ICJ အခြေစိုက်ရာ သည်ဟိဂ်မြို့တွင် ဂါဇာအရေး လူသိန်းချီ ဆန္ဒပြ
Dawei Watch
June 16, 2025အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အခြေစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဂိဟ်မြို့လယ်တွင် တနင်္ဂနွေနေ့က သိန်းနှင့်ချီသည့် ဆန္ဒပြသူများက အနီရောင်အင်္ကျီများ ဝတ်ဆင်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။ ဂါဇာတွင် အစ္စရေး၏ ဖိနှိပ်သတ်ဖြတ်မှုများကို ဆန့်ကျင်ကြောင်း ပြသရန်၊ အစ္စရေးနှင့် ပတ်သက်၍ နယ်သာလန်အစိုးရက ပိုတင်းမာပြတ်သားစွာ အရေးယူဆောင်ရွက်မှုရှိရေး တောင်းဆိုရန် ယင်းသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဂါဇာတွင် စစ်ဆင်ရေးလုပ်ဆောင်နေသည့် အစ္စရေးအနေဖြင့် မျဉ်းနီကို မကျော်ရန် လုပ်ဆောင်ဖို့ နယ်သာလန်အစိုးရ၏ ပျက်ကွက်မှုကို သင်္ကေတပြုရန် အနီရောင်အင်္ကျီဖြင့် ယင်းသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ “Red Line” ဆန္ဒပြပွဲဟု အမည်တပ်ထားသည့် တနင်္ဂနွေနေ့က ဆန္ဒပြပွဲသည် မေလတုန်းက အလားတူ ဆန္ဒပြပွဲထက် ပါဝင်ပူးပေါင်းသူဦးရေ ပိုမိုများပြားကြောင်း သိရသည်။ တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက သည်ဟိဂ်မြို့လယ်ခေါင်တွင် ၃ […]


