ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ ညောင်ပင်ကွင်းရွာဂိတ်တွင် ဖမ်းဆီးခံရသူများအနက် ခရီးသွားနှစ်ဦး ငါးရက်ကြာအထိ ပြန်မလွတ်သေး

Dawei Watch

September 22, 2025

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာရှိ စစ်အာဏာရှင်တပ်၏ တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ခရီသွား ၁၀ဦးဝန်းကျင်အနက် အမျိုးသား နှစ်ဦးမှာ ငါးရက်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၈ ရက် နေ့လယ်တွင် ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်တွင် ခရီးသွား ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီးနောက် ညနေ ၄နာရီခန့်တွင် တံတားဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် ခရီးသွားများအနက် ပဝရွာသားနှစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦးကို ညပိုင်းတွင် ပြန်လွတ်လာပြီး စက်တင်ဘာလ ၂၁ ရက်တွင်လည်း ပဝရွာသား အမျိုးသားတစ်ဦးနှင့် သဘော့လိပ်ရွာသူ အမျိုးသမီးတစ်ဦးတို့ ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။ “အဲဒီရက်က (စက်တင်ဘာ၁၈) လမ်းသွားလမ်းလာတွေ အကုန်ခဏအတွင်း ဖမ်းလိုက်တယ်။ ညနေဘက် တံတားပိတ်ပြီး ဘယ်သူမှ ပေးမဖြတ်တော့ဘူး။ […]

မြန်မာဖိုက်တာလှဝင်း ဒုတိယပွဲချီမှာ ဆေးရှုံး ရှုံးပြီး ဒိုင်ပွဲရပ်နဲ့ အရေးနိမ့်သွားခဲ့ရပြီ

Dawei Watch

September 22, 2025

မြန်မာဖိုက်တာ လှဝင်း ဟာ ထိုင်းဖိုက်လိဂ်ပွဲစဉ်အဖြစ် စကော့တလန်ဖိုက်တာ ဂရီဂေါ်နဲ့ ထိုးခဲ့တဲ့ပွဲမှာ ဆရာဝန်က ပွဲကို ဆက်ထိုးဖို့ ခွင့်မပြုတော့တဲ့အတွက် ဆေးရှုံးပြီး ဒိုင်ပွဲရပ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကာပီက Wolrd Siam Stadium မှာ စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ Thai Fight League 85 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ လှဝင်း အရေးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာဖိုက်တာ လှဝင်းဟာ Thai Fight League 85 မှာ စကော့တလန်ဖိုက်တာ ဂရီဂေါ်နဲ့ ထိုးခဲ့ရပြီး ဒီပွဲရဲ့ဒုတိယပွဲချီမှာ ဆရာဝန်က လှဝင်းကို ဒဏ်ရာအခြေအနေကြောင့် ပွဲဆက်ထိုးဖို့ ခွင့်မပြုတော့တဲ့အတွက် ဆေးရှုံးပြီး ဒိုင်ပွဲရပ်နဲ့ အရေးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ လှဝင်းဟာ သူ့ထက် […]

၁၉၆၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလအစည်းအဝေးသို့ ဆီးရီးယားခေါင်းဆောင်တက်မည်

Dawei Watch

September 22, 2025

ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်ရှာရာသည် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး တက်ရောက်ရန် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းမှာ ၁၉၆၇ ခုနှစ်နောက်ပိုင်းကတည်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအစည်းအဝေးသို့ ဆီးရီးယားသမ္မတတစ်ဦး ပါဝင်တက်ရောက်လာခြင်း ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင်မီဒီယာက ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကြေညာသည်။ ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်ရှာရာသည် ယခင်က အယ်ကိုင်းဒါးအဖွဲ့ခွဲတစ်ခု၏ ခေါင်းဆောင်ဖြစ်ဖူးပြီး ၎င်း၏ ဦးခေါင်းအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုငွေ အထုတ်ခံရဖူးသူ ဖြစ်သည်။ အာမက်အယ်လ်ရှာရာသည် ယခုနှစ် မေလက ဆော်ဒီနိုင်ငံ ၊ ရီယာ့ဒ်မြို့မှ ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး သံတမန်ရေးအရ အဓိကအောင်မြင်မှုတစ်ခု ရရှိခဲ့သည်။ ဆီးရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအများစုကို […]

Hacker တွေအန္တရာယ်ကြောင့် အကောင့်ဖျက်ထားတဲ့ ဂျိုရှူအာဗန် Facebook Page အသစ် ပြန်ဖွင့်ပြီဟုဆို

Dawei Watch

September 22, 2025

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ Facebook Page အသစ် ဖွင့်လိုက်ပြီဖြစ်ပါတယ်။ Page အသစ်မှာ ဂျိုရှူအာဗန်က Reels ဗီဒီယိုဖိုင် လွှင့်တင်ပြီး “ဒါဟာ သူ့ရဲ့ Facebook Page အသစ်ဖြစ်တယ်၊ Facebook ဆီကို သူ ပြန်လာပြီ။ ချစ်ခင်အားပေးသူတွေ၊ ပရိသတ်တွေက Follow လုပ်ထားပေးပါဦး”လို့ ဂျိုရှူအာဗန်က ဖိတ်ခေါ်သွားခဲ့ပါတယ်။ ဂျိုရှူအာဗန်ဟာ အခုမတိုင်ခင် Facebook Page နှစ်ကြိမ် ဖွင့်လှစ်အသုံးပြုခဲ့ပေမယ့် Hacker တွေရဲ့အန္တရာယ်ကြောင့် အဲ့ဒီ Page နှစ်ခုလုံးကို သူက ဖြုတ်ချဖျက်သိမ်းခဲ့ရပါတယ်။ အခုတစ်ကြိမ်ကတော့ ဂျိုရှူအာဗန်ရဲ့ တတိယအကြိမ်မြောက်အဖြစ် Facebook Page ဖွင့်လှစ်ခြင်းပါပဲ။ သူတို့နှစ်ယောက်ရဲ့ပွဲစဉ်ဟာ ဒီဇင်ဘာလ ၆ ရက်နေ့ရောက်ရင်ကျင်းပမယ့် UFC 323 ပြိုင်ပွဲကြီးရဲ့ခေါင်းစဉ်အောက်မှာ ပါဝင်လာလိမ့်မယ်လို့ […]

ရန်ကုန်-မြိတ် ယာဥ်လိုင်းမှ Express ကားတစ်စီး မတော်တဆမှုဖြစ်ပြီး ယာဥ်မောင်း ဒဏ်ရာရ

Dawei Watch

September 22, 2025

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မုဒုံမြို့အကြားရှိ သာယာကုန်းတိုးဂိတ်အနီးတွင် စက်တင်ဘာလ ၂၁ ရက် ည ၇ နာရီဝန်းကျင်ခန့်က မှန်လုံကားတစ်စီး မတော်တဆဖြစ်ပြီး ယာဥ်မောင်းဒဏ်ရာရသွားကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။ ယင်းကားမှာ ရန်ကုန်-ထားဝယ်-မြိတ် ခရီးသည်တင်ယာဥ်လိုင်း ပြေးဆွဲနေသည့် Angel ယာဥ်လိုင်းမှ ကားဖြစ်ကြောင်း၊ စက်ချို့ယွင်းနေသဖြင့် ခရီးသည်နှင့်ကုန်များကို အခြားကားတစ်စီးကို ပြောင်းတင်ပြီးနောက် ထားဝယ်မြို့ မှ ရန်ကုန်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာစဥ် မတော်တဆမှု ဖြစ်ခဲ့ကြောင်း အဆိုပါယာဥ်လိုင်းထံမှသိရသည်။ ” ကားက စက်ချို့ယွင်းမှုရှိလို့ ပစ္စည်းတွေ အခြားကားတစ်စီးနဲ့ ပြောင်းချိန်းပြီး ပြန်ပြင်ဖို့ ရန်ကုန်ဘက်ကို ထိန်းမောင်းလာရင်းနဲ့ ဖြစ်တာပေါ့နော်။ ကားပေါ်မှာ ခရီးသည်တွေမပါဘူး။ ပထမ တိုးဂိတ်က လမ်းလယ်ကြောကို တိုက်သေးတယ်။ ပြီးမှ လမ်းဘေးဆွဲချပြီး ဘေးက အဆောက်အဦး တစ်ခုကို တိုက်မိသွားတယ် […]

ထားဝယ်တွင် ရေထွက်ကုန်များ ဈေးကျ

Dawei Watch

September 20, 2025

ထားဝယ်မြို့တွင် ယခုသီတင်းပတ်အတွင်း ငါး၊ ပုစွန်များ ဈေးကျနေကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန်ငါးဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။ ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်များ အဝင်များပြီး ဈေးဝယ်သူနည်း၍ ဈေးကျခြင်းဖြစ်ကြောင်း ရေထွက်ကုန်များ လက်လီ/လက်ကား ဖြန့်ချိရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “ငါးပေါတယ်။ ဝယ်သူကမရှိ။ ဒါကြောင့် စျေးကျတာ”ဟု ၎င်းက ဆိုသည်။ စက်တင်ဘာလ ၁၃ ရက်က ထားဝယ်မြို့၏ ရေထွက်ကုန်ဈေးကွက်တွင် ငါးဒွန်းခြင်းငါး တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် တစ်ပိဿာ ၇၀၀၀ကျပ်၊ ပါလန်းခေါ် (အာဗြဲ) ငါးတစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၅၀၀၀ကျပ်သို့ တစ်ပတ်အတွင်း ဈေးခေါက်ချိုး ကျသွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ယင်အပြင် စက်တင်ဘာလ ၁၃ရက်‌က ငါးကွန်းရှပ်ကြီး တစ်ပိဿာ […]

လေကြောင်းဗုံးကြဲမှုဆက်တိုက်ရှိသည့် ထားဝယ်တွင် ရိုးရာသပိတ်မျှောပွဲ ညလုံးပေါက်ကျင်းပရန်ပြင်ဆင်

Dawei Watch

September 20, 2025

ထားဝယ်မြို့ပေါ်တွင် နှစ်ညဆက်တိုက် ညလုံးပေါက် ဖျော်ဖြေရေးအစီအစဥ်များဖြင့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ကျင်းပရန်စီစဥ်နေကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကြိုးပမ်းနေသူများနှင့် မြို့ခံအချို့ထံမှ သိရသည်။ လာမည့် အောက်တိုဘာလ ၅ရက် ညနှင့် သပိတ်မျှောပွဲကျင်းပမည့် ၆ ရက်ည (သီတင်းကျွတ်လပြည့်) တို့တွင် ဇာတ်သဘင်၊ ခေတ်ပေါ် တေးဂီတများဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး လာရောက်သူများကို စတုဒီသာ ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း ပွဲတော် ဖြစ်မြောက်ရေးအဖွဲ့က နှိုးဆော်ထားသည်။ သပိတ်မျှောပွဲ ကျင်းပနိုင်ရန်စီစဥ်နေမှုများနှင့် ပတ်သက်၍ ပွဲတော်ဖြစ်မြောက်ရေးဦးဆောင်နေသူတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သော်လည်း အသေးစိတ် မဖြေကြားသေးပေ။ “စောပါသေးတယ်။ သပိတ်မျှောပွဲနီးမှ ပြန်ပြောပေးပါမယ်” ဟု ၎င်းက ပြောသည်။ ထားဝယ်ခရိုင်အတွင်း လေကြောင်းဗုံးကြဲတိုက်ကြဲမှုများ နေရာအနှံ့ဖြစ်ပွားနေချိန် ထားဝယ်မြို့ပေါ်တွင် သပိတ်မျှောပွဲ ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ စက်တင်ဘာလ ၁၇ရက်က ထားဝယ်ခရိုင် […]

ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းရွာကို စစ်အာဏာရှင်တပ် လေကြောင်းဖြင့် ကိုးရက်ဆက်ဗုံးကြဲ

Dawei Watch

September 20, 2025

တနင်္သာရီမြို့ နယ် ထိုင်း -မြန်မာ နယ်စပ်ကုန်သွယ်‌ရေးလမ်းရှိ သိန်ခွန်းကျေးရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေရာ စစ်အာဏာရှင်တပ်လေကြောင်းဖြင့် ကိုးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက် ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ တိုက်ပွဲပြင်းထန်ခဲ့သည့် သိန်ခွန်းရွာနှင့် အနီးဝန်းကျင်ကို စက်တင်ဘာလ ၉ရက်မှ ၁၇ရက်အထိ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တစ်ရက်ကို နှစ်ကြိမ်လာကြဲတဲ့အခါ လာကြဲတယ်။ တစ်ခါတစ်လေဆို တစ်ကြိမ်လာကြဲတယ်။ အနည်းဆုံး ပေါင်၅၀၀ တစ်လုံး လာကြဲတယ်။ အများဆုံးတော့ သုံးလုံးလာကြဲတယ်” ဟု ၎င်းက ပြောသည်။ စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နှင့် Mi 2 စစ်ရဟတ်ယာဥ်တို့အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောဆိုသည်။ လေကြောင်းကဗုံးကြဲရာတွင် အများအားဖြင့် နှစ်စီးလာလေ့ပြီး တစ်စီးက အချိန်ကြာမြင့်စွာ ဝဲပျံနေပြီးမှ […]