BREAKING
November 9, 2025

သတင်း

ပြည်ထောင်စုလမ်းပေါ်ရှိ ပုလော စက်တော်ရာရွာတွင် တိုက်ပွဲဖြစ်

Dawei Watch

January 7, 2025

ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းပေါ်ရှိ ပုလောမြို့နယ် စက်တော်ရာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။ စစ်ကောင်စီတပ်သည် စက်တော်ရာကျေးရွာရှိ ကမ္ဘာလှတောင် ပါဒစက်တော်ရာဘုရား တောင်ပေါ်ရေတံခွန်အနီးနှင့် တောင်ခြေရင်းရှိ ဘုရားဝင်းအတွင်း အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားကြောင်း ၎င်းတို့ကဆိုသည်။ ထိုသို့တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ရာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ “ကျွန်တော်တို့က နှစ်ဖွဲ့ခွဲပြီး သွားတိုက်တာပါ။ တိုက်ပွဲစဖြစ်တာက စက်တော်ရာတောင်ပေါ်မှာ စစ်ကောင်စီတပ်နဲ့ စဖြစ်တယ်။ ပြီး‌တော့ တောင်အောက်မှာထပ်ဖြစ်တာပါဗျ။ ကျွန်တော်တို့က RPG (လက်နက်ကြီး) နဲ့ စထုလိုက်တယ်သူတို့က ၄၀ မမ (လက်နက်ကြီး) တွေနဲ့ ပြန်ပစ်တာအချက်ရေ အများကြီးပဲ”ဟု […]

ပုလော စရဖ ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း မီးရှို့

Dawei Watch

January 7, 2025

ပုလောမြို့ ၊ အမှတ် ၂ ရပ်ကွက်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဇန်နဝါရီလ ၆ ရက် ည ၁၁ နာရီဝန်းကျင် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယနေ့( ဇန်နဝါရီလ ၇) တွင် ယင်းတပ်ရင်းက သတင်းထုတ်ပြန်သည်။ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်စဥ် စစ်ကောင်စီတပ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှုအနည်းငယ်သာ ရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် နှစ်ဖက်ထိခိုက်မှုမရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ ထံ ကသိရသည်။ “စရဖရုံးဘေးက မြို့တော်ခန်းမမှာက ၃ယောက်(စစ်ကောင်စီတပ်သား) ၊ စရဖရုံးမှာက ၄ ယောက် ပဲရှိတယ် ။ အင်အားနည်းတော့ သူတို့ဘက်က ၆ ချက်လောက်ပဲ ပြန်ပစ်ပြီးထွက်ပြေးသွားကြတယ် ” ဟု မြိတ်ခရိုင် […]

မြိတ်တွင် ရာအိမ်မှူးတစ်ဦးပစ်သတ်ခံရ

Dawei Watch

January 7, 2025

မြိတ်မြို့နယ်၊ သကန်တောင်ပုကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဇန်နဝါရီလ ၄ နေ့က ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၇၀ ဝန်းကျင်အရွယ် ရာအိမ်မှူး‌ဦးကျော်ဒင်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် ယင်းည ၁၁ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်သုံးဦးက လာရောက်ပစ်သတ်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ရွာသားတွေ အိပ်ကောင်းတုန်းအချိန်ပေါ့။ သေနတ်သံတော့ ကြားလိုက်တယ်။ အမြဲတမ်းလည်းကြားနေကျဆိုတော့ သေနတ်သံကိုပဲ ဆက်နားစွင့်နေလိုက်တယ်။ ဒီအချိန်ဆိုတော့ ဘယ်သူလဲ ထွက်ကြည့်မရဲဘူးလေ”ဟု အထက်ပါ ဒေသခံအမျိုးသမီးကပြောသည်။ ထိုသို့ပစ်သတ်ခံရပြီး နောက်တစ်ရက်နံနက်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးရောက်လာပြီး ၎င်းနေအိမ်အနီး တစ်ဝိုက်တွင် ရှာဖွေစစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ မည်သည့်အဖွဲ့က သတ်ဖြတ်သွားသည်ကို ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့အထိ မသိရသေးပေ။ သကန်တောင်ပုရွာမှာ မြိတ်-တနင်္သာရီသွား ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး တော်လှန်ရေးတပ်များနှင့် […]

ထိုင်းတောင်ပိုင်းတွင် ထားဝယ်ကလေးငယ်နှစ်ဦး ကားတိုက်ခံရပြီး တစ်ဦး သေဆုံး

Dawei Watch

January 6, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ မြန်မာရွေ့ပြောင်း စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ယူနေသော ထားဝယ်ဒေသခံ ကလေးငယ်နှစ်ဦး ကားတိုက်ခံရပြီး တစ်ဦး သေဆုံးခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။ ဇန်နဝါရီလ ၅ ရက်နေ့ ညဘက်က ရွာအတွင်းရှိ ဘုရားပွဲကို စက်ဘီးဖြင့် သွားသော ကလေးငယ်နှစ်ဦးကို ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားတိုက်ခံရပြီးနောက် ကလေးငယ်နှစ်ဦးစလုံး ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံတင်ခဲ့ရပြီး ဆေးရုံတွင် တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ကလေးတွေက ငယ်ငယ်လေးတွေ။ ရွာထဲက စာသင်ဝိုင်းလေးထဲမှာ တက်နေကြတာ။ ဒုတိယတန်းပဲ ရှိသေးတယ်။ သူတို့က ပွဲဈေးတန်းကို စက်ဘီးနဲ့သွားတုန်း ကားနဲ့ ဝင်တိုက်ခံရတာ” ဟု နီးစပ်သူတစ်ဦးက ဆိုသည်။ သေဆုံးသူသည် အသက် ၈ နှစ်အရွယ် မောင်ကြယ်စင်ဟိန်းဖြစ်ပြီး မိဘဖြစ်သူများမှာ […]

ဘန်ကောက်တွင် မြန်မာတစ်ဦးကို ကူညီဖျန်ဖြေပေးစဉ် ပစ်ခတ်ခံရသဖြင့် ထိုင်းရဲအရာရှိတစ်ဦးသေဆုံး

Dawei Watch

January 6, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စိုင်းမိုင်နယ်မြေတွင် ထိုင်းနိုင်ငံသား၏ ခြိမ်းခြောက်ပြောဆိုမှုကိုခံရသဖြင့် အကူအညီ လာရောက်တောင်းခံသည့်မြန်မာနိုင်ငံသားကို ကူညီဖျန်ဖြေပေးစဉ် ထိုင်းရဲအရာရှိတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၃ ရက် ည ၈ နာရီခန့်က ချလုံဖုံလမ်းရှိ ဆံပင်ညှပ်ဆိုင်ရှေ့တွင် စိုင်းမိုင်ရဲစခန်းက အသက် ၅၅နှစ်အရွယ် ဒုရဲမှူးကြီး သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။ သေနတ်ပစ်သတ်သူသည် ဆိုင်ကယ်နှင့် ကားပြင်ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါထိုင်းနိုင်ငံသားသည် မြန်မာနိုင်ငံသားတစ်ဦးနှင့် စကားအချေအတင်ဖြစ်ပြီး ရန်ဖြစ်ခဲ့ကြောင်း ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် အချင်းများကြသည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ အချင်းများနေစဉ် မြန်မာနိုင်ငံသား ထွက်ပြေးသွားသဖြင့် ထိုင်းနိုင်ငံသားက နောက်ကလိုက်လာ၍ လိုက်ရှာခဲ့ကြောင်း ဖော်ပြသည်။ ယင်းအချိန်တွင် မြန်မာနိုင်ငံသားသည် တာဝန်ချိန်ပြီးသဖြင့် အရပ်ဝတ်ဖြင့် […]

တနင်္သာရီနှင့် ဘုတ်ပြင်းကြား ပင်လယ်ပြင်တွင် စစ်ကောင်စီ ရိက္ခာစက်လှေကို KNU ဖမ်း

Dawei Watch

January 6, 2025

စစ်ကောင်စီတပ်စခန်းထံသို့ ပို့ဆောင်မည့် ရိက္ခာစက်လှေကို တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ လေညာဒေသ ပင်လယ်ပြင်တွင် KNLA တပ်ရင်း (၁၁) က ဖမ်းမိကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။ ဆန်အိတ်နှစ်ထောင်ကျော်နှင့် ရိက္ခာများတင်ဆောင်လာသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး၏ စက်လှေကို ဇန်နဝါရီလ ၂ ရက်က ကြားဖြတ်စစ်ဆေးပြီး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဖမ်းဆီးထားသည့် ဆန်အိတ်အချို့ကို သယ်ဆောင်ရန်အဆင်မပြေသဖြင့် ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။ “ပို့လာတဲ့ လှေပေါ်မှာပါတဲ့ ခုနစ်ယောက်က အရပ်သားပဲ။ အခုလောလောဆယ်တော့ ထိန်းသိမ်းထားတာရှိတယ်။ သူတို့က အရပ်သားဖြစ်တော့ အရေးယူဖို့လည်းခက်တယ်။ ဒါပေမဲ့ အဲဒီလို ထပ်ခါထပ်ခါဖြစ်မယ်ဆိုရင် ကျွန်တော်တို့က လေးလေးနက်နက် အရေးယူရမှာပေါ့နော်” ဟု ပဒိုစောအယ်နားက […]

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ ကြေးနန်းတိုင်တံတားကို ညဘက်ဖြတ်သန်းခွင့်ပိတ်

Dawei Watch

January 6, 2025

မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်း ကြေးနန်းတိုင်တံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က ည ၇ နာရီ‌နောက်ပိုင်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ကန့်သတ်လိုက်ကြောင်း ခရီးသွားများနှင့် ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါတံတားမှာ ပသောင်း ကျေးရွာအနီးတွင်တည်ရှိပြီး ဇန်နဝါရီလ ၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်က ဖြတ်သန်းချိန် ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ” ညဘက်အရေးပေါ် သေရေးရှင်ရေး မြို့(မြိတ်မြို့)တက်ရမယ့်ကိစ္စတွေ အတွက်ပဲစိတ်ပူတယ်။ သူတို့ကို ပြေပြေလည်လည်နဲ့ ပြောပြလို့အဆင်ပြေရင်တော့ တော်သေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ယခင်ကမူ အဆိုပါ တံတားတွင် စောင့်နေသည့် စစ်ကောင်စီတပ်သားများနှင့် နားလည်မှုယူကာ ညနက်ချိန်အထိ ဖြတ်သန်းခွင့်ပေးနေကြောင်း ကားသမားအချို့က ဆိုသည်။ လက်ရှိတွင် အဆိုပါလမ်းပိုင်းတစ်လျှောက်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က အစစ်‌အဆေး တင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ “ကြေးနန်းတိုင်တံတားနားရောက်ရင် တအားစစ်တယ်။ ဆိုင်ကယ်ဆိုရင်လည်း […]

လောင်းလုံး လက်ခတ်တောင်စခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုး

Dawei Watch

January 6, 2025

လောင်းလုံးမြို့မှ စမ်းလှမ်းကျေးရွာ ကမ်းခြေဘက်သို့ သွားသည့်လမ်းပိုင်းတွင်ရှိသော စစ်ကောင်စီ လက်ခတ်တောင်စခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ယနေ့ စမ်းလှမ်းကျေးရွာသို့ စစ်ကြောင်းဝင်ရောက်နေကြောင်း ဒေသခံအချို့က ပြောသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက လက်ခတ်တောင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့အား ဇန်နဝါရီလ ၅ ရက် နံနက်ပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ပစ်တာကတော့ ခဏလေးပဲ။ ပစ်ပြီးမှ လေယာဉ်လာဝဲလို့ ဆုတ်သွားကြတယ်တဲ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင်မူ တပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်ပါဝင်သော စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်း လောင်းလုံးမြို့ထဲမှ ထွက်လာပြီး စမ်းလှမ်းကျေးရွာသို့ ရောက်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါစစ်ကြောင်း ဝင်ရောက်လာသဖြင့် စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအချို့လည်း ရှိနေကြောင်း ဒေသခံအချို့က […]