BREAKING
November 13, 2025

သတင်း

အီရန်အဏုမြူလက်နက်အရေး အီရန်- အမေရိကန် အရေးကြီးဆွေးနွေးပွဲ ယနေ့ စမည်

Dawei Watch

April 12, 2025

အီရန်အဏုမြူလက်နက်အရေးနှင့် ပတ်သက်သည့် အီရန်-အမေရိကန် နှစ်နိုင်ငံအရေးကြီးဆွေးနွေးပွဲတစ်ရပ်ကို အိုမန်နိုင်ငံ မြို့တော်မတ်စကက်တွင် ယနေ့ စတင်မည် ဖြစ်သည်။ ဆွေးနွေးပွဲရလဒ် သဘောတူညီချက်မရလျှင် အမေရိကန်က စစ်ရေးအင်အားအသုံးပြုမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားသည်။ အမေရိကန်၏ မည်သည့်တိုက်ခိုက်မှုမဆို အရှေ့အလယ်ပိုင်းတွင် ပိုမိုကြီးမားသည့် စစ်ပွဲတစ်ပွဲ ဖြစ်လာစေလိမ့်မည်ဟု အီရန်ဘက်ကလည်း သတိပေးထားသည့်အချိန်တွင် ယခုဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ဦးဆောင်သည့် အီရန်ကိုယ်စားလှယ်အဖွဲ့သည် အိုမန်နိုင်ငံ မြို့တော် မတ်စကက်မြို့သို့ ရောက်ရှိနေပြီးဖြစ်သည်ဟု အီရန်သတင်းဌာန IRNA က ဆိုသည်။ အီရန်ဘက်က ယခုဆွေးနွေးပွဲတွင် အမေရိကန်နှင့် တိုက်ရိုက်မဟုတ်ဘဲ ကြားခံလူမှတစ်ဆင့်သာ သွယ်ဝိုက်ဆွေးနွေးမည်ဟု ဆိုသည်။ သို့သော်လည်း ယခုဆွေးနွေးပွဲသည် အီရန်နှင့် အမေရိကန်အကြား ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်သည်ဟု […]

အမေရိကန်ဒေါ်လာ ၉ သိန်းခွဲတန် လက်ပတ်နာရီကို ဝတ်ဆင်၍ စာချုပ်သစ်ကို ဆာလားဟ် လက်မှတ်ထိုး

Dawei Watch

April 12, 2025

လီဗာပူးတိုက်စစ်မှူး ဆာလားဟ် သည် လီဗာပူးအသင်းဘက် ကမ်းလှမ်းခဲ့သော စာချုပ်သစ်ကို လက်မှတ်ရေးထိုးချိန်တွင် အမေရိကန်ဒေါ်လာ ၉ သိန်းခွဲ တန်ကြေးရှိသည့် Richard Mille လက်ပတ်နာရီကို ဆင်မြန်းထားခဲ့ကြောင်း Give Me Sports က ဖော်ပြထားသည်။ လီဗာပူးသည် အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်သော ဆာလားဟ်ကို ၂ နှစ်သက်တမ်း စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယခုစာချုပ်သစ်အရ ဆာလားဟ်၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်မှာ ပေါင် ၃၈၀,၀၀၀ သို့ မြင့်တက်ရောက်ရှိသွားခဲ့ပြီလည်းဖြစ်သည်။ လီဗာပူးသည် ယခုစာချုပ်သစ် ၂ နှစ်သက်တမ်းအတွက် ဆာလားဟ်ကို အကျိုးခံစားခွင့် ပေါင်သန်း ၅၀ ရရှိစေရန် စီစဉ်ပေးထားပြီး ၎င်းအနေနှင့် နည်းပြ အာနေးစလော့တ်၏လုပ်ငန်းစဉ်များကို ယုံကြည်သည့်အတွက် စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ကြောင်း ဆာလားဟ်က ပြောကြားထားသည်။ လီဗာပူးနှင့် စာချုပ်သစ်လက်မှတ်ရေးထိုးချိန်တွင် […]

ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ပတ်ပတ်လည်တွင် စစ်ကောင်စီတပ်စွဲ

Dawei Watch

April 12, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည်အကောင်အထည်ဖော်ရန် ရှရှားအစိုးရနှင့် သဘောတူညီထားသည့် စစ်ကောင်စီတပ်က ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရှိ ရေ နက်ဆိပ်ကမ်းစီမံကိန်း ပတ်ပတ်လည် ကျေးရွာများ၌ စခန်းချတပ်စွဲထားကြောင်း နဘုလယ်ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်က မတ်လ ဒုတိယအပတ်မှစ၍ ထားဝယ်အထူးစီးပွာရေးဇုန် ဧရိယာရှိ နဘုလယ်ဒေသနှင့် အနီးဝန်းကျင်ကျေးရွာများကို တစ်ရွာဝင်၊တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့ပြီးနောက် ယနေ့ ဧပြီလ ၁၂ ရက် နေ့တွင် နဘုလယ်ဒေသ ကျေးရွာများဖြစ်သော ထိန်ကြီး၊လဲရှောင်နှင့် မူးဒူးရွာများတွင် တပ်စွဲထားကြောင်း နဘုလယ်ဒေသခံများကပြောသည်။ ယင်းကျေးရွာများမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ၄ ကီလိုမီတာခန့် အကွာတွင်ရှိသလို အချို့ရွာများမှာ ၆ ကီလိုမီတာခန့်သာ ကွာဝေးသည်။ “အင်အားများတယ် စစ်ကြောင်းက လေးကြောင်းလောက် ခွဲထားတယ်။ စစ်ကြောင်းတစ်ကြောင်းမှာ ဆိုရင်အင်အား ရှစ်ဆယ်နီးနီး လောက်ရှိတယ်။ အခုလက်ရှိ ထိန်ကြီးဘုန်းကြီးကျောင်းနဲ့ လဲရှောင် ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာတပ်စွဲထားတယ်” ဟု […]

ထားဝယ်တွင် ဘိလပ်မြေစျေး မငြိမ်၍ ဆိုင်အချို့အရောင်းရပ်

Dawei Watch

April 12, 2025

ထားဝယ်မြို့ အိမ်ဆောက်ပစ္စည်း စျေးကွက်အတွင်း၌ ဘိလပ်မြေစျေး အနည်းငယ်တက်နေပြီး စျေးမငြိမ်သဖြင့် ဆိုင်အချို့အရောင်းရပ်ထားကြောင်း ဆောက်လုပ်ရေးပစ္စည်း ရောင်းချသူများထံမှသိရသည်။ မတ်လ ၂၈ ရက် က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ကုန်သွယ်ရေးလမ်းကြောင်းအချို့ ပြတ်တောက်သွားသဖြင့် ပစ္စည်းပြတ်လပ်သွားပြီးနောက် ဘိလပ်မြေစျေး တက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည် ။ ငလျင်မလှုပ်ခတ်မီ ထားဝယ်စျေးကွက်တွင် ကြံနှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ၃၂၀၀၀ ကျပ် စျေးနှုန်းရှိရာမှ ယခုလက်ရှိတွင် ၃၈၀၀၀ ကျပ် စျေးရှိကြောင်း ထားဝယ်မြို့ က ဆောက်လုပ်ရေးသုံးပစ္စည်း ဆိုင်ပိုင်ရှင် တစ်ဦးကပြောသည် ။ “ပစ္စည်းက စျေးကွက်ထဲမှာ ပေါပေါလောလောတော့မရှိဘူး ။ ရှိသလောက်ကိုတော့ရောင်းပေးနေတယ် ။ ကြံ့နှစ်ကောင်ဘိလပ်မြေ တစ်မျိုးပဲရှိတယ် ။ အခြားတံဆိပ်တွေ မဝင်လာကြတော့ဘူး ။ ကြံ့နှစ်ကောင်တံဆိပ်တောင် ငလျင်လှုပ်အပြီးမှာ စျေးနည်းနည်း […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

April 11, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၅ ရက်မှ ဧပြီလ ၁၁ ရက်အထိ အမေရိကန်တွင် ရဟတ်ယာဉ်ပျက်ကျသဖြင့် လူ ၆ ဦးသေဆုံး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ဟွတ်ဆန်မြစ်ထဲကို ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ဧပြီလ ၁၀ ရက်က ပျက်ကျခဲ့တဲ့အချိန် လိုက်ပါလာတဲ့ ကလေး ၃ ဦးလည်း သေဆုံးခဲ့တာပါ။ သေဆုံးသူတွေက စပိန်က မိသားစုဝင် ၅ ဦးနဲ့ လေယာဉ်မှူးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ်ဟာ မွန်းလွဲ ၃ နာရီလောက်မှာ မြို့လယ်က ရဟတ်ယာဉ်ကွင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဟွတ်ဆန်မြစ်ပေါ်ကနေ မြောက်ဘက်ကို ပျံသန်းခဲ့တာဖြစ်ပါတယ်။ […]

ဘန်ကောက်အဆောက်အအုံ ပြိုကျမှု တရုတ်လုပ်ငန်းရှင်ကို ဖမ်းဝရမ်းထုတ်ပြီး သံမဏိစက်ရုံကိုဝင်စီး

Dawei Watch

April 11, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော စာရင်းစစ်ချုပ်ရုံး အဆောက်အအုံတွင် အရည်အသွေးနိမ့်သော သံမဏိများကို အသုံးပြုထားသဖြင့် သံမဏိထုတ်လုပ်သော စက်ရုံပိုင်ရှင် တရုတ်လုပ်ငန်းရှင်ကို ယနေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြိုကျသော အဆောက်အအုံတွင် အသုံးပြုသော သံမဏိများကို ထိုင်းနိုင်ငံ ရယွန်ဒေသရှိ တရုတ်လုပ်ငန်းရှင် Xin Ke Yuan ပိုင် စက်ရုံက ထုတ်လုပ်ထားခြင်းဖြစ်သည်။ စံချိန်စံညွှန်းနှင့် မညီသော သံမဏိများကို ထုတ်လုပ်မှုကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတည်းက စက်ရုံပိတ်ထားရန် အမိန့်ချမှတ်ခံထားရသည်။ အရည်အသွေးမပြည့်မီသော သံမဏိများကို ထုတ်လုပ်အသုံးပြုထားသဖြင့် စက်ရုံပိုင်ရှင်ဖြစ်သော တရုတ်လုပ်ငန်းရှင် Xin Ke Yuan အမည်ရှိသူကို ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး Akanat Promphan က ဆိုရှယ်စာမျက်နှာတွင် ယနေ့ ကြေညာသည်။ […]

တောင်ကိုရီးယားနှင့် ဆီးရီးယား သံတမန်ဆက်ဆံရေး ထူထောင်

Dawei Watch

April 11, 2025

တောင်ကိုရီးယားနှင့် ဆီးရီးယား နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တရားဝင် ထူထောင်လိုက်ပြီဖြစ်သည်။ ယင်းမှာ ယာယီသမ္မတအာမက်အယ်လ်ရှာရာ ဦးဆောင်သည့် ဆီးရီးယားအသွင်ကူးပြောင်းရေး အစိုးရအတွက် နောက်ထပ်မှတ်တိုင်တစ်ခု ဖြစ်သည်ဟု Al Jazeera တသင်းဌာန ဖော်ပြသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ရန် ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆွေးနွေးခဲ့ကြပြီးနောက် ယမန်နေ့ ကြာသပတေးနေ့၌ ဆီးရီးယားမြို့တော် ဒမတ်စကက်စ်တွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့ လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သမ္မတဟောင်းဘာရှာအာဆတ် လက်ထက်တွင် ဆီးရီးယားသည် မြောက်ကိုရီးယား၏ မိတ်ဆွေနိုင်ငံတစ်ခု ဖြစ်ခဲ့သော်လည်း ယခုတောင်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ထူထောင်လိုက်ပြီဖြစ်သည်။ ယင်းမှာ တောင်ကိုရီးယား၏ အဓိကရန်သူဖြစ်သည့် မြောက်ကိုရီးယားအစိုးရအတွက် ထိုးနှက်မှုတစ်ခု ဖြစ်သည်ဟုလည်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။ ၁၃ နှစ်ကြာ ပြည်တွင်းစစ်မှ ဆီးရီးယားနိုင်ငံ နာလန်ထူနိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရက စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် […]

မြန်မာ့ငလျင်ဘေး ပြည်ပအကူအညီ ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိ

Dawei Watch

April 11, 2025

အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံး သေဆုံးဒဏ်ရာရမှု အလွန်များပြားခဲ့သည့် မြန်မာ့ငလျင်ဘေးဒဏ်ခံရသူများကို ပြည်ပနိုင်ငံများက ငွေကြေးထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၃၀၆ သန်းကျော် ကျော်အထိ ရှိနေပြီဖြစ်သည်။ ယင်းအပြင် ကယ်ဆယ်ရေးပစ္စည်းများ၊ လူသားချင်းစာနာသည့် အကူအညီများစွာလည်း ပြည်ပနိုင်ငံများအပါအဝင် ကုလသမဂ္ဂအပါအဝင် နိုင်ငံအသိုင်းအဝိုင်းက ထောက်ပံ့ကူညီလှူဒါန်းမှု တန် ထောင်နှင့်ချီရှိနေသည်။ ယင်းအနက် ငွေကြေးထောက်ပံ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးကုသရေးအဖွဲ့များ စသည့် မြန်မာငလျင်ဘေး ကူညီကယ်ဆယ်ကြသည့် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ ကူညီလှူဒါန်းမှုများကို Dawei Watch လက်လှမ်းမီသမျှ စုစည်းကာ ဖော်ပြအပ်ပါသည်။ တရုတ် လူသားချင်းစာနာမှု အရေးပေါ်အကူအညီများအတွက် တရုတ်ယွမ် ၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်) ကူညီမည်ဖြစ်သည်။ ဆေးဝါးအထောက်အပံ့အဖြစ် ယွမ် ၂၄၀,၀၀၀ (ကန်ဒေါ်လာ […]