ဧပြီ ၁ ရက်နေ့မှစ၍ ထိုင်းတွင် ယာဉ်စည်းကမ်းဖောက်သူများကို ပိုမိုစစ်ဆေးဖမ်းဆီးမည်
Dawei Watch
March 27, 2026ပြီးခဲ့သော နှစ်သစ်ကူးအချိန်က လမ်းမပေါ် ယာဉ်မတော်တဆမှု ၁၅၀၀ ကျော်ဖြစ်ခဲ့ပြီး လူသေဆုံးမှု ၂၇၂ ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါပြီးခဲ့သော နှစ်သစ်ကူးအချိန်က လမ်းမပေါ် ယာဉ်မတော်တဆမှု ၁၅၀၀ ကျော်ဖြစ်ခဲ့ပြီး လူသေဆုံးမှု ၂၇၂ ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။
အမေရိကန်၏ စစ်ပွဲအဆုံးသတ်ရေးကမ်းလှမ်းချက်အပေါ် အီရန်ဘက်က တုံ့ပြန်မှု အေးစက်နေသော်လည်း အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်ရရှိရေးအတွက် မိမိဘက်က အသည်းအသန်ဖြစ်နေသည်ဆိုသော အချက်ကို သမ္မတထရမ့်က ငြင်းဆိုထားသည်။
ပြင်ပမှောင်ခိုစျေးကွက်တွင်မူ တစ်လီတာ ကျပ်နှစ်သောင်းအထိ ပေးဝယ်နေရပြီး ၂၂၀လီတာဆန့် ဓာတ်ဆီတစ်ပီပါလျှင် ကျပ်သိန်း ၂၀ ကျော် စျေးပေါက်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်တို့တွင် မတ်လ ပထမပတ်ကစပြီး စက်သုံးဆီဝယ်ယူရန် လူတန်းရှည်ဖြင့် တန်းစီစောင့်ဆိုင်းချိန် အပူရှိန်ကြောင့် မူးမေ့လဲကျသူ အမျိုးသမီးငါးဦးနှင့် အမျိုးသားနှစ်ဦးအထိ ရှိလာပြီဖြစ်သည်။
အမေရိကန်ငွေစက္ကူများပေါ်တွင် သမ္မတဒေါ်နယ်ထရမ့်၏ လက်မှတ်ကို ယခုနှစ်အတွင်း စတင်ရိုက်နှိပ်သွားမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ယင်းမှာ အမေရိကန်သမိုင်းတစ်လျှောက် လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦး၏ လက်မှတ်ကို အမေရိကန်ငွေစက္ကူပေါ်တွင် ပထမဆုံးအကြိမ် ရိုက်နှိပ်ခြင်း ဖြစ်လာမည် ဖြစ်သည်။ အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် အမေရိကန်ငွေစက္ကူများကို ဒီဇိုင်းအသစ်ဖြင့် ထုတ်ဝေသွားမည် ဖြစ်သည်။ ယင်းသို့ ထုတ်ဝေရာတွင် နှစ်ပေါင်း ၁၆၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဘဏ္ဍာရေးမှူး၏ လက်မှတ်ကို အမေရိကန်ငွေစက္ကူပေါ်မှ ချန်လှန်ထားတော့မည် ဖြစ်သည်။ အမေရိကန်ဘဏ္ဍာရေးမှူးသည် ဘဏ္ဍာရေးဝန်ကြီးထံ တိုက်ရိုက်အစီရင်ခံရသူဖြစ်ပြီး ငွေစက္ကူနှင့် တံဆိပ်ခေါင်းရိုက်နှိပ်ရေးဗျူရို၊ ဒင်္ဂါးသွန်းလုပ်ရေးလုပ်ငန်းနှင့် အခြားဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရသူ ဖြစ်သည်။ သမ္မတထရမ့်နှင့် ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့်တို့၏ လက်မှတ်များပါဝင်သည့် ပထမဆုံး […]
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ပြီး နေအိမ်ပေါ် ကျရောက်ပေါက်ကွဲသဖြင့် အိမ်လည်းပျက်စီးပြီး လူလည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။
အပူရှိန်မြင့်တက်လာပြီးနောက် သတိလစ်ခြင်း၊ အပူရှပ်ခြင်းကြောင့် မော်လမြိုင်တွင် ဆေးရုံ၊ ဆေးခန်းတို့တွင် တက်ရောက် ဆေးကုမှု ခံယူရသူလည်း အများအပြားရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ပါလက်စတိုင်းပြည်သူများကို နှိပ်စက်ညှင်းပန်းရန် ကမ္ဘာကြီးက အစ္စရေးအား လိုင်စင်ပေးထားကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူတစ်ဦးက မတ်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။ အစ္စရေးသိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေများရှိ ပြည်သူများ၏ နေ့စဉ်ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အဆက်မပြတ် တရစပ် ဆင်းရဲဒုက္ခခံစားနေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးသိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေများ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ ဖရန်ဆက်စကာ အယ်လ်ဘာနီးစ်က နှိပ်စက်ညှင်းပန်းမှုမှာ အစ္စရေး၏ နိုင်ငံတော်မူဝါဒသဖွယ် လက်တွေ့ဖြစ်လာနေကြောင်း ဆိုသည်။ “အစ္စရေးကို လက်တွေ့မှာ ပါလက်စတိုင်းပြည်သူတွေကို ညှင်းပန်းနှိပ်စက်ဖို့ လိုင်စင်ပေးထားတာပဲ။ ဘာကြောင့်လဲဆိုတော့ ရှင်တို့ အစိုးရတွေနဲ့ ဝန်ကြီးတွေက ဒါကို ခွင့်ပြုထားလို့ပဲ” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ၎င်း၏ နောက်ဆုံးအစီရင်ခံစာကို တင်သွင်းနေစဉ်အတွင်း သူမက ပြောကြားခဲ့သည်။ အစ္စရေးက […]