BREAKING
November 9, 2025

သတင်း

မွန်တွင် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သူ နှစ်ရာကျော်၌ နိုင်ကျဉ်းငါးဦးသာပါဝင်

Dawei Watch

January 6, 2025

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ လွတ်မြောက်လာသည့် အကျဉ်းသား ၂၅၄ ဦးတွင် နိုင်ငံရေးအကျဉ်းသား ငါးဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ ဇန်နဝါရီ ၄ ရက်နေ့က ကျရောက်သည့် ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၅၈၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပြီး ယင်းအနက် မွန်ပြည်နယ်က အကျဉ်းသား ၂၅၄ ဦး ပါဝင်သည်။ ကျိုက်မရော ဗဟိုအကျဉ်းထောင်က ပြန်လွတ်လာလာသူ ၁၄ဦးတွင် နိုင်ငံရေးအကျဉ်းသား အမျိုးသားသုံးဦးနှင့် အမျိုးသမီး နှစ်ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီလုပ်ဆောင်ပေးနေသူများက ပြောသည်။ ယင်းအပြင် မော်လမြိုင်အချုပ်ထောင်က အကျဉ်းသား ၆၄ဦး၊ သထုံအကျဉ်းထောင်က အကျဉ်းသား ၃၆ဦး၊ ရင်းငြိမ်အလုပ် စခန်းက အကျဉ်းသား ၂၆ ဦး၊ […]

နှစ်သစ်တွင် စည်ကားစပြုလာသော မောင်းမကန်ကမ်းခြေ

Dawei Watch

January 6, 2025

စစ်အာဏာသိမ်းပြီးချိန်မှစကာ တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် ခြောက်ကပ်နေသော မောင်းမကန်ကမ်းခြေမှာ နှစ်သစ်ကူးကာလအလွန်တွင် ခရီးသွားများဖြင့် ပြန်လည်စည်ကားလာနေ‌သည်။ ယင်းကြောင့်မောင်းမကန်ကမ်းခြေ၏ ၂၀၂၅ ဇန်နဝါရီလ ၅ ရက်နေ့ မြင်ကွင်းအချို့ကို ဖော်ပြလိုက်ပါသည်။ ဒီဇင်ဘာလ ၁ ရက် နှစ်သစ်ကူးနေ့‌မှစပြီး မောင်းမကန်ကမ်းခြေနှင့် ကမ်းခြေအနီးရှိ ရေပူစမ်းသို့ လာရောက်လည်ပတ်သူ သိသိသာသာ များပြားလာနေကြောင်း ဒေသခံများကပြောသည်။ နှစ်သစ်ကူးနေ့နောက်ပိုင်း စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် လာရောက်သူပိုများပြီး အခြားနေ့တွင်မူ အနည်းငယ်သာရှိသည်ဟုဆိုကြသည်။ အာဏာသိမ်းချိန်မှစကာ နာမည်ကျော်မောင်းမကန်ကမ်းခြေတည်ရှိရာ မောင်းမကန်ရဲစခန်းမှာ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ကလည်း အနီးအနားသို့ စစ်ကြောင်းထိုးနေသဖြင့် ကမ်းခြေသို့အပန်းဖြေ လာရောက်လည်ပတ်သူ မရှိခဲ့ပေ။

ကလိန်အောင် အင်းပြားရွာသားနှစ်ဦး လက်နက်ကြီးကျည်စထိမှန်

Dawei Watch

January 6, 2025

ကလိန်အောင်မြို့၊ ရှင်ကိုးရှင်စာရင်းဝင် ရှင်ဆံတော်ဘုရား တောင်တက်ကားလမ်းဘေးရှိ အင်းပြားရွာတွင် ဇန်နဝါရီလ ၅ ရက်ညက လက်နက်ကြီးကျည်ဆန်များ ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံနှစ်ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။ အသက် ၆၀ ဝန်းကျင်အရွယ် ဦးကြီးမြင့်ဆိုသူနှင့် ၎င်း၏ဘေးအိမ်မှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ ခြေတောက်တွင် ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။ ” ညကဆေးရုံသွားမရဘူး။ တစ်ညလုံးလက်နက်ကြီးပစ်နေလို့ မနက်မှဆေးရုံပို့ရတယ်။ အခုထိ ဒဏ်ရာတွေတောင် ဘာမှမလုပ်ရသေးဘူး” ဟု ဆေးရုံတွင်လူနာသွားမေးခဲ့သည့် မြို့ခံတစ်ဦး က ယနေ့ (ဇန်နဝါရီ ၆) နံနက်ပိုင်းတွင် ပြောသည်။ လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ရက်) က ကလိန်အောင်တံတားကြီးဂိတ် အဝင်အထွက် နှစ်ဘက်ရှိ စစ်ကောင်စီဂိတ်များ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၄ ရက် နှင့် ၅ ရက် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 6, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ကံပေါက် ဖောင်းတောရွာတွင် စစ်လာရှောင်သူများကို ထောက်ခံစာ အသစ်ထပ်လုပ်ခိုင်း

Dawei Watch

January 6, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီကျေးရွာအုပ်စုမှ ဖောင်းတောကျေးရွာအုပ်စုသို့ စစ်ဘေးရှောင်လာသူများကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ထောက်ခံစာအသစ် ထပ်မံပြုလုပ်ခိုင်းနေကြောင်း ရွာသားများထံမှသိရသည်။ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစ၍ ထောက်ခံစာများ ထပ်မံလုပ်ဆောင်ခိုင်းနေခြင်းဖြစ်ပြီး၊ လူလေးဦးလျှင် ထောက်ခံစာတစ်ရွက်နှုန်း လုပ်ဆောင်ခိုင်းကြောင်း ၎င်းတို့ကဆိုသည်။ ယင်းစာရွက်အတွက် ကိုယ်ရေးအချက်လက်၊ ယခင်ကျေးရွာတွင် နေထိုင်ခဲ့သည့်လိပ်စာ၊ ယခုလာရောက်ရွှေ့ပြောင်းနေထိုင်သည့် လိပ်စာများအပြင် ဓာတ်ပုံများပါ ပူးတွဲပေးရကြောင်း ၎င်းတို့ကဆိုသည်။ ထောက်ခံစာပြုလုပ်ပြီးပါက ထောက်ခံစာမိတ္တူကို ဖောင်းတောအုပ်စု မော်ကြီးရွာရှိ ပျူစောထီးဂိတ် နှင့် အုပ်ချုပ်ရေးမှူးတို့ကို တစ်စောင်စီ ပေးထားရကြောင်း ဒေသခံများထံကသိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ဖောင်းတောအုပ်စုတွင် စစ်ရှောင်များနှင့် ရော်ဘာခြံလုပ်သားများကို ထောက်ခံစာတစ်စောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ပြုလုပ်ခိုင်းဖူးသည်။ ယခုတစ်ကြိမ် ထပ်မံ၍ ထောက်ခံစာ အသစ်လုပ်ခိုင်းရာတွင်မူ ရော်ဘာခြံလုပ်သားများ အသစ်ထပ်မလုပ်ရကြောင်း ရော်ဘာခြံရှင်များထံမှ သိရသည် ။ “စစ်ဘေးရှောင်တွေကို အခုတစ်ကြိမ် […]

ထိုင်း-မြန်မာနယ်စပ် မောတောင်ကားလမ်း ဖြတ်သန်းခွင့်ပိတ်

Dawei Watch

January 5, 2025

စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသဖြင့် ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့် မောတောင်လမ်းကို လုံးဝ ပိတ်လိုက် ကြောင်း Black Cobra Column စစ်ကြောင်းရုံးက ဇန်နဝါရီလ ၄ရက်တွင် ထုတ်ပြန်သည်။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဒီဇင်ဘာလဒုတိယ အပတ်မှ စတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း Black Cobra Column ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ထို့ကြောင့် ပြည်သူများထိခိုက်နစ်နာမှု မဖြစ်စေရေးအတွက် တနင်္သာရီ-မောတောင်လမ်းမကြီးတစ်လျှောက် ရေဖြူကျေးရွာ မှ သဲဖြူကျေးရွာအထိ လမ်းပိုင်းကို မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာြခင်းမလုပ်ရန် အသိပေးကြောင်း ထုတ်ပြန်ထားသည်။ ယင်းအပြင် သဲဖြူကျေးရွာမှ မောတောင်နယ်စပ်အထိ လမ်းပိုင်းတွင် ဒေသခံများမှအပ အခြားဒေသနေ ခရီးသွားဧည့်သည် များ အသုံးပြုသွားလာခြင်း မလုပ်ကြရန်လည်း တားမြစ်ထားသည်။ ယင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများက အရပ်သားကားများကို အသုံးပြုကာ […]

မဲဆောက်တွင် ကုန်တင်ကားဖြင့် တရားမဝင်လိုက်ပါလာသော မြန်မာ ၂၄ဦး ဖမ်းဆီးခံရ

Dawei Watch

January 5, 2025

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ မဲဆောက်ဒေသတွင် ကုန်တင်ကားဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၂၄ ဦးသည် ဇန်နဝါရီလ ၄ ရက် ညပိုင်းက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မဲဆောက်ဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဟင်းသီးဟင်းရွက် ကုန်တင်ကားတစ်စီးကို စစ်ဆေးရာမှ မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ကုန်တင်ကား၏ အနောက်ဘက်ကို တာလပတ်များဖြင့် ဖုံးလာခဲ့ခြင်းဖြစ်ပြီး အထဲတွင် မြန်မာအမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ခုနစ်ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများတွင် ခရီးသွားခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများနှင့်အတူ အသက် ၂၀ အရွယ် ထိုင်းကားသမားနှင့် နောက်လိုက်တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို တာခ့်ခရိုင် ဝမ်ကျောက်ဒေသမှတစ်ဆင့် ကန်ဖန်းဖက်ခရိုင်သို့ ပို့ဆောင်ပေးရန် […]

တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တစ်သောင်းကျော် အကူအညီလို

Dawei Watch

January 5, 2025

ဒီဇင်ဘာလ ဒုတိယအပတ်ခန့်ကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာနှင့် ချောင်းနှစ်ပေါက်ကျေးရွာက စစ်ဘေးရှောင်များ အကူအညီလိုအပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ သိန်ခွန်းနှင့် ချောင်း‌နှစ်ပေါက်ကျေးရွာက ‌စစ်ရှောင်ဒေသခံ ၁၂၀၀၀ကျော်ရှိနေပြီး အဆိုပါဒေသခံများအားလုံး စစ်ဘေးရှောင် နေရသည်မှာ တစ်လခန့် ရှိနေပြီဖြစ်ကြောင်း ခုနစ်စဉ်ကြယ်လူသားချင်းစာနာထောက်ထားမှုကူညီရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။ စစ်ဘေးရှောင်များမှာ မြို့ပြဘက်သို့ တိမ်းရှောင်၍ မရကြဘဲ တောတောင်ဥယျာဉ်ခြံများအတွင်းသို့ တိမ်းရှောင်နေကြ ရသဖြင့် စားသောက်ရေးအတွက် ရိက္ခာ အရေးတကြီးထောက်ပံ့ရန်လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ “ကူညီမယ့်သူတွေက တိုက်ပွဲအဆင့်ဆင့်ကို ဖြတ်သွားရတဲ့အခါကျတော့ ရိက္ခာပို့ချင်တဲ့သူတွေက အလွယ်တကူ ပို့မရတဲ့ အခါကျတော့ အဲဒီမှာ ရိက္ခာပြတ်တဲ့အခက်အခဲက တော်တော်ကိုကြီးမားနေတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ စားနပ်ရိက္ခာအပြင် ဆောင်းရာသီဖြစ်သည့်အတွက် အနွေးထည်နှင့် ခြုံစောင်လိုအပ်လျက်ရှိပြီး တောတောင်ထဲက ချောင်းရေကို သောက်ရေအဖြစ်အသုံးပြုနေရခြင်းကြောင့် ဝမ်းပျက်၊ […]