သရက်ချောင်း ကျောက်လှေကားရွာဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်၊ နေအိမ်အချို့မီးရှို့ခံထားရ
Dawei Watch
September 30, 2025သရက်ချောင်းမြို့နယ် ကျောက်လှေကားရွာဘက်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားနေအိမ်အချို့ မီးရှို့ခံထားရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံက သိရသည်။ စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ဥတ္တူရွာမှ အင်းပြားရွာ၊ ကျောက်လှေကားရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ “ဒီနေ့လည်း မနက် ၅ နာရီလောက်ကတည်းက ထပစ်နေကြတာ။ (မနေ့က ညပိုင်းမှာ) အိမ်တွေလည်းမီးရှို့ခံထားရတယ်။ ဘယ်လောက်များလဲတော့ မသိဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၂၉ရက် နံနက်စောစောပိုင်းကတည်းက ကျောက်လှေကားရွာဘက်တွင် နှစ်ဖက်ပစ်ခတ်သံများကြားနေရပြီး ယနေ့ နံနက်တွင်လည်း ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း စော်ဖျားရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ပစ်သံကြားတာနဲ့ ကျွန်မတို့လည်းပြေးလာတာပဲ။ အရင်တုန်းကလို နေနေလို့မရတော့ဘူး။ အိမ်တွေမီးရှို့ထားတယ်လို့ […]


