နှစ်နိုင်ငံ နယ်စပ်ပြဿနာအတွက် ရေရှည်အဖြေရှာရန် အိန္ဒိယက တရုတ်ကိုတိုက်တွန်း
Dawei Watch
June 27, 2025နှစ်နိုင်ငံအကြား ကာလရှည်ကြာ ဖြစ်ပွားနေသည့် နယ်စပ်ပြဿနာအတွက် ရေရှည်အဖြေတစ်ခု ရှာဖွေရန် အိန္ဒိယကာကွယ်ရေးဝန်ကြီးက တရုတ်ကာကွယ်ရေးဝန်ကြီးအား ဇွန်လ ၂၆ ရက်နေ့က တိုက်တွန်းလိုက်သည်။ ကြာသပတေးနေ့က တရုတ်နိုင်ငံ Qindao မြို့တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအတွင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun အား တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပြဿနာများကို လမ်းပြမြေပုံရေးဆွဲကာ ဖြေရှင်းဆောင်ရွက်သင့်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက တရုတ်ကာကွယ်ရေးဝန်ကြီးအား အလေးအနက် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်သည် အဏုမြူလက်နက် ပိုင်ဆိုင်ထားကြပြီး နှစ်နိုင်ငံနယ်စပ်မှာ ၃၈၀၀ ကီလိုမီတာ ထိစပ်လျက် ရှိသည်။ နှစ်နိုင်ငံနယ်စပ်ရှိ ဟိမဝန္တာတောင်တန်း နယ်ခြားဒေသအများစုမှာ နယ်နိမိတ် တိတိကျကျ […]


