မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးပြီး လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်
Dawei Watch
March 25, 2026ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းရှိ ကျေးရွာများတွင် ယခုမတ်လနှောင်းပိုင်းတွင် စစ်အာဏာရှင်တပ်က တောလမ်းအသုံးပြုကာ စစ်ကြောင်း ပြန်လည်ထိုးလာပြီး လက်နက်ကြီးလည်း ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ အဆိုပါ လမ်းပိုင်းရှိ မိုင် ၆၀ရွာတွင် မတ်လ ၁၉ရက်က စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်ဘက်က ကျေးရွာများဘက်သို့ မတ်လ ၂၄ရက် ညအထိ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မတ်လ ၂၀ရက်က ရာဖူးရွာရှိ ရော်ဘာခြံတစ်ခုတွင် လုပ်ကိုင်နေသည့် မိသားစုတစ်စု ကျည်စထိမှန်၍ သားအဖနှစ်ဦး သေဆုံးကာ သားအမိနှစ်ဦး ဒဏ်ရာရခဲ့သည်။ စစ်အာဏာရှင်တပ်သည် မရမ်းချောင်း၊ မိုင် ၆၀ နှင့် ရာဖူးရွာများတွင် ရက်ပိုင်းစီ အလှည့်ကျ […]


