BREAKING
November 11, 2025

သတင်း

ပေါင်မြို့နယ် မီးသတ်ဦးစီးမှူး၊ ထွေအုပ်ဒုဦးစီးမှူးနှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီဖမ်းဆီး

Dawei Watch

February 25, 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးအပါအဝင် ခြောက်ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖမ်းဆီးသွားကြောင်း ဖမ်းခံရသူများနှင့် နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်ကိုကို၊ ပေါင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ လုပ်ငန်းရှင်များဖြစ်သည့် ဦးဇာနည်၊ ဦးမိုးငယ်၊ ဦးဇော်ဝင်းမြင့်နှင့် ဒေါ်ကျော့ကျော့စံတို့ကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် နေအိမ်နှင့် ရုံးတို့တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို မသိရှိရသေးသလို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသေးကြောင်း နီးစပ်သူတို့က ပြောသည်။ “ဘာကြောင့် အခုလို ဖမ်းခေါ်သွားတာလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ အမျိုးအမျိုးတော့ ပြောနေကြတယ် ဒါပေမဲ့ ဘာမှ […]

ပုလောတွင် KNLA စစ်ဆေးရေးဂိတ်တွင် အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

February 25, 2025

ပုလောမြို့နယ် ထားဝယ်-ပုလောလမ်းပေါ်က ဆင်ထိုးကြီးရွာအဝင်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၂၃ရက် ညပိုင်းက အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ ပိတောက်ကြီးရွာက အသက် ၃၈နှစ်ခန့်အရွယ် မောင်ဂန်ဟု ခေါ်ဝေါ်ကြသူဖြစ်ပြီး ဇနီး၊ သားနှင့်အတူ ပလောက်မြို့တွင် ဆေးခန်းပြပြီး ဆိုင်ကယ်ဖြင့် ရွာသို့ပြန်လာစဉ် အဆိုပါဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။ “ဆေးခန်းပြပြီး ပြန်လာတော့ ၇နာရီကျော်နေပြီ။ အဲဒီဂိတ်ကိုရောက်တော့ ၈ နာရီ ထိုးခါနီးနေပြီထင်တယ်၊ အဲဒီမှာ ပစ်ခံရ တာ။ ဆိုင်ကယ် မရပ်လို့ ပစ်တာလို့တော့ သူ့မယားက ပြောတယ်” ဟု ပိတောက်ကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦး ပြောဆိုသည်။ ပစ်ခတ်ခံရသည့် အမျိုးသားမှာ ရွာသို့ ရောက်ရှိချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 25, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ဝကုန်းရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရ

Dawei Watch

February 25, 2025

ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာ ဘူဓိဗောမိုင်းဘက်ရှိ ဥယျာဉ်ထဲသို့သွားသည့် အမျိုးသမီးတစ်ဦး ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၃ နှစ်အရွယ် ဒေါ်မာလွင်နှင့် သားဖြစ်သူတို့နှစ်ဦးမှာ ဥယျာဉ်ခြံထဲသို့ ခြေလျင်သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒေါ်မာလွင် ဒဏ်ရာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “မိုင်းနင်းမိပြီး ဒဏ်ရာရတယ်ဆိုတာပဲ သိသေးတယ်။ အခု သွားသယ်နေကြတဲ့လူတွေ ပြန်မထွက်လာကြသေးဘူး။ အဲဒါကြောင့် အသေးစိတ် မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂၂ ရက် နံနက် ၇ နာရီခန့်ကလည်း ဝကုန်းရွာက အသက် ၄၅ နှစ်ရှိ ဦးမောင်ဝင်း ဥယျာဉ်ခြံထဲသို့ သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဘက် ပြတ်တောက်သွားပြီး […]

ထားဝယ်မြို့တွင် စစ်ကောင်စီက အိမ်ထောင်စုစာရင်းများကို တောင်းယူစစ်ဆေး

Dawei Watch

February 25, 2025

ထားဝယ်မြို့ပေါ်တွင် နေထိုင်သည့်မိသားစုများ၏ အိမ်ထောင်စုစာရင်း မိတ္တူများကို စစ်ကောင်စီက တောင်းယူပြီး စစ်ဆေးနေကြောင်း မြို့ခံအချို့က ပြောသည်။ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံတောင်းယူကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီလူက အခုဘယ်မှာနေတယ်။ ဒီလူက ဘယ်ကိုသွားတယ်ဆိုပြီး အိမ်ထောင်စုစာရင်း (မိတ္တူ) မှာ ရေးပေးလိုက်ရတယ်။ အိမ်တိုင်းအဲဒီလို လုပ်ပေးနေရတာ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ မြို့ခံများနှင့် စစ်ဘေးရှောင်မိသားစုများအား မေးမြန်းချက်အရ ယခုကဲ့သို့ အိမ်ထောင်စုစာရင်း တောင်းယူစစ်ဆေး ခံနေရသည်မှာ စစ်ဘေးရှောင်များအများစု နေ‌ထိုင်လေ့ရှိသည့် ရပ်ကွက်များတွင် ဖြစ်ကြောင်း သိရသည်။ အိမ်ထောင်စုစာရင်း တောင်းယူပြီး အိမ်ရှိ မိသားစုဝင်များ၏ စာရင်းနှင့် ဧည့်စာရင်းတို့ကို တိုက်ဆိုင် စစ်ဆေးကြောင်း မြို့ခံအချို့က ဆိုသည်။ “(နယ်ကနေ ပြောင်းလာတဲ့) လူငယ်ပိုင်းထဲကဆိုရင် ကျောင်းဖြစ်ဖြစ် (တက္ကသိုလ်ကိုဆိုလို) […]

တောင်သူလက်ထဲ ကွမ်းသီးခြောက်ပြတ်ချိန် ဈေးနှစ်ဆနီးပါးတက်

Dawei Watch

February 25, 2025

တောင်သူများလက်ထဲ ကွမ်းသီးခြောက်ပြတ်လပ်သွားချိန် ဈေးနှစ်ဆနီးပါးမြင့်တက်ကြောင်း တောင်သူအချို့နှင့် ဈေးကွက်အတွင်းမှ သိရသည်။ ဖေဖော်ဝါရီလဆန်းပိုင်းက ကွမ်းသီးခြောက်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဝန်းကျင်သာဈေးရှိပြီး ကွမ်းသီးခြောက်ရာသီ ကုန်ခါနီးသည့် လက်ရှိအချိန်တွင် ကျပ်နှစ်သောင်းနီးပါးအထိ ဈေးမြောက်နေကြောင်း မြိတ်မြို့ရှိ ကွမ်းသီးခြောက် အဝယ်ဒိုင်အချို့ထံမှ သိရသည်။ ကွမ်းသီးနုရာသီက ဈေးကောင်းခဲ့သဖြင့် ကွမ်းသီးနုဆွတ်ခူးရောင်းချသူများပြားပြီး ကွမ်းသီးအမှည့်အထွက် နည်းသော ကြောင့် တောင်သူများလက်တွင် ကွမ်းသီးခြောက်ပြတ်လပ်နေပြီဖြစ်ကြောင်း တောင်သူအချို့က ပြောသည်။ ယခုနှစ်တွင် ကွမ်းသီးမှည့်အထွက်နည်းသည့်အပြင် တိုက်ပွဲနှင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများကြောင့် တောင်သူများက ကွမ်းသီးခြောက် မသိုလှောင်ရဲကြကြောင်း ဘုတ်ပြင်းမြို့နယ်မှ ကွမ်းစိုက်တောင်သူတစ်ဦးက ဆိုသည်။ စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံတောင်သူများက ကွမ်းသီးခြောက်ကို မသိုလှောင် ကြတော့ဘဲ ရောင်းထုတ်လိုက်ကြကြောင်း ၎င်းက ပြောဆိုသည်။ “ကျွန်တော်တို့ဘက်မှာတော့ ကွမ်းသီး‌ကုန်ပြီ။ ဈေးကောင်းစောင့်ပြီး သိုလှောင်တာတွေလည်း မလုပ်ဖြစ်ဘူး။‌ […]

တနင်္သာရီတိုင်းတွင် မိုးဆက်ရွာမည်

Dawei Watch

February 24, 2025

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလ ၂၄ရက်မှ ဖေဖော်ဝါရီလ ၂၇ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဆက်ရှိနေမည် ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီလ ၂၃ရက်တွင် ထုတ်ပြန်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။ တနင်္သာရီတိုင်းအပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်း၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ချင်းနှင့် ရခိုင် စသည့်ဒေသတို့တွင်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးဇလက ဆိုသည်။ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ […]

ထားဝယ်အထူးစီးပွားရေးဇုန် ဖြစ်လာမည်ကို မကြိုက်လျှင်ထားဝယ်သားမဟုတ်ဟု ဦးမြတ်ကိုပြော

Dawei Watch

February 24, 2025

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည်ကို မကြိုက်သောသူသည် ထားဝယ်သားမဟုတ်ကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောဆိုသည်။ ရုရှားနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စစ်ကောင်စီနှင့် နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးလိုက်သည့်ကိစ္စအပေါ် မေးမြန်းစဉ် ဦးမြတ်ကိုက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “တို့ဒေသဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စပဲ ငါကြိုက်တာပေါ့။ မကြိုက်တဲ့သူရှိရင် အဲဒါထားဝယ်သားမဟုတ်လို့ပဲ။ ထားဝယ်သားဖြစ်ပြီး ထားဝယ်မှာ စက်မှုဇုန်ရှိလာမှာကို မကြိုက်ဘဲ ဘယ်ရမလဲ။ ကြိုက်ရမှာပေါ့” ဟု ဦးမြတ်ကိုက ပြောသည်။ သို့သော် စစ်အာဏာသိမ်းမှုကို လက်မခံသဖြင့် လက်နက်ကိုင်တွန်းလှန်မှုမှာ တနင်္သာရီတိုင်းတွင်လည်း အားကောင်းနေပြီး နယ်မြေအတော်များများကို တော်လှန်ရေး အဖွဲ့များက စိုးမိုးထားသဖြင့် စစ်ကောင်စီမှာ အထူးစီးပွားရေးဇုန်တည်ရှိရာ ထားဝယ်ဒေသတွင် လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်သော အခြေအနေတွင် မရှိပေ။ ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် […]