ထားဝယ်တွင် သက်ကြီးပိုင်း အမျိုးသားနှစ်ဦး ထပ်အဖမ်းခံရ
Dawei Watch
November 21, 2024ထားဝယ်မြို့တွင် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ၎င်းတို့၏မိသားစုနှင့် နီးစပ်သူများထံကသိရသည်။ နိုဝင်ဘာလ ၁၇ ရက်ညပိုင်းတွင် ထားဝယ်မြို့ ၊ ဝဲကျွန်းညောင်ရမ်း ရပ်ကွက်ရှိ ဇောတိကာရုံစာသင်တိုက် ဘုန်းကြီးကျောင်းတွင် အသက် ၆၅ နှစ်အရွယ် ဦးအင်စွမ်ကို အရပ်ဝတ်လက်နက်ကိုင်အချို့နှင့် စစ်ကောင်စီတပ်သားအချို့က လာရောက်ဖမ်းဆီးသွားကြောင်း နီးစပ်သူတစ်ဦးကပြောသည် ။ ဦးအင်စွမ်သည် သရက်ချောင်းမြို့နယ်၊ ကနက်သီရီရွာသားဖြစ်ပြီး NLD ပါတီဝင်တစ်ဦးဖြစ်ကာ အာဏာမသိမ်းမမီကတည်းက ပါတီအလုပ်များ ဆက်မလုပ်ဘဲ ရပ်နားထားသူဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ “ရွာမှာ လေယာဥ်နဲ့ဗုံးကြဲပြီးကတည်းက သူများတွေလိုပဲ ဦးအင်စွမ်တို့လင်မယားက မြို့ပေါ်မှာ အခန်းငှားပြီးလာနေတယ်။ သူ့မိန်းမဆုံးသွားတော့ ငှားထားတဲ့အခန်းမှာ စျာပန လုပ်လို့လည်းမရတော့ ရွာနဲ့အဆက်အစပ်ရှိတဲ့ ဘုန်းကြီးကျောင်းမှာ စျာပနလာလုပ်တယ် ။ အသုဘချပြီးတဲ့ […]


