ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ထိုင်းဘက်ကပိတ်

Dawei Watch

March 30, 2026

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ထိုင်းဘက်ခြမ်းက ယမန်နေ့ မတ်လ ၂၉ ရက် ညနေပိုင်းကစပြီး ပိတ်ထားကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောသည်။ ယမန်နေ့က ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် မူးယစ်ဆေးပြား သုံးသိန်းနီးပါးသယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရမှုနှင့် ဆက်စပ်ပြီး ပိတ်ခြင်းဖြစ် နိုင်ကြောင်း မြို့ခံတို့က ခန့်မှန်းသည်။ “မနေ့ ညနေလောက်ကနေစပြီး ပိတ်လိုက်တာ။ ကုန်ပစ္စည်းတွေလည်း ပေးမဖြတ်ဘူး။ ထိုင်းဘက်ကမ်းမှာ အလုပ် သွားလုပ် နေတဲ့ လူတွေကိုလည်း ပေးမသွားဘူး။ ဘယ်သူမှ ပေးမဖြတ်ဘူး။ ပိတ်တာက ယာယီပဲဖြစ်မှာပါ။ အဓိက ဒီမူးယစ်ဆေးဝါး ဖမ်းမိထားတဲ့ကိစ္စပဲ။ သုံး၊ လေးရက်လောက်တော့ ပိတ်မယ် ထင်တယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောဆိုသည်။ ဘုရားဆူနယ်စပ်ဂိတ်သည် တရားဝင် ဖွင့်လှစ်ထားသည့်ဂိတ် မဟုတ်ဘဲ […]

တရုတ်က တိုက်လေယာဥ်ဟောင်းများကို အသေခံဒရုန်းအဖြစ်ပြောင်း၍ ထိုင်ဝမ်အနီး အသင့်ချထား

Dawei Watch

March 30, 2026

ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်စစ်တပ်သည် တိုက်လေယာဥ်များမှ အသွင်ပြောင်းထားသည့် တိုက်ခိုက်ရေးဒရုန်းများကို ထိုင်ဝမ်အနီးတွင် ဖြန့်ကျက်ထားကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။ တရုတ်စစ်တပ်က J-6W ဒရုန်းအစီးရေ ၂၀၀ ထက်မနည်းကို ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်ရှိ စစ်အခြေစိုက်စခန်းများတွင် ချထားကြောင်း သိရသည်။ ယင်းစစ်အခြေစိုက်စခန်းများမှတဆင့် ထိုင်ဝမ်သို့ မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်ပြီး ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်ခြေ ရှိသည်။ ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားရန် တရုတ်စစ်တပ်ကို သမ္မတရှီကျင့်ဖျင်က အမိန့်ပေးထားသည်။ ယင်းကြောင့် အဆိုပါ ဒရုန်းများကိုအသုံးပြု၍ ထိုင်ဝမ်ကို လပိုင်းအတွင်း တိုက်ခိုက်ရန် အလားအလာ မြင့်တက်လာကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။ ၁၉၅၀ ပြည့်နှစ်လွန်ကာလက ဆိုဗီယက်အကူအညီဖြင့် ထုတ်လုပ်ခဲ့သည့် J-6 ‘Farmer’ တိုက်လေယာဉ်များကို […]

စစ်ခေါင်းဆောင်၏ လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်ချုပ်အဖြစ်ခန့်

Dawei Watch

March 30, 2026

စစ်အာဏာရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို ယနေ့ မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် ပြောင်းလဲခန့်အပ်လိုက်ပြီဖြစ်ကြောင်း စစ်တပ်ပိုင်မြဝတီသတင်းဌာနက ဖော်ပြသည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံအဖြစ် လူသိများပြီး စစ်အာဏာရှင်တပ်တွင် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) စသည့် အကြီးပိုင်းနေရာများ ရခဲ့သူဖြစ်သည် ။ အာဏာသိမ်းဖြစ်စဥ်တစ်လျှောက်တွင်လည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် စစ်ကောင်စီတွဲဘက်အတွင်းရေးမှူး ၊ စစ်ကော်မရှင်အတွင်းရေးမှူး ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံး တွဲဖက်အမှုဆောင်ချုပ်စသည့် စစ်အုပ်စု၏ အရေးပါသည့်နေရာများရခဲ့သည်။ အသက်ခြောက်ဆယ်အရွယ်ရှိ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် OTS (Officer Training School) ဟု လူသိများသည့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ဗထူး အပတ်စဥ် ၇၇ ဆင်းဖြစ်ပြီး […]

လေညာ-ရတနာပုံလမ်းတွင် တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ဒေသခံသုံးဦးဒဏ်ရာရ

Dawei Watch

March 30, 2026

ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ‌ပြည်ကြီးမဏ္ဍိုင်မြို့ခံသုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းတွင် မတ်လပထမအပတ်ကစပြီး တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ မတ် ၂၉ ရက် နံနက် ၇ နာရီဝန်းကျင်တွင် လေညာရွာအခြေစိုက် စစ်အာဏာရှင်တပ်ရင်းမှပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးက ပြည်ကြီးမဏ္ဍိုင်မြို့ရှိ နေအိမ်တစ်ဆာင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ လေညာကျေးရွာနှင့် ပြည်ကြီးမဏ္ဍိုင်မြို့မှာ ၂ မိုင်ခန့်ကွာဝေးသည်။ “လက်နက်ကြီးကတော့ နေ့တိုင်းနီးပါးပစ်နေတာပဲ။ ဒီတစ်ကြိမ်ကတော့ ဘယ်လိုရမ်းသမ်းပြီး ပစ်လိုက်လဲမသိဘူး။ ကလေးလည်းထိတယ်။ သူ့အမေလည်း ထိတယ်။တခြား လူ‌တစ်ယောက်လည်းထိသွားတယ်”ဟု လေညာရွာနေ ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၄၀ ဝန်းကျင်အရွယ်မိခင်တို့ လက်၊ဦးခေါင်းနှင့် […]

အီရန်စစ်ပွဲထဲ ဟူသီလက်နက်ကိုင်အဖွဲ့ ပါဝင်လာ

Dawei Watch

March 29, 2026

ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့သည် အစ္စရေးကို မတ်လ ၂၈ ရက်တွင် တိုက်ခိုက်လိုက်ကာ အီရန်စစ်ပွဲထဲ ပါဝင်လာသည်။ ယင်းမှာ အမေရိကန်နှင့် အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာတွင် ဟူသီလက်နက်ကိုင်အဖွဲ့က အစ္စရေးကို ပထမဆုံးအကြိမ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုမှာ လျင်လျင်မြန်မြန် စစ်ရှိန်မြင့်တက်လာနေသည့် အီရန်စစ်ပွဲတွင် စစ်မျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ကြောင်း Al Jazeera သတင်းတွင် ဖော်ပြသည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် စနေနေ့တွင် အစ္စရေးကို ၂၄ နာရီအတွင်း ဒရုန်းနှင့် မစ်ဆိုင်းဒုံးများဖြင့် တိုက်ခိုက်မှုနှစ်ကြိမ် လုပ်ဆောင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။ သို့ရာတွင် ဟူသီလက်နက်ကိုင်အဖွဲ့အနေဖြင့် ပါလက်စတိုင်း၊ လက်ဘနွန်၊ အီရတ်နှင့် အီရန်ရှိ တော်လှန်ရေးတပ်ဦးများကို ထောက်ခံအားပေးသည့်အနေဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့က […]

ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နှင်းမှုဖြင့် နီပေါဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီး

Dawei Watch

March 28, 2026

နီပေါဝန်ကြီးချုပ်ဟောင်း ကေပီရှာမာအိုလီအား ယမန်နှစ် စက်တင်ဘာလက အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းရာတွင် ပါဝင်ပတ်သက်မှုဖြင့် ယနေ့ မတ်လ ၂၈ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ၎င်းနှင့်အတူ ပြည်ထဲရေးဝန်ကြီးဟောင်း ရာမက်ရှ်လက်ခပ်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလက အစိုးရဆန့်ကျင်ရေးလူထုအုံကြွမှုနောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲရလဒ်အရ တက်လာသည့် နီပေါဝန်ကြီးချုပ်သစ် ဘာလန်ဒရာရှာနှင့် ၎င်း၏ အစိုးရအဖွဲ့သည် မတ်လ ၂၇ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ယင်းနောက် တစ်ရက်အကြာတွင် ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ “သူတို့ကို ဒီမနက်မှာပဲ ဖမ်းဆီးလိုက်ပါပြီ။ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု နီပေါရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFPသတင်းဌာနသို့ ပြောသည်။ ယမန်နှစ် စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖြစ်ပွားခဲ့သော လူငယ်များ […]

အသက် ၁၆ နှစ်အောက်ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှု အင်ဒိုနီးရှား ပိတ်ပင်

Dawei Watch

March 28, 2026

အင်ဒိုနီးရှားနိုင်ငံတွင် အသက် ၁၆ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှု ပိတ်ပင်သည့် အစိုးရစည်းမျဉ်းသစ်ကို ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ ယင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် YouTube၊ TikTok၊ Facebook၊ Instagram၊ Threads၊ X၊ Bigo Live နှင့် Roblox တို့တွင် ကလေးသူငယ်များ အကောင့်ဖွင့်အသုံးပြုခြင်းကို ပိတ်ပင်သည့် အရှေ့တောင်အာရှ၏ ပထမဆုံးနိုင်ငံ ဖြစ်လာသည်။ ကလေးသူငယ်များ ညစ်ညမ်းစာပေရုပ်ရှင်၊ အွန်လိုင်းအနိုင်ကျင့်မှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဆိုရှယ်မီဒီယာစွဲလမ်းမှုကို ပိတ်ပင်တားဆီးကာကွယ်ရန် ရည်ရွယ်၍ ယခုစည်းမျဉ်းသစ်ကို အင်ဒိုနီးရှားနိုင်ငံတွင် ယခုလ အစောပိုင်းက အတည်ပြုခဲ့သည်။ ယမန်နှစ် ဒီဇင်ဘာလတွင် ဩစတြေးလျက အသက် ၁၆ နှစ်အောက် ကလေးငယ်များ ဆိုရှယ်မီဒီယာသုံးစွဲမှုကို ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ […]

တနင်္သာရီ တကူရွာအုပ်စုကို စစ်အာဏာရှင်တပ် ကာမီကာဇေဒရုန်းဖြင့် ထပ်မံတိုက်ခိုက်

Dawei Watch

March 27, 2026

စစ်အာဏာရှင်တပ်သည် ရွာမရွာကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်နေသည်မှာ ၇စီး အထိ ရှိလာပြီး တစ်ကြိမ်တိုက်ခိုက်လျှင် တစ်စီး သို့မဟုတ် နှစ်စီးဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများက ဆိုသည်။