တနင်္သာရီတိုင်း စစ်ဆင်ရေးများတွင် ပါဝင်ဖူးသည့် တပ်ဖွဲ့သုံးဖွဲ့ အပါ တော်လှန်ရေးတပ် ၁၉ ဖွဲ့က တပ်ပေါင်းစုဖွဲ့
Dawei Watch
December 16, 2025တနင်္သာရီတိုင်းအတွင်း စစ်ဆင်ရေးများတွင်ပါဝင်ဖူးသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဗမာပြည်သူ့လွတ်မြောက် ရေး တပ်တော် (BPLA) နှင့် Force for Federal Democracy (FFD) တပ်ဖွဲ့တို့အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ ပါဝင်သည့် တပ်ပေါင်းစုကို ဖွဲ့စည်းကြောင်း အဆိုပါတပ်ပေါင်းစုက ဒီဇင်ဘာလ ၁၅ရက်တွင်ကြေညာသည်။ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုဟုအမည်ပေးထားပြီး တပ်ပေါင်းစုတွင် မြောက်ပိုင်းညီနောင် သုံးဖွဲ့၏ မဟာမိတ်တပ်များ၊ ကျောင်းသားတပ်များ၊ မကွေးနှင့် စစ်ကိုင်းဒေသအခြေစိုက်တပ်ဖွဲ့များ၊ ယော၊ ချင်း၊ ကရင်နီ၊ မွန်၊ ပအိုဝ်း၊ ဓနု စသောတပ်များပါဝင်သည်ကို တွေ့ရသည်။ တပ်ပေါင်းစု စုဖွဲ့နိုင်ရေးအတွက် ယခုနှစ် မေလတွင် တပ်ဖွဲ့ ခုနစ်ဖွဲ့ဖြင့် စတင်ညှိနှိုင်းခဲ့ပြီး နိုဝင်ဘာလ ပထမအပတ်တွင် တပ်ဖွဲ့ ၁၄ ခုအထိ စည်းရုံးဆွေးနွေးနိုင်ခဲ့ကြောင်း […]


