မြန်မာဖိုက်တာ သန့်ဇင်နှင့် ထိုင်းဖိုက်တာ ပက်ဆူကန်ဗစ်တို့ ဧပြီလ ၁၈ ရက်နေ့ ထိုးမည်
Dawei Watch
April 7, 2025မြန်မာဖိုက်တာ သန့်ဇင် သည် လာမည့်ဧပြီလ ၁၈ ရက်နေ့၌ ပွဲထိုးရတော့မည်ဖြစ်ပြီး ယခုပွဲစဉ်တွင် သန့်ဇင် ရင်ဆိုင်ရမည့်ပြိုင်ဘက်မှာ ထိုင်းဖိုက်တာ ပက်ဆူကန်ဗစ် ဖြစ်ကြောင်း ONE Championship က ဖော်ပြထားသည်။ သန့်ဇင်နှင့် ပက်ဆူကန်ဗစ်တို့သည် ဧပြီလ ၁၈ ရက်နေ့တွင် ကျင်းပမည့် ONE Friday Fights 105 တွင် ပွဲထိုးရလိမ့်မည်ဖြစ်ပြီး ပက်ဆူကန်ဗစ်မှာ ယခုမတိုင်မီ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီးဖြစ်သည်။ သန့်ဇင်သည်လည်း တာကေးရုနှင့် ဆူရီယန်လက်ခ်တို့ကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီဖြစ်၍ ယခုပွဲစဉ်တွင် နိုင်ပွဲပြန်လည်ရှာဖွေရရှိရန် လိုအပ်နေပြီဖြစ်သည်။ ပက်ဆူကန်ဗစ် သည် နောက်ဆုံးအရေးနိမ့်ခဲ့သော ပွဲစဉ် ၃ ပွဲ၌ အမှတ်ဆုံးဖြတ်ချက်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် သန့်ဇင်အနေနှင့် အလောတကြီး ပွဲထိုးခြင်းထက် ဒုတိယပွဲချီနှင့် […]


