ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဂါနာချို လာကြည့်တဲ့ပွဲမှာ ဖူလ်ဟမ်ကို အနိုင်ကစားပြပြီး ကြိုဆိုလိုက်တဲ့ ချယ်လ်ဆီး

Dawei Watch

August 31, 2025

ချယ်လ်ဆီးဟာ ရာသီအဖွင့်ပွဲစဉ်တုန်းက ခရစ္စတယ်လ်ပဲလေ့စ်ကို ဂိုးမရှိသရေကျခဲ့ပေမယ့် အခုတော့ လန်ဒန်မြို့ခံပြိုင်ဘက်နှစ်သင်းကို ဆက်တိုက်အနိုင်ယူပြီး ရမှတ် ၇ မှတ်အထိ ရရှိပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဒီပွဲကို မန်ယူကနေ ချယ်လ်ဆီးဆီကို ပြောင်းလာခဲ့တဲ့ တိုက်စစ်တောင်ပံကစားသမား ဂါနာချိုက ပွဲကြည့်စင်ထက်ကနေ လာရောက်ကြည့်ရှုအားပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က မန်ယူအနေနဲ့ ပင်နယ်တီလွဲပြီး တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့တဲ့ ဖူလ်ဟမ်ကို ဒီနေ့မှာ ချယ်လ်ဆီးက နှစ်ဂိုးပြတ် အနိုင်ယူပြသွားခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ မာရက်စ်ကာ ဟာ ၄-၂-၃-၁ ကစားကွက်နဲ့ အသင်းကို အထိုင်ချခဲ့ပြီး လီယန် ဒီလပ်က အထောင်တိုက်စစ်မှူးအဖြစ် ကစားသွားခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ချယ်လ်ဆီးကို ၄-၂-၃-၁ ကစားကွက်နဲ့ တန်ပြန်ခဲ့ပေမယ့် သိပ်ပြီး ထိရောက်မှု မရှိခဲ့ပါဘူး။ ချယ်လ်ဆီးဟာ ပထမပိုင်း ၄၅ မိနစ်အတွင်း အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 30, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၂၄ ရက်မှ ၃၀ ရက်အထိ စစ်အာဏာရှင်တပ်နဲ့ တအာင်းတပ် ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက် စစ်အာဏာရှင်တပ်နဲ့ တအာင်းတပ်တို့ဟာ ဩဂုတ်လ ၂၇ ရက်မှာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြပေမယ့် သဘောတူညီမှု မရခဲ့ဘူးလို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ် သိမ်းယူထားတဲ့မြို့နယ် ၁၂ ခုထဲက မန်တုံနဲ့ နမ့်ဆန် နှစ်မြို့နယ်ကိုပဲ တအာင်းတပ် အုပ်ချုပ်ခွင့်ရမှာဖြစ်ပြီး ကျန်မြို့နယ်တွေကို ပြန်ပေးရမယ်လို့ စစ်အာဏာရှင်တပ်က တောင်းဆိုတာကြောင့် သဘောတူညီမှု မရတာလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြချက်တွေအရ သိရပါတယ်။ အခုတစ်ကြိမ်ဆွေးနွေးပွဲမှာ တအာင်းတပ်ဘက်က ကျောက်မဲနဲ့ သီပေါမြို့တွေကို စွန့်လွှတ်မယ်လို့ […]

ရေဖြူ မရမ်းချောင်းရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ

Dawei Watch

August 30, 2025

ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းရှိ မရမ်းချောင်းရွာတွင် ယနေ့ သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ဆိုင်ကယ်စီးလာ သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတောက်တွင် ဒဏ်ရာအပြင်းအထန် ရကြောင်း ဒေသခံများက ပြောသည်။ ကလိန်အောင်မှ ဆိုင်ကယ်ဖြင့် မရမ်းချောင်းရွာသို့ ပြန်လာစဉ် မရမ်းချောင်းရွာနှင့် ကော့လှိုင်ရွာအကြား ရေး-ထားဝယ် ကားလမ်းမတွင် သစ်ပင်လှဲချ၍ ပိတ်ထားသည့်နေရာအား လမ်းဘေးမှ ရှောင်၍ ပတ်မောင်းစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဒဏ်ရာရသွားသည့် အမျိုးသားသည် မရမ်းချောင်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုသိန်းထိုက်ဦး (ခေါ်) ကိုမွန် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “တိုက်ပွဲကြောင့် ခြံထဲမှာသွားရှောင်နေကြရင်း ရိက္ခာပြတ်လို့ လင်မယားနှစ်ယောက်ဆိုင်ကယ်တစ်စီးစီနဲ့ ကလိန်အောင် ဘက်ကို စျေးထွက်ဝယ်တာ။ အသွားတုန်းက မဖြစ်ဘူး။ အပြန်မှာမှ […]

လောင်းလုံး စစ်ဘေးရှောင်ထောက်ပံ့ငွေ အရှုပ်အရှင်းကိစ္စ အမျိုးသမီးသုံးဦးကို ထိန်းသိမ်းထားဟု မော်ဒန်ပန့်အဖွဲ့ဆို

Dawei Watch

August 30, 2025

လောင်းလုံးမြို့နယ်အား ထောက်ပံ့သည့် စစ်ဘေးရှောင်ထောက်ပံ့ငွေ အရှုပ်အရှင်းဖြစ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး မြေပြင်တွင် ပိုက်ဆံလိုက်လံထောက်ပံ့ပေးသူ အမျိုးသမီးသုံးဦးကို ယာယီထိန်းသိမ်းထားကြောင်း မော်ဒန်ပန့် ( ModernPunks) အဖွဲ့တည်ထောင်သူ ကိုကြက်ဥက ပြောသည်။ ဩဂုတ်လ ၂၉ ရက် နေ့လယ်ပိုင်းတွင် တစ်ဦး၊ ဩဂုတ်လ ၃၀ ရက်တွင် နှစ်ဦးကို ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းဆိုသည်။ စစ်ဘေးရှောင် ထောက်ပံ့ငွေကြေး အရှုပ်၊အရှင်းဖြစ်နေသည့် ကိစ္စအားဖြေရှင်းပေးရန် ဒေသခံအချို့က Modern Punks အဖွဲ့အား လာရောက်တိုင်ကြားကြောင်း ကိုကြက်ဥကပြောသည်။ ယင်းသို့တိုင်ကြားလာသဖြင့် ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းကိုယ်စား မြေပြင်တွင် ထောက်ပံ့ကြေး လိုက်လံပေးအပ်သူများအပါအဝင် သက်ဆိုင်ရာကျေးရွာသုံးရွာမှ ဒေသခံများအား ခေါ်ယူကာ လူအများရှေ့တွင်ပင် စစ်ဆေးခဲ့ကြောင်း ကိုကြက်ဥကနှင့် ဒေသခံအချို့က ပြောသည်။ ထိုကဲ့သို့ စစ်ဆေးရာတွင် စစ်ဘေးရှောင်ထောက်ပံ့ငွေများထဲမှ ငွေကြေးဖြတ်တောက်ထားသည်ကို တွေ့ရရှိရသဖြင့် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 29, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၂၃ မှ ၂၉ ရက်အထိ မက္ကဆီကိုလွှတ်တော်ထဲတွင် ထိုးကြိတ်ရန်ဖြစ် မက္ကဆီကိုနိုင်ငံ အထက်လွှတ်တော်မှာ ပါတီခေါင်းဆောင်နဲ့ လွှတ်တော် ဥက္ကဌနှစ်ဦး ဩဂုတ် ၂၇ ရက်က ထိုးကြိတ်ရန်ဖြစ်မှု ဖြစ်ခဲ့ပါတယ်။  နိုင်ငံထဲ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွေ ထားရှိတာနဲ့ပတ်သက်ပြီး စကားစစ်ထိုးပွဲ အပြီးမှာ ထိုးကြိတ်ရန်ဖြစ်ခဲ့တာပါ။ နိုင်ငံတော်သီချင်း သီဆိုနေချိန် အတိုက်အခံပါတီဖြစ်တဲ့ တော်လှန်ရေးပါတီ (PRI) ရဲ့ ခေါင်းဆောင် အာလက်ဟန်းဒရိုး မိုရေနို (Alejandro Moreno) ဟာ လက်ရှိအာဏာရ မိုရီနာပါတီရဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဂျရတ်ဒို ဖာနန်ဒက်ဇ် နိုရိုနာ (Gerardo Fernández Noroña) ဆီကို လာရောက်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ […]

လောင်းလုံး နခံတောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

August 29, 2025

လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၉ရက် မွန်လွဲပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်ခတ်ခံရပြီး သေဆုံးသူသည် လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာသား အသက် ၄၀ ကျော်အရွယ် ဦးအောင်အောင်ဘို ဖြစ်ပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က နခံတောကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ လက်နက်ကိုင် အဖွဲ့တစ်ခုက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “နောက်စေ့ပွင့်ဒဏ်ရာနဲ့ မျက်လုံးမှာ ဒဏ်ရာတစ်ချက် တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုအောင်အောင်ဘို ကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို အတည် မပြုနိုင်သေးပေ။ အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကို Dawei Watch […]

ပုလော ဇရပ်ဆိပ်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ဘုန်းကြီးကျောင်းဆောင်များပျက်စီး

Dawei Watch

August 29, 2025

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်းရှိ အဆောက်အအုံ သုံးဆောင်ပျက်စီးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဩဂုတ် ၂၉ရက် မွန်းလွဲ ၁နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဇရပ်ဆိပ်ရွာကို ဗုံးကြဲခြင်းဖြစ်ပြီး ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် အခြားကျောင်းဆောင်တစ်ဆောင် ပျက်စီးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဆောင် သုံးဆောင်က လုံးဝပျက်စီးသွားတယ်။ နှစ်ထပ်ကျောင်းကြီးမှာက နည်းနည်းပါးပါး အစ စင်သွားတယ်။ နံရံတွေမှာ အပေါက်တွေလည်း ဖြစ်ကုန်တယ်” ဟု ၎င်းက ပြောဆိုသည်။ ဇရပ်ဆိပ်ရွာတွင် လူအနည်းငယ်သာ နေထိုင်ကြပြီး ကျန်သည့်ဒေသခံများမှာ စစ်ဘေးရှောင်နေကြသဖြင့် ရွာသား ထိခိုက်မှု မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လာကြဲတာက ပေါင် ၃၀၀ […]

ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့က လောင်းလုံးတွင် ပထမဆုံးရုံးခွဲဖွင့်

Dawei Watch

August 29, 2025

ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့(ထားဝယ်)က လောင်းလုံးမြို့နယ်တွင် ပထမဆုံး ရုံးခွဲဖွင့်၍ အရေးပေါ်လူနာများကိုစတင်၍ကူညီ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ထံမှသိရသည်။ ဇမ္ဗူသီရိရုံးခွဲကို လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာတွင် ဩဂုတ်လ ၂၅ ရက်နေ့က စဖွင့်ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်တစ်စီး၊ စေတနာ့ဝန်ထမ်း ၉ ဦး တို့က အရေးပေါ်လူနာများကို ၂၄ နာရီ ကူညီ ဆောင်ရွက်ပေးနေကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိကကတော့ ဒေသခံတွေ ဆေးဖက်ဆိုင်ရာအကူအညီတွေ လက်လှမ်းမီအောင်ပေါ့နော်။ ကျန်တဲ့ ဒေသတွေမှာလည်း အခုလိုမျိုး လုပ်ပေးနိုင်စွမ်းရှိတဲ့သူတွေကို ဖိတ်ခေါ်ထားတယ်”ဟု ၎င်းကဆိုသည်။ ထားဝယ်ခရိုင်တွင် ယခင်က ကျေးရွာအများစု၌ အရေးပေါ် လူနာတင်ယာဉ်အသင်းအဖွဲ့များ ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများနှင့်အတူ ကျေးရွာအခြေပြု လူမှုကူညီရေးအသင်းအဖွဲ့ အားလုံးနီးပါး ရပ်ဆိုင်းသွားကြသည်။ ယင်းကြောင့် ဒေသခံပြည်သူများ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရပြီး […]