နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ
Dawei Watch
December 30, 2024အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။
အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။
ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာတွင် ရှပ် ဟုခေါ်သည့် ဂုံးချော ယခုနှစ် အထွက်များနေပြီး ဈေးကောင်းရနေကြောင်း ဒေသခံများထံမှ သိရသည်။ အလယ်မန်ကျေးရွာ၏ အနောက်ဘက်ပင်လယ်ကမ်းစပ်တွင် ဒီဇင်ဘာလ ၂၀ရက်မှစကာ ရှပ် အများအပြား ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “ရှပ် မပေါ်ဘဲနေတာ တော်တော်ကြာပြီ။ အခုတစ်ပြင်လုံးရှပ်တွေ အားပဲ (အရမ်း) ပေါ်နေတာ” ဟု အလယ်မန်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိတွင် ရှပ်တစ်ကီလိုလျှင် ကျပ်ငါးထောင် ပေါက်ဈေးရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နှစ်ကမူ ရှပ်တစ်ကီလိုလျှင် ကျပ် သုံးထောင်ကျော်သာ ဈေးရခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ရှပ်ငုပ်လှေတွေလည်း တအားပဲ (အရမ်းများတယ်)။ တချို့ဆို ပင်လယ်ငါးဖမ်းတောင် မထွက်ကြတော့ဘူး။ ရှပ်ပဲလာငုပ်နေကြတယ်” ဟု အလယ်မန်ကျေးရွာနေ အမျိုးသမီးအခြားတစ်ဦးက ပြောသည်။ လက်ရှိတွင် […]
မြိတ်မြို့ တွင် ကာလတန်ဖိုး ကျပ် သိန်း ၁၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား လေးထောင် ကို ဖမ်းဆီးရမိကြောင်း ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် စစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC Myanmar) က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၇ ရက်တွင် မြိတ်တောင်နယ်မြေ၊ စက်ဝင်းရပ် ၊ ဦးမြတ်လေးလမ်းရှိ အိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းမိခဲ့သည့် အသက် ၅၁ နှစ်အရွယ် ဦးတင်ထွေးကို မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာနေပြီး မူးယစ်ဆေးသုံးသူ အလွန်ပေါများလာနေသည်။ WY စိတ်ကြွဆေးပြားနှင့် […]
တနင်္သာရီတိုင်းတွင် ရက်ရှည်ပြတ်တောက်သွားသည့် အက်တမ်ဖုန်းလိုင်း ထားဝယ်မြို့အပါအဝင် နေရာအချို့တွင် လိုင်းပြန်ရနေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထားဝယ်မြို့ပေါ်တွင် ဒီဇင်ဘာလ ၂၈ ရက်မှစပြီး အက်တမ်ဖုန်းလိုင်း ပြန်ရနေပြီဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ဖုန်းလိုင်းတွေကတော့ မနေ့ကတည်းက ရတယ်။ အင်တာနက်ကတော့ လိုင်းမကောင်းသေးဘူး” ဟု ၎င်းက ဆိုသည်။ လောင်းလုံးမြို့နယ်တွင်မူ ဒီဇင်ဘာလ ၂၈ ရက်မှစပြီး အက်တမ်ဖုန်းလိုင်း ရလိုက် ပြန်ပြတ်တောက်လိုက် ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “ဖုန်းလိုင်းတက်လာရင် အင်တာနက်ပါရတယ်။ ပြတ်နေတဲ့အချိန်က ပိုများနေတယ်။ ရတဲ့အချိန်က တစ်နေ့လုံးမှ တစ်နာရီ၊ နှစ်နာရီလောက်ပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အက်တမ်ဖုန်းလိုင်းသည် တနင်္သာရီတိုင်းအတွင်း နေရာအများစုတွင် နိုဝင်ဘာလ ၂၄ ရက်မှစပြီး ပြတ်တောက်သွားခြင်း ဖြစ်သည်။ ယင်းနေ့မှစပြီး ရက်ပေါင်း […]
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တောင်းကိုးရီးယားတောင်ပိုင်းသို့ ယနေ့ ဒီဇင်ဘာလ ၂၉ရက် နံနက်ပိုင်းက ပျံသန်းလာသော Jeju Air လေယာဉ်သည် လေဆိပ်အဆင်းတွင် ဘီးချ၍ မရဘဲ လေဆိပ်ခြံစည်းရိုးနှင့်တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၅ ကျော်နှင့် လေယာဉ်အမှုထမ်း ၆ ဦး စုစုပေါင်း ၁၈၁ ဦး လိုက်ပါလာပြီး လက်ရှိအချိန်အထိ နှစ်ဦးကို ကယ်တင်နိုင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ ထိုင်းစံတော်ချိန် နံနက် ၁၁ နာရီ (မြန်မာစံတော်ချိန် ၁၀နာရီခွဲ) တွင် ရရှိထားသော နောက်ဆုံးအချက်အလက်များအရ လေယာဉ်ပေါ် လိုက်ပါလာသူများအနက် နှစ်ဦးကို ကယ်တင်ထားနိုင်ပြီး ကျန် ၁၇၉ ဦးစလုံး သေဆုံးသည်ဟု တောင်ကိုရီးယား မီးသတ်တပ်ဖွဲ့က အတည်ပြုထားသည်။ လေယာဉ်ပေါ်လိုက်ပါလာသူများသည် တောင်ကိုးရီးယားနိုင်ငံသားအများစုဖြစ်ပြီး ထိုင်းနိုင်ငံသားများလည်း […]
ထားဝယ်အရှေ့တောဒေသ မေတ္တာဗျူဟာစခန်းသို့ မြေသယ်ကားဖြင့် ပို့ဆောင်သည့် စစ်ကောင်စီတပ်၏ ရိက္ခာကားတစ်စီးကို ဟိန္ဒူးချောင်းရွာအနီးတွင် ဖမ်းဆီးရရှိကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဒီဇင်ဘာလ ၂၆ ရက်က ကျောက်မဲတောင်မှ မေတ္တာဘက်သို့ ဆန်အိတ် ၆၈ အိတ်၊ စားသုံးဆီပုံးများနှင့် အခြားစားသောက်ကုန်များ တင်ဆောင်လာသည့် ကားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကားသမားကို ကျွန်တော်တို့ ဖမ်းထားတယ်။ ကားသမားက အရပ်သားပဲ။ ကားသမားနဲ့ကားကို လွှတ်ပေးပြီလား၊ မလွှတ်ပေးသေးဘူးလားဆိုတာ အသေးစိတ် တင်ပြလာမှု မရှိသေးဘူး” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။ ကားသမားမှာ အရပ်သားဖြစ်နေသည့်အတွက် အရေးယူမည် မဟုတ်ဘဲ သတိပေးသည့်အဆင့်သာရှိမည်ဖြစ်ပြီး ရိက္ခာများနှင့် (မြေသယ်) ကားကိုမူ […]
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ မင်းတပ်နဲ့ ကန်ပက်လက်ကို ချင်းညီနောင်သိမ်းယူ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင် (CB) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာလ ၉ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လဝက်ခန့်အကြာ ဒီဇင်ဘာလ ၂၁ရက်မှာ မြို့နယ်တစ်ခုလုံးကိုသိမ်းယူထိန်းချုပ်နိုင်ခဲ့တာလို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။ မြို့သိမ်း တိုက်ပွဲမှာ အာရက္ခတပ်တော် AA က စစ်လက်နက်ခဲယမ်း၊ စစ်ကူနဲ့ စစ်ရေးအကြံဉာဏ်တွေပေးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့သလို ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။ မြို့သိမ်းယူပြီး နောက်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ကန်ပက်လက်မြို့သိမ်းစစ်ဆင်ရေးကို ဒီဇင်ဘာလ […]
လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာက တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ ဒီဇင်ဘာလ ၂၃ရက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံရွာသားများမှာ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခိုလှုံနေရခြင်းဖြစ်သည်။ ကျောက်နီမော် ဒေသခံ စစ်ဘေးရှောင်မှာ ၃၀၀ခန့်ရှိပြီး ၎င်းတို့အတွက် ဆန်နှင့် ရိက္ခာခြောက်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “(စားနပ်ရိက္ခာ) နှစ်ရက်စာ ဝေထားပြီးပြီ။ လက်ရှိ ကျွန်တော်လက်ထဲမှာ ၁၂ ပြည် ဆန် နှစ်အိတ်ပဲကျန်တော့တယ်။ နောက်ထပ် ဘယ်နှစ်ရက် ရှောင်နေရမယ်မှန်း မသိသေးဘူး။ ရိက္ခာပြတ်သွားမှာပဲ ပူနေရတယ်” ဟု ၎င်းက ပြောသည်။ ကျောက်နီမော်နှင့် အောက်ဘက်ကျေးရွာများကို စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားသောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်လျက်ရှိပြီး အနည်းဆုံးကျေးရွာ […]