BREAKING
November 13, 2025

သတင်း

အေးချမ်းသာဟိုတယ် ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ထပ်မံကယ်တင်

Dawei Watch

April 2, 2025

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဟိုတယ်အေးချမ်းသာ အဆောက်အအုံတွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦး အသက်ရှင်လျက် ထပ်မံကယ်တင်နိုင်သဖြင့် ပိတ်မိနေသူ နှစ်ဦးစလုံးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါနေရာတွင် တူရကီနိုင်ငံက GEA Search and rescue ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ငလျင်ကြောင့် ပြိုကျခဲ့သည့် ဟိုတယ်အဆောက်အအုံထဲတွင် ပိတ်မိနေသူ အမျိုးသားနှစ်ဦးကို ရှာဖွေကယ်ထုတ်ရာ ယနေ့ ဧပြီလ ၂ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး မွန်းလွဲ ၂နာရီခန့်တွင် နောက်တစ်ဦးကို ထပ်မံကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ မန္တလေး Sky Villa ကွန်ဒို၊ TULIP တည်းခိုခန်း၊ ပျော်ဘွယ်မြို့ရှိ KBZ ဘဏ်အဆောက်အအုံ၊ အောင်ပန်းမြို့က ဟိုတယ်အောင်ပန်းတို့တွင် ယနေ့ […]

ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲဆက်ဖြစ်

Dawei Watch

April 2, 2025

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်းရွာကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထပ်ထိုးလာသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၂၉ရက် နံနက် ၈နာရီ ၄၀မိနစ်ခန့်တွင် သိန်ခွန်းကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထပ်ထိုးလာသဖြင့် တိုက်ပွဲများဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်များသည် ရွာ၏တစ်ပိုင်းစီ နေရာယူထားကြပြီး လက်ရှိတွင် တော်လှန်ရေးတပ်များရှိရာဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အထိနာသွားပါက အနီးအနားရှိ ချောင်းနှစ်ပေါက်ရွာဘက်သို့ ခေတ္တပြန်ဆုတ်သွားလေ့ရှိပြီး ယင်းနောက် သိန်ခွန်းရွာကို စစ်ကြောင်းပြန်ထိုးလေ့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ ”စစ်ကောင်စီဘက်က အရင်တိုက်ပွဲတွေက နာသွားတဲ့လူနာတွေကို ပြန်သယ်ချနေတုန်း သုံးရက် လေးရက်ငြိမ် သွားတယ်။ အင်အားနဲ့ ရိက္ခာတွေ ထပ်ဖြည့်ပြီးရော စစ်ကြောင်းပြန်ထိုးတာပဲ” ဟု အထက်ပါတပ်ဖွဲ့ဝင်က […]

စစ်ကိုင်းတွင် အမျိုးသားတစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်၊ ရှာဖွေရာတွင် မလေးရှားအဖွဲ့ပါဝင်

Dawei Watch

April 2, 2025

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတော်တည်းခိုခန်း ငလျင်ကြောင့် ပြိုကျပျက်စီးမှုတွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဧပြီလ ၂ရက် မွန်းလွဲပိုင်းတွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် မလေးရှားနိုင်ငံက ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့ ပါဝင်သည်ကိုတွေ့ရသည်။ ငလျင် ဗဟိုချက်ဖြစ်ပြီး ထိခိုက်ပျက်စီးသေကြေမှု အလွန်များခဲ့သည့် စစ်ကိုင်းမြို့တွင် မလေးရှားနှင့် တရုတ်နိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များပါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။ ငလျင် ၆ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၂ရက်တွင် နေပြည်တော်ရှိ အောင်ချမ်းသာဟိုတယ်တွင်လည်း ပိတ်မိနေသည့် အမျိုးသားနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။

မစိုးရိမ်တိုက်သစ်တွင် ရဟန်းအလောင်း ၇ လောင်းထပ်မံ သယ်ထုတ်နိုင်ခဲ့

Dawei Watch

April 2, 2025

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်တွင် ယနေ့(ဧပြီ ၂) မွန်းတည့် ၁၂ နာရီခွဲအထိ ရဟန်းအလောင်း ၇ လောင်းကို ထပ်မံသယ်ထုတ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ရုပ်အလောင်းများမှာ ပြိုကျသည့်အလွှာများ အထပ်ထပ်ဖိထားသဖြင့် အလွာတစ်လွှာခြင်းဖောက်၍ ခက်ခက်ခဲခဲ သယ်ထုတ်ယူခဲ့ကြရကြောင်း ကယ်ဆယ်ရေးတွင်ပါဝင်ဆောင်ရွက်နေသူ တစ်ဦးကပြောသည်။ “ဒီမနက် ရဟန်း Dead Body ခုနှစ်ခု ထုတ်ယူနိုင်တယ်။ ပျက်စီးတဲ့ရုပ်အလောင်းလည်း ပျက်စီးနေပြီ ခုတော့ငလျင်သတိပေးချက် တစ်ခုကြောင့် ကျွန်တော်တို့နားနေပါတယ်”ဟု ၎င်းကပြောသည်။ ငလျင်ဒဏ်ကြောင့် မစိုးရိမ်တိုက်သစ်တွင် ရဟန်း ၂၁ ပါးပျံလွန်တော်မူပြီး ၄၅ ပါး ဒဏ်ရာရရှိခဲ့ကြောင်း မစိုးရိမ်တိုက်သစ် ထုတ်ပြန်ချက်အရသိရသည်။ ဧပြီလ ၁ ရက်နေ့ကစပြီး ယနေ့ မွန်းလွဲချိန်ထိ ရဟန်းအလောင်း ၁၂ လောင်း နှင့် ကိုရင်အလောင်း […]

မွန်တွင် သင်္ကြန်ပွဲတော် ကျင်းပရန် စစ်ကောင်စီဆက်လုပ်

Dawei Watch

April 2, 2025

မြန်မာနိုင်ငံတွင် ငလျင်ဒဏ် ပြင်းထန်စွာခံစားနေရပြီး လူသေဆုံးမှုများရှိနေသော်လည်း စစ်ကောင်စီက မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရန် ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေသည်။ သင်္ကြန်ပွဲတော်အတွက် ပြည်နယ်စစ်ကောင်စီက မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ်များကို ဧပြီလ ၁ ရက်နေ့ကစပြီး ဆောက်လုပ်နေကြသည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ “ကမ်းနားတစ်လျှောက်မှာ ဗဟိုမဏ္ဍပ်ရော၊ ဌာနဆိုင်ရာ မဏ္ဍပ်တွေရော ဆောက်နေတယ်။ သင်္ကြန်အတွက် ပြင်ဆင်နေကြတာပေါ့။ ကြည့်ရတာ သင်္ကြန်ကို မစည်စည်အောင် သူတို့ လုပ်မယ့်သဘောပါ။ ငလျင်ကြောင့် လူတွေ ဒီလောက်ဒုက္ခတွေရောက်နေတာကို အပြင်အဆင်မပျက် လုပ်နေတာတွေ့တော့ ပြောစရာစကားတောင် မရှိတော့ဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ သင်္ကြန်ပွဲတော်ကာလ စည်ကားစေရန်အတွက် မော်လမြိုင်မြို့တွင် လမ်းလျှောက် သင်္ကြန်ပါထည့်သွင်း ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြီးခဲ့သည့် […]

ထိုင်းတွင် လျှပ်စစ်မီတာခ စျေးနှုန်းများ လျှော့ပေးမည်

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံတွင် သုံးစွဲနေသော လျှပ်စစ်မီတာခ ဈေးနှုန်းများကို လာမည့် မေလ ၁ ရက်နေ့မှစ၍ လျှော့ချသွားရန် အစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယခင်လျှပ်စစ်မီတာခ တစ်ယူနစ် ၄ ဒသမ ၁၅ ဘတ်မှ ၃ ဒသမ ၉၉ ဘတ်သို့ လျှော့ချရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။ မီတာခလျှော့ချမှုသည် လာမည့် မေလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ လေးလတာ အကျုံးဝင်မည်ဖြစ်သည်။ အိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးလိုသော ရည်ရွယ်ချက်ဖြင့် မီတာခဈေးနှုန်းများကို လျှော့ချပေးခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က ပြောသည်။ စွမ်းအင်ဝန်ကြီးဌာနက ဈေးနှုန်းများကို ၄ ရာခိုင်နှုန်းလျှော့ချပေးရန် အဆိုပြုသည့်အပေါ် ဝန်ကြီးချုပ်အဖွဲ့က မီတာခဈေးနှုန်းများ တစ်ယူနစ် ၃ ဒသမ […]

ငလျင်ဒဏ်သင့်သူများ၏ မိသားစုဝင်များကို ထိုင်းဝန်ကြီးချုပ် တွေ့ဆုံအားပေး

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူများကို စောင့်ဆိုင်းနေသည့် မိသားစုဝင်များအား ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က ယနေ့တွင် ထပ်မံလာရောက်အားပေးခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၂ ရက်နေ့ အဆောက်အအုံပြိုကျသော နေရာသို့ ထပ်မံရောက်လာချိန်တွင် မိသားစုဝင်များကို ကိုယ်တိုင်သွားရောက် အားပေးခဲ့ခြင်းဖြစ်သည်။ အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသော အလုပ်သမား ၈၃ ဦး ရှိနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က နှစ်သိမ့်အားပေးခဲ့သည်။ မိသားစုဝင်များအား နေမကောင်းမဖြစ်စေပဲ အချိန်မှန်စားရန်၊ ကျန်းမာရေးဂရုစိုက်ရန် အားပေးခဲ့ပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း နောက်ဆုံးအခြေအနေကို ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် ယခုလအတွင်း ရက်ရှည်မိုးရွာနိုင်ပြီး မိုးများနိုင်

Dawei Watch

April 2, 2025

စစ်ဘေးရှောင် ခုနစ်သောင်းခန့်ရှိနေသည့် တနင်္သာရီတိုင်းအတွင်း ဧပြီလ ပထမဆယ်ရက်ပတ်အတွင်း လေးရက်မှ ရှစ်ရက်ကြား မိုးရက်ရှည်ရွာနိုင်ခြေရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဧပြီလထဲ နှစ်စဉ်ပုံမှန်ရွာသွန်းနေကျထက် မိုးပိုရွာနိုင်ကြောင်းလည်း ခန့်မှန်ထားသဖြင့် စစ်ဘေးရှောင်များအတွက် အခက်အခဲများ ကြုံလာရမည်ဖြစ်သည်။ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ကရင်၊ မွန် စသည့်တိုင်းနှင့်ပြည်နယ်တို့တွင်လည်း တနင်္သာရီတိုင်းနည်းတူ မိုးရွာသွန်းမည်ဖြစ်ပြီး ပုံမှန်ထက်မိုးပိုနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ငလျင်းဘေးသင့်ဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင်လည်း မိုးရွာနိုင်သော်လည်း ဧပြီလတွင် ယခင်ရွာသွန်းနေကျ မိုးရေချိန်ထက်လျော့နည်းနိုင်ကြောင်း ဖော်ပြထားသည်။ တနင်္သာရီတိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအနီးဝန်းကျင်တစ်ခုလုံးကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသလို တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်များတွင်လည်း တိုက်ပွဲများ၊ စစ်ကြောင်းထိုးမှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ အများအပြားရှိနေသည်။ မိုးရွာသွန်းလာပါက အဆိုပါစစ်ဘေးရှောင်များအတွက် နေရေး၊ ထိုင်ရေးအခက်အခဲရှိလာမည့်အပြင် […]