ရေးမြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ ထောင်ဒဏ် ၁၅ နှစ်စီချမှတ်
Dawei Watch
December 25, 2024မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ကြောင်း နီးစပ်သည့် မြို့ခံများထံမှ သိရသည်။ အောင်မေတ္တာရပ်ကွက်တွင် ကုန်စုံရောင်းနေသည့် မငယ်ငယ်နှင့် အမျိုးသမီးအခြားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့ဟုစွပ်စွဲကာ ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် အဆိုပါအမျိုးသမီးနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း နီးစပ်သည့် မြို့ခံများက ဆိုသည်။ ဖမ်းဆီးပြီး သုံးလကျော်အကြာ ဒီဇင်ဘာ ၂၂ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ် ချမှတ်ကြောင်း ရေးမြို့ခံတစ်ဦးက ပြောဆိုသည်။ “အဓိက PDF တွေကို ဆက်သွယ်တာ ထောက်ပို့လုပ်တဲ့ စွပ်စွဲချက်နဲ့ပဲပေါ့” ဟု ၎င်းက ပြောသည်။ အဆိုပါအမျိုးသမီးနှစ်ဦးကို […]


