စစ်ကောင်စီက လမ်းများဖျက်ဆီးထား၍ ကံပေါက်ဒေသခံ ကိုယ်ဝန်ဆောင်တစ်ဦး လမ်းတွင်သေဆုံး
Dawei Watch
January 4, 2025ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုမှ အသက် ၃၀ ဝန်းကျင်အရွယ် ကိုယ်ဝန်ဆောင်တစ်ဦး ဇန်နဝါရီလ ၂ ရက်က ကိုယ်ဝန်ပျက်ကျစဥ် အချိန်မီဆေးရုံ မပို့ဆောင်နိုင်သဖြင့် သေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှသိရသည်။ ဖားချောင်းကျေးရွာအုပ်စုနှင့် အနီးစပ်ဆုံး ကံပေါက်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ရာတွင် လမ်းပိုင်းဖြတ်တောက်ခံထားရ၍ သတ္တုတွင်းလမ်းဟောင်းမှ ပတ်၍ ပို့ဆောင်ရခြင်းကြောင့် လမ်းခရီးကြမ်းသည့်အပြင် သွားလာချိန်ကြာသဖြင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ “ကျေးရွာချင်းဆက် လမ်းအတိုင်းသွားရင် ဖားချောင်းကနေ ကံပေါက်ဆေးရုံကို မိနစ် သုံးဆယ်လောက်နဲ့ ရောက်နိုင်တယ်။ အခုက လမ်းဖြတ်(ဖျက်ဆီး)ပစ်ထားတော့ မိုင်း(သတ္တုတွင်း) လမ်းအဟောင်းကနေ ပတ်လာရတယ်။ မိုင်းလမ်းကလည်း အတော်ဆိုးတယ် ကားတွန်းဖို့ လူကို သက်သက်ခေါ်လာခဲ့ရတယ်။ အချိန်ကကြာသွားတော့ သွေးလွန်သွားတယ်” ဟု ဖြစ်စဥ်အားသိရှိသည့် ကံပေါက်ဒေသခံတစ်ဦးက ပြောပြသည်။ စစ်ကောင်စီက ဒီဇင်ဘာလ ၂၆ ရက် […]


