ထိုင်းက မြန်မာ ၁၆၀ ကျော် ကော့သောင်းသို့ထပ်လွှဲ
Dawei Watch
July 31, 2025စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ယနေ့ ဇူလိုင် ၃၁ ရက်တွင် ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ရနောင်းလဝကရုံးက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်း ထားသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကော့သောင်းမြို့သို့ ယနေ့ နေ့လယ်ပိုင်းတွင် လွှဲပြောင်းလိုက်ခြင်းဖြစ်သည်။ ယခုလွှဲပြောင်းမှုသည် ၂၀၂၅ ခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၂၇၉ ဦး ရှိလာပြီ ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ […]


