တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
February 28, 2025ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဂျာမနီရွေးကောက်ပွဲ အတိုက်အခံခေါင်းဆောင် အနိုင်ရ ဂျာမနီနိုင်ငံရဲ့ ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဖရက်ဒရစ် မာ့ဇ်က အနိုင်ရရှိကြောင်း ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရရှိပြီးတဲ့နောက် ညွန့်ပေါင်းအစိုးရကို အမြန်ဆုံးဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောလိုက်တာပါ။ ဂျာမနီနိုင်ငံကို ယုံကြည်မှုရရှိအောင် သူ့အနေနဲ့ ဦးဆောင်သွားမှာဖြစ်ပြီး ဥရောပကို အမေရိကန်ကနေ ခွဲထွက်သွားနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အာဏာရပါတီဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီခေါင်းဆောင် အိုလဗ်ဇို့ကတော့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတာကို အသိအမှတ်ပြုသွားပါတယ်။ ဂျာမနီရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေနဲ့ လက်ယာစွန်းပါတီတွေ အနိုင်ရရှိလာတာကို ပြန်လည်မြင်တွေ့လာရတာ ဖြစ်ပါတယ်။ Ref: […]


