အမေရိကန်နှင့် ကနေဒါ ဆေးပညာရှင်များ မြန်မာငလျင်ဒဏ်သင့်နေရာတွင် ဆေးရုံလာဖွင့်မည်
Dawei Watch
April 1, 2025အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံက ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်များပါသော ဆေးပညာအဖွဲ့များ မြန်မာငလျင်ဘေးသင့်နေသူများကိုကူညီရန် လာရောက်နေပြီး ယာယီဆေးရုံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ဆေးအဖွဲ့သည် ခရစ်ယာန် Samaritan’s Purse အဖွဲ့ကဖြစ်ကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန်က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဆေးအဖွဲ့သည် ငလျင်ဒဏ်သင့်ဒေသတွင် ခွဲစိတ်ခန်းနှစ်ခန်းပါသော ယာယီဆေးရုံကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ယာယီဆေးရုံထဲတွင် အရေးပေါ် လူနာဆောင်၊ ဓါတ်ခွဲခန်းနှင့် ဆေးပေးခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဆေးဝန်ထမ်းအရေအတွက် ၁၃၀ ဦးရေအထိရှိမည်ဖြစ်ပြီး ဆရာဝန်၊ သူနာပြု၊ ကယ်ဆယ်ရေးအဖွဲ့များ၊ နည်းပညာရှင်များနှင့် ရေကျွမ်းကျင်ပညာရှင်များလည်း ပါဝင်မည်ဟု ဆိုသည်။ ဆေးအဖွဲ့သည် မူလထားရှိသော ကနေဒါနိုင်ငံက စတင်ထွက်ခွာလာနေပြီဖြစ်ပြီး နောက်ထပ် ဆေးရုံသုံးပစ္စည်းနှင့် အရေးပေါ်ပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ နောက်ထပ် စောင်၊ […]


