သမ္မတဟောင်း ဒူတာတေးကို ICC က ဖမ်းဝရမ်းထုတ်ပါက ကူညီမည်ဟု ဖိလစ်ပိုင်အစိုးရဆို
Dawei Watch
March 10, 2025မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြမ်းဖက်ဆောင်ရွက်ခဲ့မှုများကြောင့် သမ္မတဟောင်း ဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) မှ ဖမ်းဝရမ်းထုတ်လျှင် ကူညီပေးရန် အသင့်ရှိကြောင်း ဖိလစ်ပိုင်အစိုးရက အသိပေးထုတ်ပြန်လိုက်သည်။ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးအား မကြာမီ ဖမ်းဝရမ်း ထုတ်လာနိုင်ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်လာချိန် ဖိလစ်ပိုင်အစိုးရက ယင်းသို့ ပြောဆိုလာခြင်း ဖြစ်သည်။ “သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးကို လူသားထုကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ICC က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ကျွန်တော်တို့ ကြားထားပါတယ်။ ဖြစ်လာမယ့်ကိစ္စတိုင်းအတွက် ကျွန်တော်တို့ဘက်က အဆင်သင့်ပါပဲ” ဟု ဖိလစ်ပိုင်သမ္မတရုံးဆက်ဆံရေးဌာန အတွင်းဝန် Jay Ruiz က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ဒူတာတေးအား ICC က ဖမ်းဝရမ်းထုတ်မည့် […]


