BREAKING
November 7, 2025

သတင်း

ထိုင်းတောင်ပိုင်း စူရတ်ဌာနီတွင် လောင်းလုံးဒေသခံတစ်ဦး ရေစီးဖြင့် မျောပါသေဆုံး

Dawei Watch

December 17, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ထချန်းဒေသရှိ သစ်စက်တွင် လုပ်ကိုင်နေသော လောင်းလုံးဒေသခံတစ်ဦးသည် ရေကြီးနေစဉ် ရေစီးဖြင့် မျောပါသေဆုံးကြောင်း နီးစပ်သူများထံမှ သိရသည်။ သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ် ကိုစည်သူဝင်းဖြစ်ပြီး လောင်းလုံးမြို့နယ် တောင်မင်းပြောင်ကျေးရွာ ဇာတိဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ကြက်သွားဖမ်းပြီး ပြန်လာစဉ် လမ်းတွင် ရေကြီးနေပြီး အဆိုပါလမ်းကို ဖြတ်ကူးစဉ် မျောပါသွားခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ အတူလိုက်ပါလာသော သူငယ်ချင်းဖြစ်သူက လိုက်ဆယ်သော်လည်း ရေစီး အရှိန်ပြင်းနေသဖြင့် ဆယ်ယူ၍ မရနိုင်ခဲ့သဖြင့် သစ်စက်သို့ ပြန်လာ၍ သက်ဆိုင်ရာအဖွဲ့များကို အကူအညီတောင်းခံကြောင်း ၎င်းက ပြောဆိုသည်။ ထိုင်းကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေခဲ့သော်လည်း အချိန်မီ မတွေ့ရှိခဲ့ဘဲ တစ်ရက်အကြာ […]

ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်

Dawei Watch

December 17, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ယနေ့(ဒီဇင်ဘာ ၁၇) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်ကစပြီး မော့ကနင်ရွာအနီး ကွမ်ကျိုက်ကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နံနက် ၈ နာရီကျော်ခန့်မှသာ သေနတ်သံတိတ်သွားကြောင်း ဒေသခံတို့က ပြောသည်။ မော့ကနင်ဒေသခံတစ်ဦးက “တိုက်ပွဲက ပြင်းထန်တယ်။ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ပဲ။ သေနတ်သံတွေ စကြားတာက မနက် ၅ လောက်ကတည်းက ၈ နာရီကျော်ကျော်လောက်မှာမှ သေနတ်သံ တိတ်သွားတာ” ဟု ပြောသည်။ တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်လမ်းပိုင်း ကားပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းခန့်တွင် အနည်းငယ် အသွားအလာပြန်ရှိကြောင်း စစ်ကောင်စီတပ်ဘက်ကလည်း လမ်းတစ်လျှောက် စစ်ဆေးမှု တင်းကြပ်ထားကြောင်းလည်း ၎င်းကဆိုသည်။ “တိုက်ပွဲဖြစ်နေတော့ ကားတွေလည်း […]

သက်တမ်းတိုးစရိတ်များနေ၍ မြန်မာလုပ်သား ၁၂၀၀ ကျော် စက်ရုံကို ဆန္ဒပြ၊ ဘတ် ၇၅၀၀ နှုန်းဖြင့်ပြေလည်

Dawei Watch

December 17, 2024

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်ရှိ ကားတာယာစက်ရုံက မြန်မာအလုပ်သမား ၁၂၀၀ ကျော်သည် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုး ကုန်ကျစရိတ် မြင့်မားနေ၍ လျှော့ချပေးရန် ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စုပေါင်းတောင်းဆိုခဲ့ရာ ဘတ် ၇၅၀၀ ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း ဦးဆောင်တောင်းဆိုသော အလုပ်သမားများ ထံမှသိရသည်။ လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းကုန်မည်ဖြစ်၍ DEESTONE ကားတာယာစက်ရုံရှိ အလုပ်သမားများအားလုံး သက်တမ်းတိုးရန် စက်ရုံဘက်က တစ်ဦးလျှင် ဘတ် ၁၂၀၀၀ အထိ ကနဦးကောက်ခံနေကြောင်း အလုပ်သမားများထံမှ သိရသည်။ ယင်းကဲ့သို့ သက်တမ်းတိုးစရိတ် များပြားနေသည့်အပေါ် ဈေးနှုန်း မှန်မှန်ကန်ကန်ဖြင့် လျှော့ချပြီး လုပ်ဆောင်ပေးရန် မြန်မာအလုပ်သမားများက တောင်းဆိုသော်လည်း […]

ချွန်ဘူရီက မြန်မာဇနီးမောင်နှံနှစ်ဦး ထိုင်းထီ ဘတ် ၁၂ သန်း ပေါက်

Dawei Watch

December 17, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ကွန်ပြူတာပစ္စည်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆု ဘတ် ၆ သန်း နှစ်စောင်တွဲကို ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ထီပေါက်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၀၉၇၈၆၃ တွင် ခြောက်လုံးတိုက် ပထမဆုကို နှစ်စောင်တွဲကံထူးခဲ့ခြင်းဖြစ်သည်။ ဇနီးမောင်နှံသည် ချွန်ဘူရီခရိုင်ရှိ ဝပ်ဖရောင်းဘုန်းကြီးကျောင်းတွင် ရောင်းချသော ထီကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။ ဇနီးမောင်နှံနှစ်ဦးသည် ထီပေါက်သည်ကို သိရှိပြီးနောက် ဆုငွေထုတ်ယူရန် MHAC မဟာမိတ်အဖွဲ့ကို ကူညီတောင်းခံခဲ့သဖြင့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဆုငွေအပြီးထုတ်ယူပေးခဲ့ပြီး ထီပေါက်သူထံ […]

ထားဝယ်တွင် မသန်စွမ်းတစ်ဦး နှစ်လကြာပျောက်နေပြီး အဆက်အသွယ်မရ

Dawei Watch

December 17, 2024

ထားဝယ်မြို့ ၊ ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်တွင် အောက်တိုဘာလ ၁၈ ရက်နေ့က ပျောက်သွားသော မသန်စွမ်းတစ်ဦးကို ယနေ့ ဒီဇင်ဘာလ ၁၇ ရက်အထိ ပြန်ရှာမတွေ့သေးကြောင်း မိသားစုထံကသိရသည်။ ကိုစိုးမင်းပိုင်သည် မွေးရာပါစကားမပြောနိုင်သည့်အပြင် စိတ်ကျန်းမာရေးချို့ယွင်းသူ ဖြစ်သဖြင့် အများနည်းတူ အကူအညီတောင်းခံ၍ နေရပ်ပြန်တတ်သူမဟုတ်သဖြင့် အခုလိုအကြာကြီး အဆက်အသွယ်မရသည့်အပေါ် ပို၍စိုးရိမ်နေကြောင်း ၎င်း၏မိခင်က ပြောသည် ။ “တချို့ကလည်း မြိတ်ဘက်မှာ မြင်တယ်။ အတိအကျလည်းမပြောတော့ လိုက်မရဖြစ်နေတယ် ။ အဲဒါကြောင့် ဓာတ်ပုံကို မြင်တဲ့တွေ့တဲ့သူတွေကို ဆက်သွယ် ကူညီပေးကြပါ။ လာပို့ရင်လည်း စရိတ်တွေတာဝန်ယူပါမယ်။ လာခေါ်ရမယ်ဆိုလည်း လာခေါ်ပါမယ် “ ဟု ကိုစိုးမင်းပိုင် ၏ မိခင်က ပြောသည် ။ ကိုစိုးမင်းပိုင် အား တွေ့ရှိပါက အမှတ် ၁၆၀ […]

အယုံအကြည်မရှိအ‌ဆို မဲခွဲဆုံးဖြတ်ရာ ဂျာမန်အဓိပတိ ရှုံးနိမ့်

Dawei Watch

December 17, 2024

ဂျာမန်အဓိပတိအိုလားဖ်ရွှတ်ဇ်သည် တနင်္လာနေ့က ပါလီမန်၌ ၎င်းအပေါ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သွားခဲ့သည်။ ယင်းမဲခွဲမှုရလဒ်ကြောင့် သမ္မတဖရန့်ဗော်လ်တာစတိုင်းမယာက ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို မူလစီစဉ်ထားသည်ထက် ၇ လပိုစောစွာ ပြုလုပ်သွားတော့မည် ဖြစ်သည်။ နိုဝင်ဘာလဆန်းတွင် အဓိပတိအိုလားဖ်ရွှတ်ဇ်၏ သုံးပါတီညွန့်ပေါင်းအစိုးရ ပြိုကွဲသွားကာ နိုင်ငံရေးအကျပ်အတည်းနှင့် ဆက်တိုက်ကြုံလာရပြီးနောက် တနင်္လာနေ့က မဲခွဲဆုံးဖြတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရပြီး အင်အားကောင်းသည့် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် အိုလားဖ်ရွှတ်ဘက်က မျှော်လင့်နေသည်။ Ref: Al Jazeera

ရေဖြူမြို့နယ်ရှိ ရော်ဘာခြံတစ်ခြံတွင် မိုင်းကွဲ၍ အမျိုးသားတစ်ဦး ဒဏ်ရာရ

Dawei Watch

December 17, 2024

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ပယရွာနှင့် ဇာဒီကျေးရွာအုပ်စု အကြားရှိ ရော်ဘာခြံတစ်ခြံတွင် ဒီဇင်ဘာလ ၁၄ ရက်က မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ကြောင်း ရွာသားများထံကသိရသည် ။ အဆိုပါပေါက်ကွဲမှုကြောင့် ဥယျာဥ်ခြံအတွင်းသွားလာနေသည့် အသက် ၇၀ ဝန်းကျင် အမျိုးသားတစ်ဦး ၏ ပေါင်တွင် ဒဏ်ရာရခဲ့သည်ဟု ၎င်းတို့ကဆိုသည် ။ “မိုင်းကွဲတာနဲ့ လူနဲ့လှမ်းတော့ အစစင်သလိုပဲ ထိသွားတယ်။ ပေါင်မှာ အသားကိုပဲထိတာ အရိုးနဲ့အကြောတွေကိုမထိဘူး ။ ရွာမှာပဲ ဆေးကုနေတယ်” ဟု ဖြစ်စဥ်အားသိရှိသည့် ရွာသားတစ်ဦးက ပြောပြသည် ။ ပေါက်ကွဲသည့် မိုင်းပုံစံမှာ ကားလမ်းမ နံဘေးနှင့် ရော်ဘာခြံအစပ်တွင် ကြိုးဖြင့် ထောင်ထားသည့် မိုင်းပုံစံဖြစ်ပြီး မိုင်းပေါက်ကွဲသည့် နေရာအနီးတွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဘက်စလုံးသွားလာ လှုပ်ရှားနေကြသဖြင့် မည်သည့်ဘက်ကထောင်သည့် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 17, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။