ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်နှင့် ထားဝယ်အင်အားစုများ တွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်းစာနာထောက်ထားရေးကိစ္စများ ဆွေးနွေး

Dawei Watch

July 17, 2025

မွန်နှင့် ထားဝယ်အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ရာမညဖက်ဒရယ် အင်အားစုသစ် (NRFF) ဦးဆောင်၍ ပြုလုပ်ကြောင်း ဇူလိုင်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ တွေဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း NRFF ထံမှ သိရသည်။ ယင်းဆွေးနွေပွဲတွင် မွန်အင်အားစုအနေဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်ကာကွယ်ရေးတက် (MSDF) ၊ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ နှင့် မွန်အမျိုးသမီးအဖွဲ့အစည်းများ ပါဝင် ဆွေးနွေးကြောင်း NRFF ထံမှ သိရသည်။ ထားဝယ်အင်အားစုအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့သူများသည် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပြီး တက်ရောက် ဦးရေနှင့် အဖွဲ့အစည်းများကိုမူ လက်တလောတွင် ထုတ်ပြောခွင့် မရှိသေးကြောင်း NRFF […]

မြန်မာအိမ်ဖော်အမျိုးသမီးအား အသက်သေအောင်နှိပ်စက်မှုဖြင့် စင်္ကာပူရဲတပ်ကြပ် ထောင် ၁၀နှစ်ချမှတ်ခံရ

Dawei Watch

July 17, 2025

စင်္ကာပူနိုင်ငံတွင် မြန်မာအိမ်ဖော်အမျိုးသမီးငယ်တစ်ဦးအား အသက်သေသည်အထိ နှိပ်စက်မှုတွင် ပါဝင်ကူညီမှုဖြင့် ရဲအရာရှိတစ်ဦးအား ယနေ့ ဇူလိုင်လ ၁၇ ရက်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။ ၎င်း၏ ဇနီးဟောင်းနှင့် ယောက္ခမတို့သည် မြန်မာအိမ်ဖော်အမျိုးသမီးကို အသေစေသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့ရာတွင် ၎င်းရဲအရာရှိကိုယ်တိုင် ပါဝင်ကူညီခဲ့သည့်အတွက် ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။ လက်ရှိတွင် စင်္ကာပူရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ ရဲတပ်ကြပ် Kevin Chelvam အား ရာထူးမှ ဆိုင်းငံ့ထားသည်။ အသက် ၄၆ နှစ်အရွယ် ရဲတပ်ကြပ် Kevin Chelvam ၏ ဇနီးဟောင်းနှင့် ယောက္ခမတို့၏ ညှင်းပန်းနှိပ်စက်မှုကြောင့် မြန်မာအိမ်ဖော်အမျိုးသမီး Piang Ngaih Don သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် သေဆုံးခဲ့သည်။ အသက် […]

မြိတ်တွင် အသက် ၇၀ အရွယ်အဘိုးတစ်ဦး ဓားခုတ်ခံရ၊ ဒဏ်ရာပြင်းထန်

Dawei Watch

July 17, 2025

မြိတ်မြို့နယ်၊အင်္ဂမော်ကျေးရွာတွင် အသက် ၇၀ ဝန်းကျင်အရွယ် အဘိုးတစ်ဦးကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက ဓားဖြင့်ဝင်ခုတ်ရာက ဒဏ်ရာအပြင်းအထန်ရသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ ၁၆ ရက်နေ့ ညနေ့ ၃ နာရီခန့်တွင် အသက် ၇၀ ဝန်းကျင်အရွယ်ဦးတင်ထွေးသည် တောင်ပေါ်တွင် တစ်ဦးတည်းဝါးခုတ်နေချိန် အသက် ၂၅ နှစ်အရွယ် ကိုပိုင်လင်းက ဓားဖြင့်ဝင်ခုတ်ခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။ “တစ်ယောက်တည်းလည်းဖြစ်တော့ ပြန်ပြီးလည်းမခုခံနိုင်ဘူးလေ။ အသက်အပိုင်းအခြားကလည်း ဝောာ်တော်ကွာတယ်။ ရွာဘက်တွေက မြင်းဆေး(WY)တွေတော်တော်ပေါတယ်။ ရွာကလူတွေကတော့ ဆေးကြောင်ပြီးခုတ်တယ်လို့ မှတ်ချက်ချနေကြတယ်”ဟု နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။ ရန်ငြိုးရန်စ မရှိဘဲ အဘိုးကို ဓားဖြင့်ဝင်ခုတ်ခြင်းဖြစ်ပြီး မျက်နှာနှင့် လက်တွင် အရိုးပေါ်သည်အထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ “လူနာကတော့ မြိတ်ပြည်သူ့ဆေးရုံကြီးမှာ အခြေအနေကတော့ […]

အဖမ်းအဆီးများနေ၍ တနင်္သာရီရှိ ကျေးရွာအချို့တွင် တောစီးဖိနပ် ဝယ်ရခက်

Dawei Watch

July 17, 2025

တနင်္သာရီမြို့နယ် ပဝရွာနှင့်သရဖုံရွာတို့တွင် စစ်ကောင်စီတပ်၏ ပိတ်ပင်ကန့်သတ်မှုကြောင့် တောစီးဖိနပ်ဝယ်ရခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ တောစီးဖိနပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက အသုံးပြုသည်ဟုဆိုကာ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည့် ပစ္စည်းများတွင် တောစီးဖိနပ်ပါဝင်နေသည့်အတွက် ဝယ်ယူရခက်ခဲနေကြောင်း တောခုတ်သည့်အလုပ်ဖြင့် အသက်မွေးနေသူအချို့က ဆိုသည်။ တနင်္သာရီမြို့နယ်ရှိ ကျေးရွာအများစုမှာ ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ရော်ဘာပင်စိုက်ပျိုးခြင်းကို အဓိကလုပ်ကိုင်ကြပြီး တောစီးဖိနပ်ကို ခေတ်အဆက်ဆက်အသုံးပြုနေကြခြင်းဖြစ်သည်။ စစ်ကောင်စီကမူ တောစီးဖိနပ်သယ်ဆောင်ခြင်းကို ပြီးခဲ့သည့် မတ်လကစကာ ကန့်သတ်ထားခြင်းဖြစ်သည်။ လက်ရှိတွင် ပဝရွာနှင့်သရဖုံရွာတို့တွင် တောစီးဖိနပ် ပြတ်လပ်နေသဖြင့် အခြားရွာများတွင် စျေးကြီးပေးပြီး ဝယ်နေရကြောင်း ဥယျာဉ်ခြံလုပ်ကိုင်နေသည့် သရဖုံရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “အခုက မိုးရာသီရောက်နေပြီ။ တောခုတ်နဲ့ကွမ်းသီးနုကောက်ချိန် ရောက်နေတော့ တောစီးဖိနပ်မပါဘဲ တောထဲသွားလို့ မရဘူး။ ရွာမှာက လုံးဝ ဝယ်ဖို့မရှိဘူး။အခြားရွာသွားတဲ့သူတွေကို လမ်းကြုံမှာရတယ်”ဟု အထက်ပါဒေသခံက ပြောသည်။ ထိုသို့ […]

စူပါမန်းနဲ့ လွိုက်စ်လိန်းတို့ လေထဲမှာ နမ်းတဲ့အခန်းကို အိန္ဒိယမှာ ဆင်ဆာဖြတ်

Dawei Watch

July 17, 2025

DCU ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ “Superman” ကို အိန္ဒိယမှာ ပြသဖို့အတွက် ဆင်ဆာဖြတ်တောက်တာတွေ လုပ်ခဲ့ရပြီး အဓိကကျတဲ့ဇာတ်ဝင်ခန်းဖြစ်တဲ့ စူပါမန်းနဲ့ လွိုက်စ်လိန်းတို့ လေထဲမှာ နမ်းနေတဲ့ဇာတ်ဝင်ခန်းကို ဆင်ဆာဖြတ်တောက်ပစ်လိုက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပြီပဲဖြစ်ပါတယ်။ စူပါမန်းနဲ့ လွိုက်စ်လိန်းတို့ လေထဲမှာ နမ်းနေတဲ့ဇာတ်ဝင်ခန်းဟာ “စိတ်ခံစားမှု ပြင်းထန်တဲ့ အနမ်းခန်း” ဖြစ်နေတယ်လို့ အိန္ဒိယဆင်ဆာအဖွဲ့က သတ်မှတ်ပြီး ဆင်ဆာဖြတ်လိုက်တာပါ။ Bollywood Hungama ရဲ့ သတင်းအရ Superman ဇာတ်ကား မပြသခင်ကတည်းက ဇာတ်ကားကြော်ငြာတွေကိုကြည့်ပြီး စူပါမန်းနဲ့ လွိုက်စ်လိန်းတို့ရဲ့ လေထဲက အနမ်းခန်းကို အိန္ဒိယရုပ်ရှင်ရုံတွေမှာ ပြသဖို့အတွက် ဆင်ဆာဖြတ်တောက်ဖို့ အိန္ဒိယဆင်ဆာအဖွဲ့က ညွှန်ကြားထားခဲ့တာဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာ ဖော်ပြထားချက်အရ အိန္ဒိယဆင်ဆာအဖွဲ့ဟာ Superman ဇာတ်ကားထဲက ဇာတ်ဝင်ခန်းနှစ်ခုကို ဆင်ဆာဖြတ်တောက်စေခဲ့ပြီး ၃၃ စက္ကန့်ကြာမြင့်တဲ့ ဒီ […]

ကလပ်ကမ္ဘာ့ဖလားအစစ်ကို သမ္မတထရမ့်ယူထားပြီး ချယ်လ်ဆီးအတွက် အသစ်လုပ်ပေးခဲ့ဟုဆို

Dawei Watch

July 17, 2025

သမ္မတ ဒေါ်နယ်လ် ထရမ့်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ သူ့ကို ကမ္ဘာ့ကလပ်ဖလားအစစ် အပိုင်ပေးခဲ့ပြီး ချယ်လ်ဆီးအတွက် ဖလားအသစ်လုပ်ပေးလိုက်ရတယ်လို့ ပြောပြလိုက်ပါတယ်။ သမ္မတ ဒေါ်နယ်လ်ထရမ့်က မူရင်း ကမ္ဘာ့ကလပ်ဖလားကြီးကို ဘဲဥပုံရုံးခန်းထဲမှာ အပြီးအပိုင် သိမ်းထားဖို့ ဖီဖာက သူ့ကို ပေးအပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။ ဖီဖာရဲ့တာဝန်ရှိသူတွေက သူ့ကို “ခင်ဗျား ဒါကို ထာဝရ ယူထားလို့ရတယ်” လို့တောင် ပြောခဲ့ကြောင်း ထရမ့်က ဖွင့်ဟပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားတဲ့ ချယ်လ်ဆီးအသင်း ကိုင်မြှောက်ရယူသွားခဲ့တာက မူရင်း ဆုဖလားကြီး မဟုတ်ဘဲ သူတို့အတွက် ပုံစံတူလုပ်ပေးလိုက်တဲ့ ဖလားအသစ်တစ်ခုသာ ဖြစ်တယ်လို့လည်း ထရမ့်က ပြောပြခဲ့ပါတယ်။ Tiffany & Co. လုပ်ငန်းစုက ဒီဇိုင်းထုတ်ထားတဲ့ အဲ့ဒီ ကလပ်ကမ္ဘာ့ဖလားကြီးဟာ ပြီးခဲ့တဲ့မတ်လကတည်းက ထရမ့်ရဲ့ ရုံးခန်းထဲမှာ ရှိနေခဲ့တာဖြစ်ပြီး […]

KTLA နှင့် KNU ကြား တင်းမာမှုတွင် PDF များ ဝင်မပါရန် KTLA ပြော

Dawei Watch

July 16, 2025

ကော်သူးလေတပ်မတော် -KTLA နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့ကြား တင်းမာမှုတွင် ပြည်သူ့ကာကွယ် ရေးတပ်-PDF တပ်ရင်း၊ တပ်ဖွဲ့နှင့် ပကဖအဖွဲ့များ ဝင်မပါကြရန် ထားဝယ်ခရိုင်အခြေစိုက် KTLA ဆာကဆောတပ်မက ထုတ်ပြန်သည်။ KTLA ကို KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က လာရောက်တိုက်ခိုက်မည် ဆိုသည့် သတင်းများထွက်ပေါ်နေပြီး KTLA ဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အခြေစိုက် ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မ တပ်ရင်း (၃) မှ ဒုတပ်ရင်းမှူး စောဒါးကေ က လူမှုကွန်ရက်တွင် ဇူလိုင်လ ၁၄ရက်က ထုတ်ဖော်ပြောဆိုသည်။ ကရင်လက်နက်ကိုင် အချင်းချင်းပဋိပက္ခတွင် ပြည်သူ့ကာကွယ်ရေးတပ်-PDF တပ်ရင်းတပ်ဖွဲ့များ ဝင်မပါကြရန် ၎င်းက ဆိုသည်။ “ကျွန်တော်တို့နေတဲ့ နေရာကို သူတို့လာတိုက်ဖို့က သေချာတယ်။ […]

ဂန္ဓီ၏ ရှားပါးဆီဆေးပုံတူပန်းချီ ဒေါ်လာ ၂ သိန်းကျော်ဖြင့် လေလံတင်ရောင်းထွက်

Dawei Watch

July 16, 2025

ဗြိတိန်နိုင်ငံ ၊ လန်ဒန်မြို့တွင် ဇူလိုင်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် လေလံတင်ပွဲတစ်ခု၌ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဓီ၏ ပုံတူရေးဆွဲထားသည့် ရှားပါးဆီဆေးပန်းချီကားသည် စတာလင်ပေါင် ၁၅၂,၈၀၀ (ဒေါ်လာ ၂၀၄,၆၄၈) ဖြင့် ရောင်းထွက်ခဲ့သည်။ အဆိုပါ ပန်းချီကားကို စတာလင်ပေါင် ၅၀,၀၀၀ မှ ၇၀,၀၀၀ အကြား ဈေးနှုန်းဖြင့် ရောင်းထွက်မည်ဟု Bonhams လေလံကုမ္ပဏီက ခန့်မှန်းထားသော်လည်း ယင်းပမာဏထက် များစွာပိုမြင့်သည့် ဈေးနှုန်းဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။ Bonhams လေလံကုမ္ပဏီ၏ အဆိုအရ ယင်းပန်းချီကားသည် မဟတ္တမဂန္ဓီကိုယ်တိုင် ထိုင်ကာ အရေးဆွဲခံခဲ့သည့် တစ်ခုတည်းသော ပုံတူဆီဆေးပန်းချီကားအဖြစ် ယူဆခံရသည်။ ၁၉၃၁ ခုနှစ်တွင် အိန္ဒိယအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခု တက်ရောက်ရန် လန်ဒန်မြို့သို့ ဂန္ဓီ သွားရောက်ခဲ့စဉ် ဗြိတိသျှပန်းချီဆရာမ […]