BREAKING
November 7, 2025

သတင်း

ထိုင်း-မြန်မာနယ်စပ် ရနောင်းတွင် ရေနဂါးဈေးကျ

Dawei Watch

December 19, 2024

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ရနောင်းဈေးကွက်တွင် ရေနဂါးဈေးနှုန်းကျဆင်းနေကြောင်း ရေလုပ်သားအချို့ထံမှ သိရသည်။ ရနောင်းမြို့တွင် ရေနဂါးဝယ်သည့် ငါးဒိုင် ငါးခုထက်မနည်းရှိပြီး ပြီးခဲ့သည့် လပိုင်းက စတင်ကာ ဈေးကျလာခြင်းဖြစ်ကြောင်း ကိုယ်တိုင်သွားရောင်းသည့် ရေလုပ်သားတစ်ဦးက ပြောသည်။ ယခင်က သုံးလက်မခန့်ရှည်သည့် ရေနဂါးတစ်ကီလျှင် ဘတ်ခြောက်ထောင်ခန့်ဈေးရှိပြီး လက်ရှိအချိန်တွင် ဘတ်လေးထောင်ခန့်သာ ပေးတော့ကြောင်း ၎င်းက ဆိုသည်။ “ဈေးက ကျနေတယ်။ မဝယ်တဲ့သူ (ဒိုင်) များတယ်။ (ထိုင်းကနေ) တရုတ်ကို တင်ပို့တဲ့ လမ်းကြောင်း မကောင်းတော့လို့ ဈေးကျသွားတယ်လို့ ပြောတယ်” ဟု အဆိုပါ ရေလုပ်သားက ပြောဆိုသည်။ ယခင်နှုန်းထားအရ ငါးလက်မအရှည်ရှိ ရေနဂါးတစ်ကီလိုလျှင် ဘတ်တစ်သောင်းဝန်းကျင်၊ ၁၀ လက်မခန့်ရှည်သည့် ရေနဂါးတစ်ကီလိုလျှင် ဘတ်သုံးသောင်းခွဲနှင့် ၁၂ လက်မကျော်ပါက တစ်ကောင်လျှင် ဘတ်တစ်ထောင်ကျော် ပေါက်ဈေးရှိကြောင်း ဝါရင့်ရေလုပ်သားအချို့ထံမှ […]

ကံပေါက်တိုက်နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ ဆက်သွယ်ရေးနှင့် လမ်းပိုင်း ဖြတ်တောက်ခံထားရ

Dawei Watch

December 19, 2024

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီကျေးရွာအုပ်စုရှိ ခွေးမဖောရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း တိမ်းရှောင်နေသည့် ဒေသခံများထံမှသိရသည်။ ခွေးမဖောရွာအနီးရှိ ပယရွာတွင် ဒီဇင်ဘာလ ၁၈ရက်တွင် စစ်ကောင်စီတပ်ကားငါးစီးရောက်ရှိကာ တောနင်းရှာဖွေနေပြီး ယနေ့နံနက်တွင် စစ်ကားသုံးစီး ထပ်မံရောက်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည် ။ “ခွေးမဖောမှာ တိုက်ပွဲကျ (တိုက်ပွဲဖြစ်) နေတာ ၁၁ နာရီလောက်မှ လက်နက်ကြီးအသံစဲတယ်။ ရွာသားတွေကတော့ ဘေးလွတ်ရာ ပြေးပုန်းနေရတယ်” ဟု ၎င်းက ဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းတွင် ကံပေါက် ရေကန်တောင်ပေါ်ရှိ မိုက်ခရိုဝေ့တာဝါတိုင်စခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရသည် […]

သံစက်ရုံတွင် သက်တမ်းတိုးခ လျှော့ပေးရန် တောင်းဆိုသော မြန်မာလုပ်သားများကို ဖမ်းဆီး

Dawei Watch

December 19, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင် အုန်းနွဲ့၊ အုန်းယိုင်ဒေသရှိ သံစက်ရုံတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးကုန်ကျစရိတ်များနေ၍ လျှော့ချပေးရန် တောင်းဆိုနေသည့် မြန်မာအလုပ်သမားများကို ထိုင်းရဲက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ မြန်မာအလုပ်သမားလေးဦး ဖမ်းဆီးခံထားရကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းကုန်မည်ဖြစ်၍ ဖိကဆင်လမ်းရှိ BIS PIPE သံစက်ရုံတွင် အလုပ်သမားများ သက်တမ်းတိုးရန် စက်ရုံဘက်က တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ အထိ ကောက်ခံနေကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ သက်တမ်းတိုးစရိတ် များပြားနေသဖြင့် လျှော့ချပေးရန် မြန်မာအလုပ်သမား ၃၀၀ ခန့်က ယနေ့ […]

ဘန်ကောက်တွင် ဆံပင်ညှပ်သည့်အလုပ်လုပ်၍ မြန်မာ ၄ ဦးကို ဖမ်းဆီး

Dawei Watch

December 19, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိဟု တားမြစ်ထားသော ဆံပင်ညှပ်အလုပ်ကို ဝင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဘန်ဘော်နယ်မြေရှိ ANGEL-20 ဆံပင်ညှပ်ဆိုင်ကို ထိုင်းအာဏာပိုင်များက ဝင်ရောက် စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများသည် အသက် ၂၃ အရွယ်မှ ၃၁ အရွယ် လူငယ်ပိုင်းများဖြစ်ပြီး ဝင်ရောက်စစ်ဆေးစဉ် ဆံပင်ညှပ်ဆရာအဖြစ် လုပ်ကိုင်နေသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများကို လုပ်ပိုင်ခွင့်မရှိသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်နေမှုဖြင့် အရေးယူထားပြီး ဘန်ခွန်ထီယမ်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ ဆံပင်ညှပ်အလုပ်သည် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများနှင့်အမြဲ ပြိုင်လုလုပ်နေရသည့် အလုပ်တစ်ခုဖြစ်သဖြင့် ဆက်လက်ရှာဖွေ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများသည် […]

ပုလော တပိုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်

Dawei Watch

December 18, 2024

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု တပိုရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ ပုလောမြို့နယ်တွင် ရက်ရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် တပိုကျေးရွာဘုန်းကြီးကျောင်းတွင် အင်အား ၈၀ ဝန်းကျင်ဖြင့် တပ်စွဲထားသလို ကျေးရွာအတွင်းလှည့်လည်သွားလာနေကြောင်း ၎င်းတို့က ဆိုသည်။ ဒီဇင်ဘာလ ၁၆ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားများက‌ တပိုကျေးရွာ ရွာလယ်လမ်းမကြီးအား ဖြတ်ကူးချိန် တပိုတံတားထိပ်ဝန်းကျင်တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်နှင့် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။ တစ်ချိန်တည်းတွင်ပင် ဇရပ်ဆိပ်ကျေးရွာဖက်က ပြည်သူ့ကာကွယ်ရေး PDF တပ်ရင်းနှင့်အဖွဲ့ကလည်း ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ “ဒီဘက် (တော်လှန်ရေး) ကနေ ဖိုးတီး (၄၀ မမ) နဲ့ပစ်တယ်။ […]

မြိတ်တွင် ဖခင်က ဆယ်ကျော်သက်သမီးအရင်းကို အဓမ္မပြုကျင့်

Dawei Watch

December 18, 2024

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု တရုတ်တန်းရပ်တွင် ဖခင်ဖြစ်သူက သမီးအရင်းကို ကာလကြာရှည် အဓမ္မကျင့်ခဲ့ကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။ အသက် ၄၀ ဝန်းကျင်အရွယ် ဖခင်က ၁၁ နှစ်အရွယ် သမီးအရင်းဖြစ်သူကို အကြိမ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ပြီးခဲ့သည့် တစ်နှစ်ခန့်က မိခင်ဖြစ်သူ ဆေးရုံတွင် ကလေးမွေးဖွားနေစဉ် နေအိမ်တွင်ကျန်ခဲ့သည့် သမီးကို စတင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့၏ ပြောဆိုချက်အရ သိရသည်။ အဆိုပါ မိသားစုတွင် သားသမီးမည်မျှရှိသည်ကိုမူ တိတိကျကျမသိရသေးပေ။ ဒီဇင်ဘာလ ၁၃ရက်နေ့က ပြုကျင့်ပြီးနောက် အမျိုးသမီးအင်္ဂါနာကျင်သည်ဟုဆိုကာ နေမကောင်းဖြစ်ရာက စစ်ဆေးကြည့်ရာ အဖေဖြစ်သူက အဓမ္မပြုကျင့်ခဲ့သည့် အကြောင်းအရင်းကိုသိခဲ့ရကြောင်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုကြောင့် အမေဖြစ်သူက တရားလိုလုပ်ကာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် […]

တရားမဝင် ဝင်လာသော မြန်မာများစီးလာသည့်ကား ထိုင်းရဲကားကိုဝင်တိုက်၊ ရဲတစ်ဦးသေဆုံး

Dawei Watch

December 18, 2024

ထိုင်းနိုင်ငံ၊ ကန်ဖမ်းဖက်ခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာအလုပ်သမားများ စီးနင်းလိုက်ပါလာသော ကားတစ်စီး သည် ထိုင်းရဲတပ်ဖွဲ့ကားကို ဝင်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၁၇ ရက်ညက မြန်မာနိုင်ငံသားများ စီးနင်းလာသော ပစ်ကပ်ကားသုံးစီးသည် စစ်ဆေးရေးဂိတ်ကို ရှောင်ပြေး လာပြီးနောက် တစ်စီးက ထိုင်းရဲတပ်ဖွဲ့ဝင်ကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များက နိုင်ငံခြားသားများ တရားမဝင် ဝင်လာကြောင်း သတင်းကြိုတင်ရရှိထားသဖြင့် အမြန်လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်ဖွင့်၍ ဂိတ်ချ စစ်ဆေးနေခြင်းဖြစ်သည်။ ည ၁၁ နာရီအချိန်ခန့်တွင် ကားသုံးစီးသည် အမြန်လမ်းအတိုင်း လာနေစဉ် စစ်ဆေးရေးဂိတ်တွင် ရပ်တန့်ရန် အချက်ပြသော်လည်း အရှိန်မလျှော့ဘဲ ဖြတ်မောင်းသွားခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြသည်။ ဂိတ်တွင် ကားတာယာဖောက်ရန် ခင်းထားသော အပြားကိုလည်း ချထားသဖြင့် ကားတစ်စီးသည် ထိုအပြားကို […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 18, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။