ရာဂါဆာ မုန်တိုင်းကြောင့် မြန်မာနှင့် ထိုင်းတွင် မိုးဆက်ကြီးနိုင်
Dawei Watch
September 23, 2025ရာဂါဆာ အမည်ရှိ တိုင်ဖွန်းမုန်တိုင်း၏အရှိန်ကြောင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် စက်တင်ဘာလကုန်အထိ မိုးဆက်ကြီးမည်ဖြစ်ကြောင်း မိုးလေဝသဌာနများက အသိပေးထားသည်။ ဖိလစ်ပိုင် ပင်လယ်ပြင်အနောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေကြောင်း ယနေ့ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်း တိုင်းတာတွေ့ရှိချက်ကို စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ မုန်တိုင်းသည် စက်တင်ဘာလ ၂၄ ရက်တွင် တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသများသို့ ရောက်ရှိနိုင်ကာ ယင်းမှတစ်ဆင့် စက်တင်ဘာလ ၂၅ ရက်တွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေဒေသများကို အပူပိုင်းမုန်တိုင်းအဖြစ်ဖြင့် ဖြတ်ကျော်နိုင်ကြောင်း ဖော်ပြသည်။ မုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးဆက်ရွာသွန်းနေမည်ဖြစ်ပြီး တနင်္သာရီ၊ ရန်ကုန် ၊ ပဲခူး ၊ ဧရာဝတီ၊ […]


