ထားဝယ်တွင် ပရဟိတအဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး
Dawei Watch
November 29, 2025ထားဝယ်မြို့အခြေစိုက် ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင် လူငယ်အမျိုးသား တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အရေးပေါ်လူနာတင်ယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ ဖမ်းဆီးခံရသူသည် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် နေထိုင်သည့် အသက်၁၉ နှစ်အရွယ်ရှိ ကိုဘုန်းမြတ်ကိုကို ဖြစ်ကြောင်း ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ကိုဘုန်းမြတ်ကိုကိုသည် ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် အသင်းဖော်စေတနာ့ဝန်ထမ်းနှစ်ဦးနှင့်အတူ အမျိုးသမီး ရုပ်အလောင်းတစ်လောင်းကို အသင်းပိုင်လူနာတင်ယာဉ်ဖြင့် ကုတင် ၁၀၀ ဆေးရုံမှ ကံပေါက်ဒေသ၊ သဘွတ်ချောင်း ကျေးရွာသို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။ ထိုသို့သွားရောက်ပို့ဆောင်ပြီးနောက် ပြန်လာချိန် ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာနှင့် ညင်းထွေးကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အရေးပေါ် လူနာတင်ယာဉ်ကို တားဆီးပြီး ကိုဘုန်းမြတ်ကိုကိုအား ဖမ်းဆီးသွားကြောင်း […]


