အမျိုးသမီးလစဉ်သုံးပစ္စည်း ဈေးနှစ်ဆကျော်တက်
Dawei Watch
February 16, 2025အာဏာသိမ်းပြီး သုံးနှစ်တာကာလအတွင်း အမျိုးသမီးလစဉ်သုံးပစ္စည်းဈေး နှစ်ဆကျော် တက်လာကြောင်း တနင်္သာရီတိုင်း စျေးကွက်အတွင်းမှ သိရသည်။ ၂၀၂၂ ခုနှစ်က ဒေသအတွင်း အသုံးများသည့် Pinky(ပင်ကီ) အမှတ်တံဆိပ်လစဉ်သုံးတစ်ထုပ်လျှင် ၁၅၀၀ ကျပ်ဝန်းကျင်၊ Shuya(ရူယ)တံဆိပ် လစဉ်သုံးတစ်ထုပ်လျှင် ၃၀၀၀ကျပ်နှင့် ပျိုမေတစ်ထုပ်လျှင် ကျပ် ၁၀၀၀ သာ ဈေးရှိခဲ့ သည်။ လက်ရှိအချိန်တွင် Pinky တစ်ထုပ်လျှင် ၄၀၀၀ကျပ်၊ Shuya တစ်ထုပ်လျှင် ၇၀၀၀ကျပ် ၊ ပျိုမေ တံဆိပ်တစ်ထုပ်လျှင် ၃၅၀၀ ကျပ် အထိဈေးမြောက်နေကြောင်း ဘုတ်ပြင်းမြို့နယ်နှင့် မြိတ်မြို့နယ်နေ ဒေသခံအမျိုးသမီးအချို့က ဆိုသည်။ “တစ်လတစ်လ အီဗာ(လစဉ်သုံး)ဖိုး သီးသန့် နှစ်သောင်းနီးပါးလောက်ရှိတယ်။ဒါတောင် ညဘက်တွေ မသုံးဘဲ အိပ်တယ်”ဟု မြိတ်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းအပြင် ပြည်တွင်းထုတ် အမျိုးသမီးလစဉ်သုံးပစ္စည်း […]


