ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာဒူရို လူမြင်ကွင်းသို့ ပြန်ထွက်လာ

Dawei Watch

December 11, 2025

ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဗင်နီဇွဲလား ဒီမိုကရေစီအတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုသည် တစ်နှစ်နီးပါး ပျောက်ကွယ်ပုန်းရှောင်နေရာမှ ယနေ့ ဒီဇင်ဘာ ၁၁ ရက်တွင် လူမြင်ကွင်းသို့ ပထမဆုံးအကြိမ် ပြန်ထွက်လာသည်။ ယနေ့ နံနက်အစောပိုင်းတွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ သူမ တည်းခိုရာ ဟိုတယ်၏ လသာဆောင်မှ နေ၍ သူမအား ထောက်ခံသူများအား မာချာဒိုက လက်ဝှေ့ယမ်းနုတ်ဆက်နေသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရို၏ အာဏာချုပ်ကိုင်မှုကို ဆန့်ကျင်အန်တုကာ ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည့် မာချာဒိုသည် ဗုဒ္ဓဟူးနေ့က နိုဘယ်ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ အချိန်မီ မရောက်ရှိလာခဲ့ပေ။ ဗုဒ္ဓဟူးနေ့က ဆုပေးပွဲအခမ်းအနားတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို မာချာဒို၏ ကိုယ်စား သမီးဖြစ်သူ အန်နာကိုရီနာဆိုဆာမာချာဒိုက ဆုလက်ခံရယူကာ သူမကိုယ်စား မိန့်ခွန်းပြောကြားခဲ့သည်။ ဆုပေးပွဲအပြီး […]

ဆောင်းရာသီ တောင်တက်သူများ စစ်ကောင်စီဂိတ်များကို သတိထားရန် ဒေသခံများဆို

Dawei Watch

December 11, 2025

ယခုနှစ် ဆောင်းရာသီတွင် ထားဝယ်ဒေသရှိ တောမိုးတောင်နှင့် စပါးတောင်တို့တွင် အပျော်တောင်တက်သူများ ပြန်ရှိလာပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို သတိထားရန်လိုကြောင်း ဒေသခံများကပြောဆိုသည်။ ” အဓိက ပြန်စည်နေတာက တောမိုးတောင်နဲ့ စပါးတောင်ပဲ။ အချို့ ညအိပ်ညနေတောင်လာကြတယ်။ ကျန်တဲ့တောင်တွေကသွားလို့ရတဲ့ အခြေအနေမှာမရှိဘူး။ အဓိက လာနေကြတာတော့ သူငယ်ချင်းအစုအဖွဲ့အလိုက် လာနေကြတာများတယ်။ အများအားဖြင့် ပိတ်ရက်တွေလာကြတယ်။ အရင်နှစ်တွေမလာကြဘူး” ဟု စပါးတောင်သွားသည့် လမ်းတွင် နေထိုင်သူတစ်ဦးကပြောပြသည်။ တောမိုးတောင်သည် လောင်းလုံးမြို့နယ်၊ တောရှည်ရွာတွင် တည်ရှိပြီး ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းကာသွားရသလို စပါးတောင်သည်လည်း ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် တည်ရှိပြီး ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းကာသွားရသည်။ အထက်ပါ ထားဝယ်မြို့အဝင် တံတားစစ်ဆေးရေးဂိတ် နှစ်ခုစလုံးတွင် စစ်မှုထမ်း အဓမ္မစုဆောင်းလေ့ရှိသဖြင့် တောင်တက်လာသူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုသင့်ကြောင်း ဒေသခံတို့က […]

ထိုင်းတွင် ရွှေဆွဲကြိုးခိုးသည့် မြန်မာဇနီးမောင်နှံကို ဖမ်းမိ

Dawei Watch

December 11, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာအမျိုးသားတစ်ဦးထံမှ ရွှေဆွဲကြိုး အလစ်သုတ်ခိုးယူသွားသည်ဆိုသော မြန်မာဇနီးမောင်နှံကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ဘန်းလမုဒေသတွင် အခန်းငှားရန် မြန်မာဇနီးမောင်နှံက ဆိုင်ကယ်ဖြင့် လာကြည့်စဉ် အခန်းလိုက်ပြပေးသည့် ကိုမြင့်အောင်၏ ရွှေဆွဲကြိုးတစ်ကုံးကို ခိုးသွားခြင်းဖြစ်ကြောင်း သိရသည်။ ၃ ဘတ်သားခန့် အလေးချိန်ရှိပြီး ပေါက်ဈေး ၁၆၇,၀၀၀ ဘတ် တန်ဖိုးရှိသည့် ရွှေဆွဲကြိုးခိုးခံရသော ကိုမြင့်အောင်က ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် မြန်မာဇနီးမောင်နှံနှစ်ဦးကို ခြေရာခံ လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၀ ရက်တွင် ဘန်းလမုဒေသရှိ အခန်းတစ်ခုရှေ့ သံသယရှိသော ဆိုင်ကယ်ကို တွေ့ရသဖြင့် အခန်းထဲ ဝင်ရောက်စစ်ဆေးစဉ် အသက် ၂၇ နှစ်အရွယ် ကိုမောင်ဦးနှင့် အသက် […]

ဒေသခံများ ကွမ်းသီးကောက်နေချိန် စစ်အာဏာရှင်တပ်က ဥယျာဥ်ခြံထဲ ဒရုန်းဖြင့်ဗုံးချ

Dawei Watch

December 10, 2025

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် ၅၅၆ စစ်အာဏာရှင်ခြေမြန်တပ်ရင်းက ဘန်းလမွတ်ရွာအနီး ရမ်းဖိုရွာ ဥယျာဥ်ခြံကို ဒရုန်းဖြင့် ဗုံးသီးကြဲချခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ် ၂ နာရီတွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးတစ်လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ဦးမောင်ယုတဲအနီးတွင်ကျကာ တဲဝန်းကျင်တွင် မီးလောင်သွားခြင်းဖြစ်သည်။ ရမ်းဖိုရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ တစ်လနီးပါးခန့်ကြာပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။ “လူတွေက ထိခိုက်မှုမရှိဘူး။ တဲနံဘေးက အပင်တွေတော့ မီး‌လောင်သွားတယ်။ တဲလည်း ထိခိုက်မှုမရှိဘူး။ ခြံထဲမှာ လူတွေက ကွမ်းသီးကောက်တဲ့ ရာသီဖြစ်နေတော့ လူတွေက များနေကြတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရမ်းဖိုရွာရှိ ဥယျာဥ်ခြံများတွင် စစ်အာဏာရှင်တပ်၏ ကင်းထောက်ဒရုန်းများဆက်တိုက် […]

ထားဝယ် အသံတိတ်သပိတ်နေ့မြင်ကွင်း

Dawei Watch

December 10, 2025

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့ ဒီဇင်ဘာလ ၁၀ရက်တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။ ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်း ထားကြသည်။ အသံတိတ်သပိတ်နေ့ ယနေ့ နေ့လယ်ပိုင်း နှင့် မွန်းလွဲပိုင်း ထားဝယ်မြို့ နေရာအချို့ ၏ မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

ကံပေါက်ဒေသက အသံတိတ်သပိတ်နေ့မြင်ကွင်း

Dawei Watch

December 10, 2025

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့(ဒီဇင်ဘာလ ၁၀)တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားသဖြင့် ယနေ့ နံနက်ပိုင်း ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ ၊ ရွာလယ်ကျောက်တိုင်လမ်းဆုံ၏ အသံတိတ်သပိတ် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။ လွန်ခဲ့သည့် သုံးရင်ခန့်ကတည်းက ကံပေါက်ဒေသရှိ ရပ်ကွက် ၊ ကျေးရွာ အများစု တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ဓာတ်ပုံပေးပို့ရန်အခက်အခဲလည်းကြုံနေရကြောင်းဒေသခံတို့ကဆိုသည် ။

လောင်းလုံးက အသံတိတ်သပိတ်

Dawei Watch

December 10, 2025

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့(ဒီဇင်ဘာလ ၁၀)တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားသဖြင့် ယနေ့ လောင်းလုံးမြို့နယ် ကျေးရွာချို့၏ အသံတိတ်သပိတ် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

တိုက်ပွဲမရှိဘဲ စစ်အာဏာရှင်တပ်က လောင်းလုံးကို ညအချိန် လက်နက်ကြီးများဖြင့်ပစ်

Dawei Watch

December 10, 2025

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်အာဏာရှင်တပ်က လောင်းလုံးမြို့ဘက်သို့ ညဘက်လူအများ အိပ်ချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ဒီဇင်ဘာလ ၉ ရက် နေ့ ည ၇ နာရီ ခန်နှင့် ၁၀ နာရီကျော် အချိန်ခန့်တို့တွင် မြစ်တစ်ဘက်ကမ်း၌ရှိသော လောင်းလုံးမြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။ “ပထမတစ်လုံးက အိမ်ပါတုံတယ်။ ဒုတိယတစ်လုံးကလက်နက်ကြီးဒလက် (ကျည်ဆန်) ခေါင်မိုးပေါ်က ဖြတ်သွားတာကို ကြားနေရတယ်။ အကုန်လုံးအိမ်အောက်ဆင်းပြေးပြီး နေကြရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ စစ်အာဏာရှင်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်နှစ်လုံးအနက် တစ်လုံးမှာ လောင်းလုံးမြိုနှင့် ကပ်လျက်တွင်ရှိသော သဗျာကျေးရွာတံတားအနီး ကားလမ်းပေါ် ကျ ရောက်ပေါက်ကွဲခဲ့ပြီး […]