပတ်နီးပါးကြာအထိ အဆက်အသွယ်မရ

Dawei Watch

March 12, 2025

မြိတ်မြို့နယ် ကြေးနန်းတိုင်တံတားစစ်ကောင်စီတပ် စစ်ရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ကားသမားနှစ်ဦးကို သီတင်းပတ် တစ်ပတ်နီးပါးအကြာ မတ်လ ၁၂ ရက်အထိ အဆက်အသွယ် မရသေးကြောင်း ကားသမားများ၊ နီးစပ်သူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၇ ရက်က အဆိုပါဂိတ်တွင် ကုန်ကားတစ်စီးကို စစ်ဆေးပြီးနောက် ကုန်ကားမောင်သူနှင့် ကားနောက်လိုက်တို့ကို ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူအချို့က ပြောသည်။ အဆိုပါကုန်ကားမှာ မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ် မော်တုန်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများကို ကုန်စည် ပို့ဆောင်နေသည့် ကားဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။ မတ်လ ၇ရက်တွင် မြိတ်မြို့ဘက်မှ မော်တုန်းရွာဘက်သို့သွားချိန် ကြေးနန်းတိုင်တံတားစစ်ဆေးဂိတ်တွင် အသက် ၅၀ နှစ်အရွယ် ကုန်ကားမောင်းသူနှင့် ၂၆ နှစ်အရွယ် ကားနောက်လိုက်တို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ ”ကုန်ကားဆိုတော့ အစုံတင်တာပေါ့။ စကစဘက်က […]

ထားဝယ်မြစ်ထဲ စစ်ကောင်စီစက်လှေပစ်ခတ်ခံရပြီးနောက် ကမ်းနားရှိ ကညုံကျွန်းရွာကို လက်နက်ကြီးဖြင့်ပြန်ပစ်

Dawei Watch

March 12, 2025

ထားဝယ်မြစ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စက်လှေတစ်စီး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ် ဘက်က ထားဝယ်မြစ်ကမ်းနားတစ်လျှောက်ကို လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့မှ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရွာ ဆိပ်ကမ်းဘက်သို့ ထားဝယ်မြစ်အတိုင်းဆင်းလာ‌သော အဆိုပါ စက်လှေကို ထားဝယ်ခရိုင်တပ်ပေါင်းစုက မတ်လ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ တပ်ပေါင်းစုဘက်က ပစ်ခတ်သည့် RPG ထိမှန်ပြီး စက်လှေမီးလောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “အဲဒီမှာသူတို့ (စစ်ကောင်စီတပ်က) ထိခိုက်ဒဏ်ရာရမှုက သိရသလောက်ကတော့ ၂၀ လောက်တော့ သေတယ်။ ဒဏ်ရာ ရတာကတော့ အနည်းဆုံး ၃၀ ဝန်းကျင်လောက်ရှိမယ်” ဟု တပ်ပေါင်းစုထဲတွင်ပါဝင်သော လောင်းလုံး ပကဖ၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။ […]

ခရုအုန်း ဖမ်းဆီးရရှိမှုနည်းလာပြီး ဈေးလေးဆနီးပါးမြင့်တက်

Dawei Watch

March 12, 2025

မြိတ်တွင် ခရုအုန်း (ခေါ်) အုန်းခရု ရှားပါးလာပြီး တစ်နှစ်ကျော်ကာလအတွင်း ဈေးလေးဆခန့် မြင့်တက်လာကြောင်း ပင်လယ်ထွက်ကုန်ရောင်းဝယ်သူများထံမှ သိရသည်။ ၂၀၂၃ နှစ်ကုန်ပိုင်းက ခရုအုန်း အသားသီးသန့် တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းဝန်းကျင်ဈေးရှိရာက လက်ရှိအချိန်တွင် ကျပ်လေးသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ပင်လယ်ထွက်ကုန် အဝယ်ဒိုင်ပိုင်ရှင်အချို့က ဆိုသည်။ “ခရုအုန်းက အမြဲတမ်းမရဘူး။ အခု‌နောက်ပိုင်းရှားပါး ရေစာ (ပင်လယ်စာ) ဖြစ်လာတယ်။ ‌ပင်လယ်ငါးဖမ်းလှေတွေဝင်လို့ ကုန်(ပင်လယ်စာ)တွေ သွားယူရင်တောင် ဆယ်ခါတစ်ခါလောက်ပဲ ခရုအုန်းရ‌တော့တယ်” ဟု မြိတ်မြို့ရှိ ပင်လယ်ထွက်ကုန် အဝယ်ဒိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ပင်လယ်အတွင်း ဖမ်းဆီးရရှိမှု နည်းလာလာသဖြင့် ဈေးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ရှားပါးလာတာတော့ ဟုတ်တယ်ဗျ။ အရင်က ပင်လယ်ပြင်မှာ ငါးဖမ်းပိုက်တွေချရင် ခရုအုန်းတွေ ပါပါလာတတ်တယ်။ အခုနောက်ပိုင်း ပိုက်ချရင် […]

တနင်္သာရီ ဘန်းလမွတ်ရွာတွင် လမ်းသွားလမ်းလာအရပ်သား ၂၀ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီး

Dawei Watch

March 11, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင် လမ်းသွားလမ်းလာ အရပ်သား ၂၀ခန့်ကို မတ်လ ၁၀ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သားများသည် ဘန်းလမွတ်ရွာလမ်းဆုံတွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဘန်းလမွတ်ရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “လမ်းသွားလမ်းလာတွေကို တားပြီးဖမ်းတာ။ အစက သူတို့ (စကစ) ယာဉ်တန်းတွေတက်တော့ လူသားဒိုင်းအတွက် ဖမ်းထားတယ်လို့ ထင်တာ။ ယာဉ်တန်းတက်ပြီးတာတောင် ပြန်မလွှတ်တော့ ဘာကြောင့်ဖမ်းလဲဆိုတာကို မပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံရသူများမှာ ဘန်းလမွတ်ရွာနေ ဒေသခံများအပြင် အခြားရွာနေသူအချို့ပါ ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဖမ်းဆီးခံခဲ့ရသူများကို ယနေ့ မတ်လ ၁၁ရက် နေ့လယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းနှင့်အတူ မော်တုန်းရွာအခြေစိုက် အမှတ် (၃၀၆) အမြောက်တပ်ရင်းသို့ […]

ဇာဒီကျေးရွာအုပ်စုတွင် နှစ်လကျော်ကြာဖြတ်တောက်ခံထားရသည့်လျှပ်စစ်မီး ပြန်ရ

Dawei Watch

March 11, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီအုပ်စုတွင် နှစ်လကျော်ကြာ ဖြတ်တောက်ခံထားရသည့် လျှပ်စစ်မီး ယနေ့ မတ်လ ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ လျှပ်စစ်မီးနှင့် လည်ပတ်ရသည့် ဆက်သွယ်ရေးတာဝါတိုင်များလည်း ပြန်လည်ပတ်နိုင်၍ မိုင်တဲနှင့် အက်တမ် အော်ပရေတာများလည်း ပြန်လည်ဆက်သွယ်၍ ရပြီဖြစ်ပြီး အမ်ပီတီမှာ မရသေးကြောင်း ဒေသခံများက ဆိုသည်။ “အမ်ပီတီက တာဝါတိုင်စက်ပျက်နေလို့ ပြန်မလည်နိုင်တာပါ။ ပြန်ပြင်သမားကလည်း မလာတော့ ပြန်မရတော့ဘူး။ မိုင်တဲ နဲ့ တယ်လီနော (အက်တမ်) က မီး (လျှပ်စစ်) လာတာနဲ့ ပြန်ရသွားတာပဲ” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ဇာဒီရွာမှ ဆရာတော်များက လျှပ်စစ်မီး ပြန်လည်ဆက်သွယ်ပေးရန် မောရဝတီရေတပ်စခန်းဌာနချုပ်တွင် သွားရောက်တောင်းဆိုခဲ့သေးကြောင်း ဆရာတော်များနှင့် နီးစပ်သည့် […]

မြိတ်တွင် ရေမီတာတစ်ယူနစ် ကျပ် ၃၅၀၀ အထိပေးရ၊ အာဏာသိမ်း ၄ နှစ်တာအတွင်း ၃ ဆခန့်တက်

Dawei Watch

March 11, 2025

စစ်အာဏာသိမ်းပြီး လေးနှစ်ကြာလာချိန်တွင် မြိတ်မြို့တွင်ကောက်ခံနေသည့် ရေမီတာခဈေးနှုန်း သုံးဆနီးပါးမြင့်တက်လာကြောင်း မြို့ခံများနှင့် ရေရောင်းနေသူများထံမှ သိရသည်။ မြိတ်မြို့တွင် အစိုးရ၏ ရေပေးဝေစနစ်မရှိဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များက အဝီစိတွင်းများတူးကာ တစ်နိုင်တစ်ပိုင် ဖြန့်ဖြူးရောင်းချနေကြခြင်းဖြစ်သည်။ အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလက ရေမီတာခဈေးနှုန်းမှာ တစ်ယူနစ်လျှင် ၁၂၀၀ ဝန်းကျင်ခန့်သာရှိရာက ၂၀၂၄ ဇန်နဝါရီလတွင် ၂၆၀၀ ကျပ်ဝန်းကျင်အထိ တက်လာကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လက်ရှိ ၂၀၂၅ ခုနှစ်တွင် ရေတစ်ယူနစ်လျှင် ကျပ် ၃၀၀၀ ကျော်အထိ ကောက်ခံနေပြီး ရပ်ကွက်တည်နေရာ အပေါ်မူတည်ကာ တစ်ယူနစ်လျှင် ၃၅၀၀ ကျပ် အထိ ပေးနေရဟု ဒေသခံများကဆိုသည်။ ထိုသို့ဈေးတက်လာသည့်အတွက် ရေအတွက် ကုန်ကျစရိတ်ပိုများလာပြီး ချွေတာသုံးစွဲနေရကြောင်း မြိတ်မြို့တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ “အခက်အခဲကတော့ ရေဆိုတာက […]

တနင်္သာရီတွင် ခဲလုပ်သားများ ငှက်ဖျားရောဂါအဖြစ်များ

Dawei Watch

March 11, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ ခဲသတ္တုလုပ်ကွက်များက ခဲလုပ်သားများ ငှက်ဖျားရောဂါ အဖြစ်များလာကြကြောင်း ခဲလုပ်သားများနှင့် ငှက်ဖျားတိုက်ဖျက်ရေး ကူညီလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။ မြို့နယ်အတွင်းရှိ သဲဖြူ၊ကြိမ်ချောင်း၊တားပလတ်၊အင်ဟို၊ သဘော့လိပ်ရွာ၊သိန္ဓောရွာ၊ကျောက်လုံးကြီးရွာ စသည့်နေရာများရှိ ခဲလုပ်ကွက်များတွင် တစ်လလျှင် ငှက်ဖျားဖြစ်သည့် ခဲလုပ်သား ၁၀၀ ကျော်ရှိလာကြောင်း ငှက်ဖျားတိုက်ဖျက်ရေးကူညီ လုပ်ဆောင်နေသည့် အသက် ၃၃ နှစ်အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါနေရာများအနက် တားပလပ်ရွာနှင့်အင်ဟိုရွာဘက်ရှိ ခဲလုပ်ကွက်များတွင် ငှက်ဖျားဖြစ်ပွားသူပိုများနေကြောင်း ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ်ကမူ အဆိုပါကျေးရွာများရှိ ခဲလုပ်ကွက်များတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၅၀ ဝန်းကျင်သာရှိကြောင်း၊ အဆိုပါ ခဲသတ္တုလုပ်ကွက်များမှာ သစ်တောကြီးများနှင့် နီးကပ်နေသည့်အတွက် ခြင်ပေါများသော်လည်း အလုပ်သမားအများစုက ခြင်ထောင်ဖြင့် အိပ်လေ့မရှိကြောင်း ၎င်းကပြောသည်။ ထိုသို့ ငှက်ဖျားရောဂါအဖြစ်များလာချိန်တွင် ကျန်းမာရေးစောင့်ရှောက်သူနှင့် ဆေးဝါး မလုံလောက်သဖြင့် အခက်အခဲဖြစ်နေရကြောင်း အဆိုပါဒေသဝန်းကျင်တွင် ကူညီဆောင်ရွက်ပေးနေသည့် CDM […]