BREAKING
November 5, 2025

သတင်း

တနင်္သာရီတွင် စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့်နှစ်ကြိမ်ဗုံးကြဲ၊ ဒေသခံနှစ်ဦးဒဏ်ရာရ

Dawei Watch

November 4, 2024

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံနှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၁၁နာရီမှ ၁၁နာရီခွဲအထိ ဘန်းပြည့်ရွာနှင့် ကိုးအင်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါတိုက်လေယာဉ်ဖြင့် ကိုးအင်းရွာကို ဗုံးလေးလုံးကြဲချခဲ့သလို ဘန်းပြည့်ရွာကို ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် ကိုးအင်းရွာသားတစ်ဦး၏ ခြောက်ထောက်နှင့် ဆယ်ကျော်သက် (၁၀နှစ်ကျော်) အရွယ် မိန်းကလေးတစ်ဦး ခြေမတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “ပထမ ဘန်းပြည့်မှာ ချတာ။ ပြီးတော့မှ ကိုးအင်း (ရွာ) မှာ ထပ်လာကြဲတာ။ ကိုးအင်းတံတားထိပ်နားက […]

၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ မနက်ဖြန် ကျင်းပမည်

Dawei Watch

November 4, 2024

၄၇ ယောက်မြောက် အမေရိကန်သမ္မတ မည်သူ ဖြစ်လာမည်ဆိုသည်ကို ဆုံးဖြတ်ပေးမည့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို မနက်ဖြန် စတင်တော့မည် ဖြစ်သည်။ ယခုနှစ် ရွေးကောက်ပွဲတွင် သမ္မတဟောင်းဖြစ်သူ ရီပတ်ဘလင်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟဲရစ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ကမ်မလာဟဲရစ်သာ အနိုင်ရခဲ့လျှင် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်လာမည် ဖြစ်သည်။ အမေရိကန်မဲဆန္ဒရှင်များသည် သမ္မတကို ရွေးချယ်ရုံသာမကဘဲ အောက်လွှတ်တော်နှင့် ဆီးနိတ်ကို ပေါင်းစပ်ထားသည့် ကွန်ဂရက်အဖွဲ့ဝင်များကိုပါ ပြည်နယ်အလိုက် မဲပေးရွေးချယ်ရမည် ဖြစ်သည်။ ရွေးကောက်ပွဲအနိုင်ရရှိသူသည် ၂၀၂၅ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး လေးနှစ်ကြာသမ္မတသက်တမ်းကို စတင်တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ယခုနှစ်တွင် မဲဆန္ဒရှင်တော်တော်များများက ကြိုတင်မဲစနစ် (သို့မဟုတ်) စာတိုက်မဲပေးစနစ်အရ ကြိုတင်မဲပေးခဲ့ကြပြီး ဖြစ်သည်။ သမ္မတလောင်းတဦးသည် တနိုင်ငံလုံးမှ […]

သရက်ချောင်းက ကျေးရွာအချို့တွင် ဖုန်းလိုင်းပြတ်နေသဖြင့် ဒေသခံများအခက်ကြုံ

Dawei Watch

November 4, 2024

သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့ တွင် ဖုန်းဆက်သွယ်ရေးလိုင်းပြတ်တောက်နေသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တီတွတ်ပြင်ရွာ၊ အိမ်ရှေ့ပြင်ရွာနှင့် ဆင်ကူးရွာတို့တွင် ဖုန်းလိုင်းပြတ်တောက်နေသည်မှာ ရက်ပေါင်း ငါးဆယ်နီးပါးရှိပြီ ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကျေးရွာများအနက် အိမ်ရှေ့ပြင်ရွာတွင် ဖုန်းတာဝါတိုင်ရှိသည့် စစ်ကောင်စီ၏ မိုင်တဲအော်ပရေတာတစ်ခုသာ သုံးစွဲရ အဆင်ပြေပြီး ကျန်ဆက်သွယ်ရေးအော်ပရေတာတို့မှာ လိုင်းမိမှုအားနည်းပြီး အသုံးပြုရ အဆင်မပြေကြောင်း ဒေသခံများက ဆိုသည်။ စက်တင်ဘာလ ၁၄ရက်နေ့၌ မိုင်တဲဖုန်းလိုင်း ဆက်သွယ်ရေးပြတ်တောက်သွားပြီး ယင်းသို့ ပြတ်တောက်နေချိန် စက်တင် ဘာလ ၁၆ ရက်တွင် အိမ်ရှေ့ပြင်ရွာရှိ မိုင်တဲတာဝါတိုင်ကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ခဲ့ကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၁၄ရက်တွင် မိုင်တဲ ဖုန်းလိုင်းပြတ်တောက်သွားသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေ။ ထို့နောက် […]

စစ်တပ်က ဖမ်းဆီး၍သတ်ထားသော လူငယ်အလောင်းကို ရော်ဘာခြံထဲတွင်တွေ့ရှိ

Dawei Watch

November 4, 2024

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်တိုးကာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့်လူငယ်ကို သရက်နှစ်ခွရွာရော်ဘာခြံတစ်ခုတွင် အလောင်းသာ ပြန်လည်တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၂၇ နှစ်အရွယ် ရန်တောင်ရွာသား ကိုထိုက်ဆိုသူမှာ အောက်တိုဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် သရက်နှစ်ခွရွာလမ်းမှ ဥတ္တူရွာကို ဆိုင်ကယ်ဖြင့်သွားစဉ် စစ်ကောင်စီတပ်နှင့်တိုးပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်။ နောက်တစ်နေ့ နံနက်တွင် သရက်နှစ်ခွရွာလယ်ကျောင်းက စစ်ကောင်စီတပ်များ ဂေါ်ပြား၊ ပေါက်တူးများယူပြီး ရွာအရှေ့ပိုင်းလမ်းကို ဝင်သွားကြောင်း၊ ဆိုင်ကယ်တစ်စီးကို တွန်းထုတ်ပြီး ပြန်ထွက်လာသည်ကို ဒေသခံများတွေ့ခဲ့ရသည်။ ယင်းကြောင့် ဖမ်းဆီးခံရသည့် ၂၈ ရက်နေ့မှာပင် သတ်ဖြတ်ခံခဲ့ရဖွယ်ရှိသည်ဟု ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်က သရက်နှစ်ခွရွာနှင့် မဲနယ်အိုးရွာထဲတွင် တပ်စွဲထားပြီး ဥတ္တူရွာကို စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများက ယင်းလူငယ်ကို လိုက်လံရှာဖွေနိုင်ခြင်းမရှိခဲ့ပေ။ စစ်ကောင်စီတပ်ပြန်ထွက်သွားပြီးနောက် […]

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)က လူထုနှင့်တွေ့ဆုံ

Dawei Watch

November 4, 2024

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ဒုတိယ အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ် ဦးဆောင်တက်ရောက်သည့် လူထုတွေ့ဆုံပွဲကို နိုဝင်ဘာလ ၂ ရက်နေ့က လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့သည်။ အဆိုပါလူထုတွေ့ဆုံပွဲတွင် မွန်လူထုနှင့် မွန်ဒေသများရှိ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်သည်ဟု NMSP- AD ထံမှ သိရသည်။ “အဖွဲ့အစည်းအသီးသီးနဲ့ အမြင်ဖလှယ်ဖို့ရယ်၊ မွန်ပြည်သစ်ပါတီ AD ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ရှင်းလင်းဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီတွေ့ဆုံပွဲကို လုပ်တာဖြစ်တယ်။ လွတ်မြောက်နယ်မြေတစ်နေရာမှာ လုပ်တာ” ဟု NMSP- AD တာဝန်ရှိသူတစ်ဦးက ပြောသည်။ တွေ့ဆုံပွဲတွင် NMSP AD ဘက်က ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ၊ စစ်ရေးလှုပ်ရှားမှုဆိုင်ရာ အခြေအနေများကို ရှင်းလင်းခဲ့ပြီး တက်ရောက်ခဲ့ကြသည့် […]

လောင်းလုံးမြို့အဝင် အုန်းသီးပုံဆိုင်းဘုတ်တွင် ပြည်သူ့အာဏာ အမှတ်တံဆိပ်သင်္ကေတများ ရေးဆွဲဆန္ဒပြ

Dawei Watch

November 4, 2024

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့အဝင် အုန်းသီးပုံဆိုင်းဘုတ်တွင် People Power ပြည်သူ့အာဏာ လက်သီးဆုပ် သင်္ကေတများကို ယနေ့ နိုဝင်ဘာလ ၄ ရက် နေ့လယ်က ရေးဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ စစ်အာဏာရှင်စနစ်လက်အာက်က လွတ်မြောက်ရေးအတွက် ပြည်သူလူထု ပိုင်ဆိုင်သည့် နိုင်ငံရေးအာဏာကို တည်ဆောက်ပြီး နိုင်ငံရေးအရ အန်တုဆန့်ကျင်ကြရန် အသိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ထားဝယ်ခရိုင် (DDMSC) ထံမှ သိရသည်။

ထိုင်းဘက်က အဝယ်လိုက်သဖြင့် ဂွေးခြောက်ဈေးကောင်းရနေ

Dawei Watch

November 4, 2024

ငါးပိလုပ်ရာတွင် အဓိကအသုံးပြုသည့် ဂွေး ‌ဟုခေါ်သည့် မျှင်‌ကောင်များကို အခြောက်လှန်းကာ ထိုင်းဘက်သို့ ရေကြောင်းဖြင့် တင်ပို့နေပြီးဈေးကောင်းရနေကြောင်း မြိတ်ကျွန်းစုရှိ ဒေသခံပင်လယ်ရေလုပ်သားများထံမှ သိရသည်။ ဂွေးခြောက် (အသန့်) ၃၀ ကီလိုဝန်းကျင်တစ်အိတ်လျှင် ကျပ်တစ်သိန်း‌ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုနှစ် မတ်လကမူ တစ်အိတ်လျှင် ကျပ်ငါးသောင်းဝန်းကျင်သာ ဈေးရှိခဲ့ကြောင်း သိရသည်။ “ထိုင်းဘက်က အဝယ်များလို့ ဈေးတက်လာတာပါ” ဟု ပြည်ကြီးမဏ္ဍိုင်မြို့ ၊ ရွှေဂဲညိုရွာတွင် ဂွေးခြောက်ရောင်းဝယ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ဂွေးခြောက်ကို ထိုင်းဘက်သို့ ရေကြောင်းမှ အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံတွင် ငါးပိ နှင့် ငံပြာရည် ပြုလုပ်ကြောင်း သိရသည်။ ဂွေးခြောက် ပြုလုပ်ရာတွင် ပင်လယ်ပြင်မှ ဖမ်းဆီးရရှိလာသည့် ဂွေးကောင်ငယ်များကို ဆားဖြင့်ရောနယ်ကာ နေ့ထက်ဝက်ခန့် နေလှန်းပြီး ရောင်းချလေ့ရှိကြောင်း […]

ကော့သောင်းမြို့တွင် ဆိုင်ကယ်လုယက်မှုများ ဆက်တိုက်ဖြစ်

Dawei Watch

November 4, 2024

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ငါးသုံးလုံးတောင်အနီးတွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်လုယက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ဆိုင်ကယ်စီး၍ သွားလာနေစဉ် ဓားဖြင့်ခြိမ်းခြောက်လုယက်ခဲ့သလို သမီးရည်းစားချိန်းတွေ့ နေချိန်တွင်လည်း လုယက်မှုများဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ အောက်တိုဘာလ ၁၈ ရက် ည ၉နာရီဝန်းကျင်တွင် ငါးသုံးလုံးတောင်အနီး သမီးရည်းစားချိန်းတွေ့နေချိန် လူငယ် အမျိုးသားသုံးဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဓားထောက်ခြိမ်းခြောက်ကာ Honda အမျိုးအစား ၂၀၂၄ မော်ဒယ် Wave110 အနီရောင်ဆိုင်ကယ်တစ်စီးအပြင် ဖုန်းနှင့် ပိုက်ဆံအိတ်ပါ လုယူသွားကြောင်း အလုခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အသက်အန္တရယ် မဆုံးရှုံးအောင်ပေးခဲ့တာပေါ့။ လူတော့မထိခိုက်ဘူးဗျာ။ လုယက်သူတွေကလည်း ကောင်းကောင်း သိတယ်လေ။ ပြန်မခုခံဘူးဆိုရင် ရန်မပြုဘူးဗျ။ကျွန်တော်တို့ဒေသမှာ ဒီလိုခဏခဏဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။ အောက်တိုဘာလ ၃၁ ရက် […]