တနင်္သာရီ၊ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်
Dawei Watch
November 14, 2024သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးပေးရန် ရောက်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် နိုဝင်ဘာလ ၁၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံကသိရသည် ။ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လယ်တောင်ယာရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လယ်တောင်ယာရွာသည် တနင်္သာရီနှင့် ဘုတ်ပြင်းအကြားရှိ ပြည်ထောင်စုကားလမ်းမပေါ်၌ တည်ရှိသည့် ကျေးရွာဖြစ်သည်။ ယင်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း၌ အရပ်သားတစ်ဦး ဦးခေါင်းတွင်ကျည်ထိမှန် ဒဏ်ရာရသည်ဟု ဒေသခံများကပြောသည် ။ “တိုက်ပွဲဖြစ်တာက ရုတ်တရက်ဆိုတော့ အိမ်မှာရှိနေတုန်း ဦးတင်ယု ခေါင်းမှာ ကျည်ရှပ်ထိသွားတယ်။ တနင်္သာရီဆေးရုံကို ပို့ပြီး သက်သာလို့ (အခု)အိမ်ပြန်ရောက်နေပြီ” ဟု ကျည်ထိမှန်သည့် ရွာသားနှင့်နီးစပ်သူတစ်ဦးက ယနေ့ (နိုဝင်ဘာ ၁၄) နံနက်တွင် ပြောသည် ။ နိုဝင်ဘာလ […]


