ရေးတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ပြီး စစ်ကြောင်းထိုးသဖြင့် ဒေသခံများထွက်ပြေး
Dawei Watch
January 9, 2025မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင် ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရကြောင်း ဒေသခံများက ပြောသည်။ ကျုံလောင်းရွာဟောင်းဘက်တွင် တိုက်ပွဲမဖြစ်ဘဲ ဇန်နဝါရီလ ၈ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၆ က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ လက်နက်ကြီးပစ်ခတ်ပြီးနောက်တွင် အင်အား ၃၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်း ရွာထဲသို့ ဝင်ရောက်လာပြီး ရွာဘုန်းကြီးကျောင်းထဲတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောဆိုသည်။ “(လက်နက်ကြီး) ပစ်တာ ဆက်တိုက်ပဲ။ ရွာထဲမှာ ကျတာတော့မရှိဘူး။ ရွာအပြင်ဘက်မှာပဲ ကျတာများတယ်။ အဲဒီလိုကြီး ပစ်နေတော့ တစ်ရွာလုံးက လန့်ကုန်တော့ ပြေးကြတာပေါ့။ ပြီးတော့ […]


