စစ်ကိုင်းမြို့တွင် ပိတ်မိနေသူ ၃၀ကျော်ကို အသက်ရှင်လျက်ကယ်ထုတ်
Dawei Watch
March 30, 2025စစ်ကိုင်းမြို့တွင် ငလျင်ကြောင့်ပြိုကျသွားသည့် အဆောက်အအုံများတွင် ပိတ်မိနေသူ ၃၆ ဦးကို အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ငလျပ်လှုတ်ခတ်ပြီးနောက် ယနေ့ မတ်လ ၃၀ ရက်အထိ ရှာဖွေကယ်ထုတ်ထားသည့် စာရင်းဖြစ်ပြီး သေဆုံးသူ ၈၈ ဦးတို့၏ ရုပ်အလောင်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြာင်း ထုတ်ပြန်ထားသည်။ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်များ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ အ.ထ.က (၁) စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်များတွင် ပိတ်မိနေသူများကို ရှာဖွေနေကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ […]


