ထားဝယ်မြစ်ကူး ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ညနေပိုင်း စစ်မှုထမ်းဖမ်းဆီး
Dawei Watch
March 4, 2026ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်ဆေးဆေးရေးဂိတ်တွင် စစ်အာဏာရှင်တပ်က လူငယ်များအား ယနေ့ မတ်လ ၄ ရက် ညနေပိုင်းတွင် ဖမ်းဆီးပြီး စစ်မှုထမ်း အဓမ္မစုဆောင်း နေကြောင်း မြို့ခံခရီးသွားများက ပြောသည်။ ထားဝယ်မြို့က စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့သည် ဗွီဂိုးကား နှစ်စီးဖြင့် ယနေ့ ညနေ ၃ နာရီခန့်မှစ၍ အဓမ္မဖမ်းဆီးစုဆောင်းနေခြင်းဖြစ်ကြောင်း မြို့ခံခရီးသွားများက ဆိုသည်။ ဖမ်းဆီခံရသူလူငယ် ငါးဦးထက်မနည်းရှိနေကြောင်း မြို့ခံခရီးသွားတစ်ဦးက ယနေ့ ညနေ ၅နာရီခန့်တွင် ပြောဆိုသည်။ မြို့ခံခရီးသွား အခြားတစ်ဦးကလည်း ယနေ့ ညနေပိုင်း ဖမ်းဆီးခံရသည့် လူငယ်များထဲတွင် ၎င်း၏ အလုပ်သမားတစ်ဦး ပါဝင်ကြောင်း ပြောသည်။ စစ်အာဏာရှင်တပ်သည် မတ်လ ၃ ရက် နံနက်ပိုင်းကလည်း သရက်ချောင်းမြို့ မြို့မရဲစခန်းအရှေ့တွင် လူငယ် […]


