ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော၊ ကျောက္ကာရွာ မီးလောင်မှု နေအိမ် ၄ ဆောင်ပျက်စီး

Dawei Watch

August 29, 2025

ပုလောမြို့နယ် ကျောက္ကာကျေးရွာ ရာဇဂြိုလ်ကမ်းတွင် ယနေ့(ဩဂုတ် ၂၉ရက်) မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၄ ဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရာဇဂြိုလ်ကမ်း ရေခဲစက်အနီးရှိ (ဒေသအခေါ်) ကျွန်းသာယာကမ်းတွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဓာတ်ဆီရောင်းတဲ့အိမ်က ရှော့(လျှပ်စစ်)ဖြစ်ပြီးလောင်တာ။ ပင်လယ်ဘက်ဆိုတော့ မီးသတ်မရှိဘူး”ဟု အဆိုပါအမျိုးသမီးက ပြောသည်။ အဆိုပါမီးလောင်မှုကို ရွာခံများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မီးလောင်မှုက ၁၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျဉ်ထောင်အိမ်အမျိုးအစား အိမ် ၄ ဆောင် မီးလောင်ပျက်စီးသွားပြီး လူထိခိုက်ခြင်းမရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ၂၀၁၆ ခုနှစ်ကလည်း ကျောက္ကာကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ဖူးသည်။

ကံပေါက်တွင် တရားမဝင်ခဲသတ္တုလုပ်ငန်းများ ပိတ်သိမ်းရန် စစ်ကော်မရှင်၏ ရပ်ကျေးအဖွဲ့ကြေညာ

Dawei Watch

August 29, 2025

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် တရားမဝင်ခဲသတ္တုလုပ်ငန်းများ ရပ်နားရမည်ဟု စစ်ကော်မရှင်၏ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က ယနေ့ (သြဂုတ် ၂၉) နံနက်တွင် လော်စပီကာဖြင့် ကျေးရွာအတွင်း လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ” မိုင်း(သတ္တုလုပ်ကွက်)တွေရပ်ရမယ်လို့ အော်သွားတယ်။ အရေးယူမယ်လို့ ပြောသွားတာမျိုးတော့ မရှိဘူး။ နောက်ဆုံး မှာ “ပုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး” ဆိုပြီး ပါတယ်” ဟု ကံပေါက်ရွာမှ အမျိုးသမီးတစ်ဦး ကပြောသည်။ ယင်းသို့ကြေညာပြီးနောက် နေ့လယ်ပိုင်းတွင် ကံပေါက်ရွာရှိ သတ္တုလုပ်ကွက် အချို့လုပ်ငန်းသိမ်းနေပြီး အချို့လည်းဆက်ရှိနေသေးသည်ဟု လုပ်ကွက်များအနီး နေသူများထံမှသိရသည်။ ” ကားကြီးတွေနဲ့ စက်တွေသိမ်းပြီး ပြန်ဖို့လုပ်နေသူတွေလည်းရှိတယ်။ အချို့လည်း မသိမ်းသေးဘူး” ဟု သတ္တုလုပ်ကွက်အနီးနေသူတစ်ဦးက ပြောပြသည်။ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP,2019) အစီရင်ခံစာအရ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၌ ယခုနှစ်ဆန်းပိုင်းတွင် […]

ရေဖြူ၊ နဘုလယ်ဒေသ ရွာသုံးရွာကို စစ်ကြောင်းထိုးနေ၍ ဒေသခံအချို့စစ်ဘေးရှောင်

Dawei Watch

August 29, 2025

စစ်အာဏာရှင်တပ်က ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ကျေးရွာသုံးရွာကို ယနေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းမှထွက်လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်မှစ၍ ထိန်ကြီးကျေးရွာ၊ လဲရှောင်ကျေးရွာနှင့် ပရဒပ်ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးလာ၍ ဒေသခံများထွက်ပြေးတိမ်းရှောင် နေကြရခြင်းဖြစ်ကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ “ပထမ ထိန်ကြီးရွာကို အရင်လာတယ်။ ပြီးမှ လဲရှောင်ဘုန်ကြီးကျောင်း၊ အခုပရဒပ်ရွာရောက် နေတယ်”ဟု ယင်းဒေသခံအမျိုးသမီးကပြောသည်။ အဆိုပါစစ်ကြောင်းမှာ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် နံသာအိုင်ရွာဘက်မှလာသည့် စစ်ကြောင်းနှင့် ပေါင်း၍ ပရဒပ်ကျေးရွာအတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းက ဒေသခံများကို ဖမ်းဆီးထားခြင်းရှိမရှိ ကိုမူ Dawei Watch […]

ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရာထူးမှ ရပ်နားခံရ

Dawei Watch

August 29, 2025

ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ကို ရာထူးမှ ရပ်နားလိုက်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ (ဩဂုတ် ၂၉)တွင် အမိန့်ချမှတ်လိုက်သည်။ ပြီးခဲ့သော ဩဂုတ်လ ၂၁ ရက်နေ့က ဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ကို ဥပဒေခုံရုံးတွင် ကြားနာမှုပြုလုပ်ပြီးနောက် ယနေ့တွင် ရာထူးမှ ရပ်နားရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်သည် ပြီးခဲ့သည့်နှစ် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာပြီး ရာထူးကို ၁ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက် ရပ်နားခံရခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောမှတ်တမ်း ပေါက်ကြားမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်ကို အရေးယူပေးရန် အထက်လွှတ်တော်အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တိုင်ကြားမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သဘောတူလိုက်ပြီး ဝန်ကြီးချုပ်ကို ယခုနှစ် […]

ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က အင်အားရာချီထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေ

Dawei Watch

August 29, 2025

ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က အင်အားရာချီထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဩဂုတ်လ ၁၆ ရက်နေ့က ပကာရီစခန်းမှ ကျောက်မဲတောင်စခန်းကို ထားဝယ်-ထီးခီးကားလမ်း အတိုင်းလာသည့် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းမှာ သင်္ကန်းတုန်းနှင့် ဝကုန်းရွာများတွင် ဆက်တိုက် တိုက်ခိုက်ခံခဲ့ရသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်များ၏ကားများကို ဖျက်စီးခဲ့သလို စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ ယင်းစစ်ကြောင်းမှာ သင်္ကန်းတုံးရွာတွင် ဆက်ရှိနေပြီး ဩဂုတ်လ ၂၀ ရက်နေ့တွင် ထားဝယ်မှ အင်အား ၆၀ ခန့်လာရောက်ပူးပေါင်းခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များကဆိုသည်။ ယင်းကြောင့် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၁၉ ရက်နှင့် ၂၁ ရက်နေ့များတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဩဂုတ်လ ၂၇ ရက်နေ့တွင်လည်း ထားဝယ်မြို့မှ မြေသယ်ကား ၄ စီးဖြင့် အင်အား […]

ထိုင်းအဖွဲ့အစည်းများစွာက ဝိုင်းတောင်းဆိုမှုကြောင့် ကမ္ဘောဒီယားကျောင်းသား နေရပ်ပြန်ပို့မခံရ

Dawei Watch

August 29, 2025

ထိုင်းနိုင်ငံရှိ ပညာရေးအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် ကမ္ဘောဒီးယားကျောင်းသားကို နေရပ်ပြန်ပို့မည့်ဖြစ်စဉ်မှ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ စူရင်းခရိုင်တွင် ကျောင်းတက်နေသော အသက် ၁၃ နှစ်အရွယ် ကမ္ဘောဒီးယားကျောင်းသားတစ်ဦးကို တရားမဝင် နေထိုင်နေသည်ဟုဆိုကာ ကျောင်းအလံတင်ပွဲအပြီးတွင် ရဲတပ်ဖွဲ့က ဩဂုတ်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရစဉ်တွင် ထိုင်းကင်းထောက်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ရဲစခန်းအရောက်တွင် ကင်းထောက်ဝတ်စုံကို လဲစေ၍ လဝကဥပဒေအရ နေရပ်ပြန်ပို့မည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကို ထိုင်းဆရာဖြစ်သူက ဩဂုတ်လ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်ပေါ်တင်ပြခဲ့ရာမှတစ်ဆင့် အဖွဲ့အစည်းများစွာက ကြားဝင်တောင်းဆိုပေးခဲ့ခြင်းဖြစ်သည်။ ကလေးသည် လိမ္မာသောကလေးဖြစ်ပြီး အားကစား၊ ဂီတနှင့် စာပေတွင် GPA အဆင့် ၄ ရရှိထားသော ထူးချွန်ကျောင်းသားဖြစ်ကြောင်း ဆရာဖြစ်သူက ပြောသည်။ ကလေးသည် […]

စစ်မှုထမ်းအကြောင်းပြငွေတောင်းမှု တိုင်ကြားမှုမရှိ၍ အရေးမယူနိုင်ဟု တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးဆို

Dawei Watch

August 29, 2025

စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစနစ်အတွက် အဓမ္မငွေကြေးကောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည့် တနင်္သာရီတိုင်းတွင် တိုင်ကြားလာသူမရှိသေးကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ တိုင်းအတွင်းရှိ မြိတ်နှင့်ထားဝယ်ခရိုင်အတွင်းရှိရပ်ကွက်၊ ကျေးရွာအများစုတွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများက စစ်မှုထမ်းအကြောင်းပြကာ ဒေသခံများထံမှ ငွေကြေးအဓမ္မ တောင်းခံမှုများ အများအပြားရှိနေသည်။ ထိုသို့တောင်းခံရာတွင်လည်း လစဉ်ကြေးအနေဖြင့် ငွေကျပ်သောင်းကဏန်း လတိုင်းထည့်ဝင်နေရသည့် ရပ်ကွက်၊ ကျေးရွာများရှိသလို လူငယ်များကိုဖမ်းဆီးပြီးမှ ကျပ်သိန်းဆယ်ကဏန်းမှ သိန်းရာကဏန်းအထိ တောင်းယူနေသည့် ဖြစ်စဉ်များလည်းရှိသည်။ ငွေကြေးအဓမ္မတောင်းခံနေမှုများ ရှိသည်ဆိုသော်လည်း လက်ရှိအချိန်အထိ သတင်းပို့တိုင်ကြားလာသူ မရှိသေးကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။ “ရှင်းရှင်းပြောရင်ဗျာ အဂတိလိုက်စားမှုတို့ ဘာတို့ဆိုတာ အားလုံးကို ထိထိရောက်ရောက် အရေးယူချင်တာလေ။ အဲလိုဖြစ်လာမယ်ဆိုရင် တိုင်ကြားစာတို့ ဘာတို့ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ကတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာခင်ဗျား”ဟု ၎င်းကပြောသည်။ အဓမ္မငွေကြေးတောင်းခံပါက တိုင်ကြားနိုင်သည်ဟု စစ်အာဏာရှင်တပ်က […]

ထိုင်းသို့ တရားမဝင် လာသော မြန်မာများ နေ့စဉ်နီးပါး ဖမ်းဆီးခံနေရ

Dawei Watch

August 28, 2025

ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ နယ်စပ်ဒေသများတွင် နေ့စဉ်နီးပါး ဖမ်းဆီးခံနေရကြောင်း ထိုင်းသတင်းဌာနများနှင့် ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဩဂုတ် ၂၈) နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသ သောင်ရင်းမြစ်အနီးတွင် ပစ်ကပ်ကားသုံးစီးနှင့်အတူ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ဖမ်းဆီးခံရသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၆ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံသား ကားသမား သုံးဦးလည်း ပစ်ကပ်ကားသုံးစီးနှင့်အတူ ဖမ်းဆီးခံရသည်။ မြန်မာနိုင်ငံသားများသည် သောင်ရင်းမြစ်မှတစ်ဆင့် မဲဆောက်ဒေသထဲသို့ တရားမဝင် ဝင်လာပြီး ကားသမားများက ဖို့ဖရာ့ဒေသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရေး မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် […]