ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်မှုထမ်းစုဆောင်းခံရသည့် တပ်သားကိုးဦး ထားဝယ်ရှိ တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်း

Dawei Watch

December 5, 2025

ထားဝယ်ခရိုင်ရှိ တော်လှန်ရေးအင်အားစုများထံ ပြီးခဲ့သည့် နိုဝင်ဘာလက စစ်အာဏာရှင်တပ်သားကိုးဦး ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ နိုဝင်ဘာလ ၅ ရက်က ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၆ နှင့် ၄၀၉ စစ်အာဏာရှင် ခြေမြန်တပ်ရင်းတို့​တွင် တာဝန်ကျနေသည့် တပ်သားလေးဦးသည် လောင်းလုံးမြို့နယ်ရှိ သံမဏိလိပ်ပြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းလာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ အထက်ပါ တပ်သားလေးဦးသည် အဓမ္မစစ်မှုထမ်းစုဆောင်းခံရပြီး စစ်မှုထမ်းအပတ်စဥ် ၁၁ သင်တန်းတွင် တက်ရောက်ခဲ့ရသူများဖြစ်ကြောင်း သံမဏိလိပ်ပြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် ၎င်းတို့လေးဦး၏ ဆန္ဒအရ ဘေးကင်းသည့်နေရာများသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ရန်ကင်းရွာတံတားဂိတ်၌ ကင်းတာဝန်ကျနေသည့် စစ်မှုထမ်း သင်တန်းဆင်းငါးဦးသည်လည်း နိုဝင်ဘာလ ၂၇ရက်က သေနတ်သုံးလက်၊ ကျည်ဘောက် ၁၇ ခု၊ […]

ဘန်ကောက်တွင် မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီ ဘတ်ခြောက်သန်းကံထူး

Dawei Watch

December 5, 2025

aထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခယ်နယ်မြေက မြန်မာအလုပ်သမား ဇနီးမောင်နှံသည် ဒီဇင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ခြောက်သန်း ထီပေါက်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားသည် ထိုင်းထီ ပထမဆု ၄၆၁၂၅၂ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့သဖြင့် ဘတ် ခြောက်သန်း ထီပေါက်ခဲ့ခြင်း ဖြစ်သည်။ ထီပေါက်သော မြန်မာဇနီးမောင်နှံသည် ဆုငွေများကို ထုတ်ယူပေးရန် အကူအညီတောင်းခဲ့သဖြင့် ဒီဇင်ဘာလ ၄ ရက်တွင် ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။ “ဒီတစ်ခေါက်တော့ မြန်မာတွေ တော်တော်ကံထူးပါတယ်။ နှစ်စောင်တွဲတစ်ကြိမ် တစ်စောင်တစ်ကြိမ်ပေါက်တာ။ အကိုတို့က တစ်စောင်ကို ထုတ်ပေးခဲ့တာပါ” ဟု ၎င်းက ဆိုသည်။ […]

ရေဖြူ ဇာဒီရွာတွင် ပစ်ခတ်မှုဖြစ်ပြီး နေအိမ်တစ်လုံးမီးလောင်

Dawei Watch

December 5, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီရွာသို့ ရောက်ရှိနေသော စစ်အာဏာရှင်တပ်သားများကို ယမန့်နေ့ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် ဇာဒီချောင်းဝရှိ စစ်အာဏာရှင်တပ်၏ ရေတပ်စစ်သင်္ဘောက လက်နက်ကြီးဖြင့် ဇာဒီရွာအတွင်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ ပစ်ခတ်ပြီးနောက် ဇာဒီရွာ ရွာမဘက်ခြမ်းမှ မီးခိုးလုံးများ တက်လာသည်ကို မြင်တွေ့ရကြောင်း တိမ်းရှောင် နေရသည့် ဒေသခံများက ဆိုသည်။ “ပစ်ကြခတ်ကြပြီးတာနဲ့ မီးခိုလုံးတက်လာတာပဲ။ ဒီမနက် (ဒီဇင်ဘာလ ၅ ရက်) အတည်ပြုရတာကတော့ ရွာမရပ်ကွက်က အိမ်တစ်လုံးမီးလောင်တယ်။ ရှို့ခံရတာလား၊ ဒရုန်းကြောင့်လား၊ လက်နက်ကြီးကြောင့်လား ပြောမရဘူး။ ရွာထဲကို အရမ်းဝင်ကြည့်လို့ မရသေးဘူး။ စစ်သားတွေရှိသေးတယ်” […]

ထားဝယ်ခရိုင်တွင် စပါးရာသီပေါ်စျေး တစ်တင်း ကျပ်ရှစ်ထောင်ကျော်သာ ရရှိ

Dawei Watch

December 5, 2025

ထားဝယ်ခရိုင်တွင် ရာသီပေါ်စ ဆန်ကြမ်း စပါးဈေးမှာ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော်သာ ရရှိသဖြင့် ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် စျေးကျဆင်းနေကြောင်း‌ လယ်သမားအချို့က ပြောသည်။ စပါးရိတ်သိမ်းပြီးစ နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလသည် စပါးပေါ်စ ရာသီဖြစ်ပြီး ဇီယာဆန်ကြမ်းစပါးနှင့် ဧည့်မထဆန်ကြမ်းစပါးဈေးသည် ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်နီးပါး လျော့ကျနေသည်။ ပြီးခဲ့သည့်နှစ်က ဆန်ကြမ်းစပါးတစ်တင်းသည် ရာသီပေါ်စတွင် ၁၅၀၀၀ ကျပ်ရရှိခဲ့ပြီး နောက်ပိုင်းတွင် တစ်တင်းကို ၁၈၀၀၀ ကျပ်အထိဖြစ်ခဲ့သည်ဟု လယ်သမားအချို့က ပြောသည်။ ယခုနှစ်ရာသီပေါ်စတွင် ဆန်ကြမ်းစပါးဈေးမှာ တစ်တင်းကို ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်သာရှိသည်ဟု ထားဝယ်နှင့် သရက်ချောင်းမြို့နယ်က လယ်သမားအချို့က ပြောသည်။ “ရန်ကုန်ဆန်တွေ တိုင်းထဲကို ဝင်ရပြီး ထားဝယ်က ဆန်က ရန်ကုန်ပို့မရဘူးဖြစ်နေတယ်။ ဆန်စပါးကုန်သည်များအသင်းက ပြောတာတော့ သူတို့လည်း တိုင်းအစိုးရ(စစ်ကော်မရှင်)ကို […]

ထားဝယ်မြို့ မှ မြင်တွေ့ရသည့် နတ်တော်လပြည့်ည၏ စူပါမွန်းဖြစ်စဉ်

Dawei Watch

December 4, 2025

ကမ္ဘာနှင့် ပိုမိုနီးကပ်လာသည့် လ ကို ဒီဇင်ဘာလ ၄ ရက်နေ့နှင် ၅ ရက်နေ့တို့တွင် တွေ့မြင်ရမည်ဖြစ်ရာ ထားဝယ်မြို့ ၊ လောကမာရဇိန်ဘုရားကြီး ဝင်းအတွင်းမှ ယနေ့ နတ်တော်လပြည့်နေ့ ညဦးပိုင်း၌ တွေ့ရသည့် စူပါမွန်း၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ ပုံမှန်ထက် အလွန်ကြီးမားစွာမြင်တွေ့ရမည့် စူပါမွန်းဖြစ်စဉ်ကို ယနေ့နှင့် ဒီဇင်ဘာလ ၅ ရက်ညတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက မြင်တွေ့ရမည်ဖြစ်ကြောင်း နက္ခတ်တာရာ လေ့လာသူများကဆိုသည် ။ ပြီးခဲ့သည့် အောက်တိုဘာလက ယခု ၂၀၂၅ ခုနှစ်၏ ပထမဆုံးအကြိမ် စူပါမွန်းဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလ၌ ဒုတိယမြောက် စူပါမွန်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။ စူပါမွန်း ဖြစ်စဉ် ဆိုသည်မှာ လသည် ကမ္ဘာနှင့် ပိုမိုနီးကပ်သည့် “ပယ်ရီဂျီး (Perigee)” ဟုခေါ်သော အနီးဆုံးအမှတ်ကို […]

မြိတ်ကမ်းနားတွင် အဆုံးစီရင်ရန် ကြိုးစားသည့် အမျိုးသမီးကို ကယ်တင်နိုင်ခဲ့

Dawei Watch

December 4, 2025

မြိတ်မြို့၊ ကမ်းနားလမ်း ၊ သဲကွင်းအနီးရှိ ပင်လယ်ရေထဲတွင် ကိုယ့်ကိုယ်ကို အဆုံးစီရန် ကြိုးစားခဲ့သည့် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ပြန်ကယ်တင်နိုင်ခဲ့ကြောင်း မြို့ခံများနှင့် ကူညီဆောင်ရွက်ပေးခဲ့သည့် အဖွဲ့အစည်းများထံမှသိရသည်။ ယနေ့ ဒီဇင်ဘာလ ၄ ရက် ညနေပိုင်း ၎င်းအမျိုးသမီးမှာ ရေထဲခုန်ချ၍သတ်သေရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းဝင်များက လှေဖြင့် သွားရောက်ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြိတ်အခြေစိုက် ရှင်သန်ခြင်း ပရဟိတ အသင်း၏ ကားဖြင့် မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့များထံမှသိရသည်။ ရှင်သန်ခြင်းပရဟိတ အဖွဲ့၏ တာဝန်ရှိသူ အား ဆက်သွယ်မေးမြန်းရာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ကနဦးသိရပြီး အသေးစိတ်မသိရသေးကြောင်းဖြေကြားသည်။ အဆိုပါအမျိုးသမီးသည် ရေထဲမဆင်းမီ ကမ်းနားသဲကွင်း ကန်ဘောင်ပေါ်တွင် ဖိနပ်တစ်ရံနှင့် ပိုက်ဆံအိတ်ကို ချန်ထားရစ်ခဲ့ကြောင်း ဖြစ်စဥ်အား မှတ်တမ်းတင်ထားသည့်ဓာတ်ပုံများ၌တွေ့ရသည်။ ယင်းဖြစ်စဥ်အား ရပ်ကွက်နေသူများ၊ […]

မြိတ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး ဆိုင်ကယ်လုယူခံရပြီး သတ်ဖြတ်ခံရ

Dawei Watch

December 4, 2025

မြိတ်မြို့တွင် ဆိုင်ကယ် ကယ်ရီမောင်းသည့် အမျိုးသားတစ်ဦးသည် ခရီးသည်တစ်ဦးကို ပို့ဆောင်စဉ် ဆိုင်ကယ်လုယက် သတ်ဖြတ်ခံရကြောင်း သေဆုံး၏ မိသားစုဝင်များထံမှ သိရသည်။ သေဆုံးသူမှာ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ သဲချောင်းကြီးကျေးရွာတွင်နေထိုင်သည့် အသက် ၆၅နှစ်အရွယ် ဦးကြူရှင် ဖြစ်ကြောင်း ၎င်း၏ သားဖြစ်သူက ပြောသည်။ ဦးကြူရှင်သည် ဒီဇင်ဘာလ ၂ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ကျွဲကူးကျေးရွာသို့ သွားလိုသည့် အမျိုးသားတစ်ဦးအား ဆိုင်ကယ်ဖြင့် လိုက်ပို့ရာမှ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။ မိသာစုဝင်များက လိုက်လံစုံစမ်းရှာဖွေရာ ဒီဇင်ဘာလ ၃ရက် နံနက်ပိုင်းတွင် ဦးကြူရှင်၏ ရုပ်အလောင်းကို မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု၊ သမဲကျေးရွာ ရော်ဘာတောထဲတွင် တွေ့ရှိကြောင်း သားဖြစ်သူက ပြောဆိုသည်။ “အဖေက နေ့တိုင်း ညနေ ၃နာရီလောက်ဆိုရင် […]

ကန့်ကွက်မှုများကြောင့် ဖုန်းများတွင် ခြေရာခံဆော့ဖ်ဝဲလ် ထည့်ရမည့်အမိန့် အိန္ဒိယအစိုးရ ပယ်ဖျက်လိုက်ရ

Dawei Watch

December 4, 2025

အစိုးရထိန်းချုပ်ထားသည့် ဆိုက်ဘာလုံခြုံရေးအက်ပလီကေးရှင်းတစ်ခုကို စမတ်ဖုန်းများတွင် ကြိုတင်ထည့်သွင်းရန် အမိန့်ကို အိန္ဒိယအစိုးရက ဒီဇင်ဘာလ ၃ ရက်နေ့က ပြန်လည်ပယ်ဖျက်လိုက်သည်။ အဆိုပါ အမိန့်နှင့် ပတ်သက်၍ ဝန်ကြီးချုပ်မိုဒီ၏ အတိုက်အခံများနှင့် ပုဂ္ဂလိကအချက်အလက် လုံခြုံရေးတက်ကြွလှုပ်ရှားသူများက အကြီးအကျယ်ကန့်ကွက်မှု ပေါ်ထွက်လာပြီးနောက်တွင် ယင်းသို့ ပြန်လည်ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ “မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ အဲဒီ အက်ပလီကေးရှင်း ကြိုတင်ထည့်သွင်းမှုကို မဖြစ်မနေ လုပ်ဆောင်ဖို့ မလိုအပ်တဲ့အကြောင်း အစိုးရက ဆုံးဖြတ်လိုက်ပါပြီ” ဟု အိန္ဒိယဗဟိုအစိုးရ ၊ ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ဖုန်းအသစ်များတွင် ‘ဆက်သွယ်ရေးမိတ်ဆွေ’ ဟု အဓိပ္ပါယ်ရသည့် ‘Sanchar Saathi’ ခေါ် ခြေရာခံနိုင်သည့် ဆော့ဖ်ဝဲလ်ကို ရက် ၉၀ အတွင်း ကြိုတင်ထည့်သွင်းထားကြရန် Apple, Samsung, Xiaomi အပါအဝင် စမတ်ဖုန်းကုမ္ပဏီများအား […]