BREAKING
November 9, 2025

သတင်း

ထားဝယ်ထောင်က နိုင်ကျဥ်းသုံးဦးအပါအဝင် တစ်ဆယ်ကျော်လွတ်မြောက်

Dawei Watch

January 5, 2025

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြုရာတွင် ထားဝယ်အကျဥ်းထောင်က အကျဥ်းသား ဆယ်ဦးနှင့် အကျဥ်းသူသုံးဦး ပြန်လည်လွတ်မြောက်ကြောင်း အကျဥ်းသားမိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ ၎င်းတို့အနက် နိုင်ငံရေးအကျဥ်းသားနှစ်ဦးနှင့် နိုင်ငံရေးအကျဥ်းသူတစ်ဦး ပါဝင်သည်ဟု ထောင်တာဝန်ခံများ၏ အတည်ပြုချက်အရ သိရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။ “၅၀၅ ပုဒ်မတွေနဲ့ ကျထားပြီး လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဥ်းသားသုံးဦး (ထားဝယ်ထောင်ကနေ) ပြန်လွတ်လာပါတယ်” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောသည်။ မြိတ်အကျဥ်းထောင်က လွတ်မြောက်ရာတွင် နိုင်ငံရေးအကျဥ်းသား၊ အကျဉ်းသူ ခြောက်ဦးပါဝင်ပြီး ကော့သောင်း အကျဥ်းထောင်ကမူ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ခြင်း မရှိကြောင်း PPNM ထံမှ သိရသည်။ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၄ ရက်တွင် စစ်ကောင်စီက […]

မြိတ်မြို့တွင် ဆယ်ကျော်သက်ယောကျ်ားလေးတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

January 5, 2025

မြိတ်မြို့၊ တိုးချဲ့ရပ်၊ ဇေယျသီရိ ၃ ရပ်ကွက်တွင်နေထိုင်သည့် ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦး ဇန်နဝါရီလ ၅ ရက် နံနက်က ကြိုးဆွဲချသေဆုံးကြောင်း မိသားစုနှင့်နီးစပ်သူအချို့နှင့် အိမ်နီးချင်းအချို့ထံမှ သိရသည်။ ဇေယျာသီရိ ၃ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် ယောကျာ်လေးသည် နေအိမ်တွင်ပင် ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းသည် WY စိတ်ကြွဆေးသုံးစွဲမှုများပြီး စိတ်အခြေအနေ ပုံမှန်မဟုတ်သူဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ “ဆေးတအားရှူတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတွေတောင် မရှိတော့ဘူး” ဟု အထက်ပါမိသားစုနှင့် နီးစပ်သူက ဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်ကလည်း မြိတ်မြို့တွင် ဆယ်ကျော်သက်အရွယ်ကျောင်းသားတစ်ဦး သတ်သေသွားခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ရွာများအတွင်း မူးယစ်ဆေးကို ပေါ်ပေါ်ထင်ထင် […]

ထားဝယ်တပ်ပေါင်းစု ပွဲဦးထွက်စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် ၄၀ ကျော်သေဆုံးဟု ထုတ်ပြန်

Dawei Watch

January 5, 2025

ထားဝယ်ခရိုင်တပ်ပေါင်းစု၏ ပွဲဦးထွက်စစ်ဆင်ရေးအဖြစ် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအပါအဝင် ၄၀ ‌ကျော်သေဆုံးကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက ယနေ့ထုတ်ပြန်သည်။ လောင်းလုံးကျွန်းဆွယ်အတွင်း ရက်အရှည်ဆုံး တိုက်ပွဲတစ်ခုဖြစ်သည့် အဆိုပါစစ်ဆင်ရေး ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၇ ရက်အထိ ၆ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက ကြည်း၊ရေ၊လေ အင်အားသုံး ခုခံမှုကြောင့် တော်လှန်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့သည်။ ထိုတိုက်ပွဲတွင် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ၄ ခုရှိသည့်အနက် စီမံကိန်းစခန်း( ရေခဲစက်)ကို သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် တပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ရေခဲစက်ကို သူတို့( စစ်ကောင်စီတပ်) တွေနေလို့မရအောင် မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ၎င်းကပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အမှတ် […]

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီး အသက် ၁၁၆ နှစ်တွင် ကွယ်လွန်

Dawei Watch

January 5, 2025

ဂင်းနစ်စံချိန်မှတ်တမ်းက စာရင်းပြုစုထားသည့် ကမ္ဘာ့သက်အကြီးဆုံးလူသား ဂျပန်အမျိုးသမီးသည် အသက် ၁၁၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း BBC ကဖော်ပြထားသည်။ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံထားရသော ဂျပန်အမျိုးသမီး တိုမီကို အိုင်တူးကာ သည် ဟိုဂို စီရင်စု၊ အေရှီယာမြို့ရှိ ဘိုးဘွားရိပ်သာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။ တိုမီကို အိုင်တူးကာ သည် စပိန်သူ မာရီယာ ဘရန်ယတ်စ် မိုရီရာ ကွယ်လွန်သွားခဲ့အပြီးအတွင် ဂင်းနစ်စံချိန်မှတ်တမ်းတွင် ကမ္ဘာ့သက်အကြီးဆုံးလူသားအဖြစ် စံချိန်မှတ်တမ်းဝင်နေခဲ့ခြင်းဖြစ်သည်။ စပိန်သူ မာရီယာ ဘရန်ယတ်စ် မိုရီရာ သည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ မာရီယာ ဘရန်ယတ်စ် မိုရီရာ က အသက် ၁၁၇ နှစ် ရှိနေခဲ့ပြီဖြစ်သည်။ တိုမီကို အိုင်တူးကာကို ပထမကမ္ဘာစစ်ကြီး […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

January 4, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ အကျဉ်းသား ၅၈၀၀ကျော်ကို လွတ်ငြိမ်းခွင့်ပြု၊ နိုင်ကျဉ်းခြောက်ရာခန့်ပါဝင် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၅၈၀၀ ကျော်ကို စစ်ကောင်စီက ဇန်နဝါရီလ ၄ရက်မှာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။ အဲဒီလို လွတ်ငြိမ်းခွင့်ပြုရာမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပါဝင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ NLD အစိုးရ လက်ထက်က ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာခက်အောင်လည်း လွတ်မြောက်ရာမှာ ပါဝင်လာပါတယ်။ ဒေါက်တာခက်အောင်ကို စစ်ကောင်စီက ၂၀၂၂ခုနှစ်မှာ […]

မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအပါအဝင် အကျဉ်းသား သုံးဆယ်ကျော် ပြန်လွတ်

Dawei Watch

January 4, 2025

စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းပေးရာတွင် မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအပါအဝင် အကျဉ်းသား ၃၂ ဦးလွတ်မြောက်ခဲ့ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၄ရက်နေ့၌ လွတ်ငြိမ်းခွင့်တွင် မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား သုံးဦးနှင့် အကျဉ်းသူ သုံးဦး ပါဝင်ကြောင်း ၎င်းတို့ကဆိုသည်။ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ သုံးဦးမှာ တနင်္သာရီမြို့တွင်နေထိုင်သည့် မဝါဝါမြင့်၊ ပုလောမြို့နေ မသီသီချိုနှင့် ဒေါ်အေးဝင်း တို့ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား သုံးဦး၏ ကိုယ်ရေးအချက်အလက်များကိုမူ စုံစမ်းနေဆဲဖြစ်သည်။ “လွတ်မြောက်တဲ့ သူတွေမှာ လွတ်ရက်စေ့သူတွေက တစ်ဝက်လောက်ပါတယ်လို့သိရတယ်။ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတချို့ပါတယ်ဆိုတာလည်းဟုတ်တယ်” ဟု အကျဉ်းသားများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ မြိတ်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများအပြင် ကျန်သည့် ၂၆ […]

ထားဝယ်-ထီးခီးလမ်းတွင် ကော်သူးလေတပ်ကပစ်သဖြင့် KNLA ဒုတပ်ခွဲမှူးတစ်ဦး ထပ်မံသေဆုံး

Dawei Watch

January 4, 2025

ထားဝယ်-ထီးခီးကားလမ်း ဝါးတောရွာအနီး ကော်သူးလေတပ်(KTLA) ကပစ်ခတ်မှုကြောင့် KNLA တပ်ရင်း(၁၀) တပ်ခွဲ(၁)မှ ဒုတပ်ခွဲမှူးစောလားဒို သေဆုံးခဲ့သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဇန်နဝါရီလ ၃ ရက်နေ့လယ်ပိုင်းတွင် ဝါးတောရွာကိုသွားသည့် KNLA တပ်ရင်း(၁၀)မှ ဒုတပ်ခွဲမှူး စောလားဒိုလိုက်ပါလာသည့် ကားကို KTLA တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဗိုလ်အယ်ခွီး(ခ)ဗိုလ်ကော်လဖိုးဦးဆောင်သည့် KTLA တပ်ဖွဲ့များထွက်ပြေးသွားကြောင်း ၎င်းကဆိုသည်။ “အဲ့ဒီအထဲမှာ စောလားဒိုက ဆုံးသွားတယ်။ ရဲဘော်တစ်ယောက်ဒဏ်ရာရတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ လွတ်မြောက်သွားတယ်” ဟု ၎င်းက ဆိုသည်။ ယင်းနောက် ထားဝယ်-ထီးခီးလမ်းပိုင်း ဆင်ဖြူတိုင်ရွာအနီးတွင် အရပ်သားကားတစ်စီးကို KTLA တပ်ဖွဲ့က မီးရှိုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး KTLA ဆာကဆောတပ်မဟာ […]

အကျဉ်းသား ၅၈၀၀ ကျော် လွတ်ငြိမ်းခွင့်ပြု၊ နိုင်ငံရေးအကျဉ်းသားခြောက်ရာခန့်ပါ

Dawei Watch

January 4, 2025

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ထားသည်။ ယင်းအနက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပါဝင်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူခဲ့သည့် ဒေါက်တာခက်အောင်လည်း လွတ်မြောက်ရာတွင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။ ဒေါက်တာခက်အောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မ၊ ၅၀၅ (ခ)၊ မတရားအသင်းအက်ဥပဒေပုဒ်မတို့ဖြင့် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက ထောင်ဒဏ် ၁၂နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယနေ့သရုပ်ဆောင်မော်ဒယ်လ် သင်ဇာဝင့်ကျော်လည်း အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသည်ကို တွေ့ရသည်။ သင်ဇာဝင့်ကျော်ကို […]