ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းနိုင်ငံ ဟွာဟင်တွင် တနင်္သာရီဒေသခံ အမွှာညီအစ်ကို နှစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး တစ်ဦးသေဆုံး

Dawei Watch

October 7, 2025

ထိုင်းနိုင်ငံ ၊ ဟွာဟင်မြို့တွင် အောက်တိုဘာလ ၅ ရက် ညပိုင်းက အသက်နှစ်ဆယ်ကျော်အရွယ် အမွှာညီအစ်ကို နှစ်ဦး စီးလာသည့်ဆိုင်ကယ်အား နောက်ထပ်ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိခဲ့ကြောင်း ဝေဟင်ရောက် မြန်မာ့အသိုင်းအဝိုင်းထံမှသိရသည်။ အမွှာညီအစ်ကို နှစ်ဦး သည် တနင်္သာရီမြို့နယ်၊ ဇဝဲရွာမှ ကိုကောင်းထိုက်စံနှင့် ကိုကောင်းထက်စံ တို့ ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦး အနက် အကြီးဖြစ်သူ ကိုကောင်းထက်စံသည် အောက်တိုဘာလ ၆ ရက်တွင်သေဆုံးသွားပြီး ၎င်းတို့နှင့် ယာဥ်တိုက်မှုဖြစ်ခဲ့သည့် ဆိုင်ကယ်မောင်း လာသူ တရုတ်နိုင်ငံသားလည်း ဒဏ်ရာပြင်းထန်ကြောင်း ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦး ကပြောသည်။ ” အရှေ့က ဆိုင်ကယ်မောင်းတဲ့ အငယ်မှာက ဒဏ်ရာနည်းတယ်။ အကြီးနဲ့ တရုတ်မှာက ဒဏ်ရာများတယ်။ သူတို့သုံးယောက်စလုံးက ဆိုင်ကယ်ဦးထုပ်မပါကြဘူးလေ။ ပိုအထိနာကြတယ် ” ဟု ၎င်းကပြောဆိုသည်။ ဒဏ်ရာရသူ […]

ယခုနှစ်မကုန်မီ မြန်မာအတွက် ဆွီဒင်က ခရိုနာငွေ ၂၃ သန်း ထောက်ပံ့မည်

Dawei Watch

October 7, 2025

ဆွီဒင်ခရိုနာငွေ ၇၇၅ သန်း (အမေရိကန်ဒေါ်လာ ၈၂.၅ သန်းဝန်းကျင်) တန်ကြေးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအစီအစဉ်တစ်ခုကို ဆွီဒင်အစိုးရက စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ဦးစားပေး အကူအညီပေးသွားမည့် ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ အဆိုပါ ရန်ပုံငွေထောက်ပံ့မှုသည် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွီဒင်အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (SIDA) တို့၏ ပူးပေါင်းအစီအစဉ် ဖြစ်သည်။ ယင်းထောက်ပံ့မည့် အစီအစဉ်မှာ ယူကရိန်းအား ပိုကူညီပေးရန် မြန်မာနိုင်ငံအတွက် အကူအညီများကို ဖြည်းဖြည်းချင်း လျှော့ချမည်ဟု ဆွီဒင်အစိုးရက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက်ပိုင်း ယခုနောက်ဆုံး ထွက်ပေါ်လာသည့် သတင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် ဆွီဒင်ခရိုနာငွေ ၂၃ သန်း (အမေရိကန်ဒေါ်လာ […]

ဘန်ကောက်တွင် ကားနှစ်စီးတိုက်မိပြီး မြန်မာတစ်ဦး သေဆုံး

Dawei Watch

October 7, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကားနှစ်စီး တိုက်မိခဲ့ရာမှ မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြန်မာနိုင်ငံသား လိုက်ပါလာသော ပစ်ကပ်ကားမောင်းသမားက အိပ်ငိုက်ပြီး အရှေ့တွင် သွားနေသော ဆယ်ဘီးကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ပါရှိသည်။ ကားတိုက်မှုကြောင့် ပစ်ကပ်ကားအနောက်တွင် လိုက်ပါလာသော အသက် ၄၀ နှစ်အရွယ် ကိုမြတ်သူအောင်က လမ်းပေါ်ပြုတ်ကျခဲ့ပြီး အနောက်ကပါလာသော ကားက ဝင်တိုက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ပစ်ကပ်ကားမောင်းသမားနှင့် ဘေးတွင်လိုက်ပါလာသူတို့ နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် မည်သည့်နိုင်ငံသားများဖြစ်ကြောင်း မဖော်ပြထားသဖြင့် မသိရပေ။ လက်ရှိတွင် သေဆုံးသူ၏ အလောင်းကို စီရီရတ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကားတိုက်မှုဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း […]

ဆူဒန်လက်နက်ကိုင် ခေါင်းဆောင်ဟောင်းတစ်ဦးကို စစ်ရာဇဝတ်မှုအတွက် အပြစ်ရှိကြောင်း ICC ဆုံးဖြတ်

Dawei Watch

October 7, 2025

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဆူဒန်နိုင်ငံမှ ဂျန်ဂျာဝိဒ်(Janjaweed) လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးအား လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု စွဲချက်များအတွက် အပြစ်ရှိကြောင်း အောက်တိုဘာလ ၆ ရက်နေ့က ဆုံးဖြတ်လိုက်သည်။ ဆူဒန်နိုင်ငံမှ ဂျန်ဂျာဝိဒ်လက်နက်ကိုင်ခေါင်းဆောင် Ali Muhammad Ali Abd-Al-Rahman သည် မုဒိမ်းမှု ၊ လူသတ်မှုနှင့် ဖိနှိပ်အနိုင်ကျင့်မှု အပါအဝင် လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု စွဲချက်ပေါင်း ၂၇ ခုတွင် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်၂၀ ကျော်က ဆူဒန်နိုင်ငံ ၊ ဒါဖာဒေသတွင် ၎င်းကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများအတွက် တရားရုံးက ယင်းသို့ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ၎င်း၏ အပြစ်ဒဏ်ကိုမူ နောက်ထပ်ကြားနာမှုများ […]

စစ်အာဏာရှင်တပ် ဂိတ်များကြောင့် သီတင်းကျွတ်ပိတ်ရက် ကျောင်းသားအများစု အိမ်မပြန်ကြဟုဆို

Dawei Watch

October 7, 2025

စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်များ လမ်းတစ်လျှောက်တွင် ရှိနေသဖြင့် သီတင်းကျွတ်ကာလ ကျောင်းပိတ်သော်လည်း ဘုတ်ပြင်းမြို့နယ်နေ ကျောင်းသားအများစု နေရပ်မပြန်ကြကြောင်း အခြေခံကျောင်းသားများနှင့် ကားသမားအချို့ထံမှ သိရသည်။ မြိတ်မြို့တွင် ကျောင်းသွားတက်သည့် အခြေခံပညာကျောင်းသားများက သီတင်းကျွတ်ကာလ ကျောင်းပိတ်ချိန်ရောက်တိုင်း မိဘအုပ်ထိန်းသူများရှိရာ ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအသီးသီးသို့ ပြန်ကြလေ့ရှိသည်။ အာဏာမသိမ်းမီကတည်းက ဘုတ်ပြင်းမြို့နယ်နေ အခြေခံပညာကျောင်းသားများက မြိတ်မြို့ရှိကျောင်းများတွင် သွားရောက်ပညာသင်ယူနေကြရာက နောက်ပိုင်းတွင် စစ်ရေးအရှိန်မြင့်လာသည့်အတွက် မြိတ်မြို့တွင် ကျောင်းသွားတက်သူ ပိုများလာသည်။ ယခုအချိန်တွင်မူ ကားခနှင့် လမ်းပိုင်းရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များကို ပေးရသည့် ကုန်ကျစရိတ်များလွန်းသည့်အတွက် အိမ်မပြန်သူပိုများနေကြောင်း ကျောင်းသူတစ်ဦးက ဆိုသည်။ “ကားခက (ကျပ်) ငါးသောင်းဆို လမ်းမှာပေးရတဲ့ ဂိတ်ကြေးက တစ်သိန်းနီးပါးလောက်ရှိတယ်။ အသွားအပြန်ဆိုပဲ ၃သိန်းနီးနီးကုန်ပြီလေ။ သီတင်းကျွတ်ဆိုတော့ အိမ်ကိုပြန်ချင်ကြတာပေါ့။ စရိတ်နဲ့ တွက်ကြည့်ရင် မိဘတွေကိုငဲ့ရသေးတယ်လေ။ ကျောင်းကြီးပိတ်(နွေရာသီ)မှပဲ ပြန်တော့မယ်”ဟု […]

သီတင်းကျွတ်လပြည့်ည လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

Dawei Watch

October 6, 2025

ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ယနေ့ သီတင်းကျွတ်လပြည့်ည (အောက်တိုဘာလ ၆ ရက်)တွင် လောင်းလုံးမြို့နယ်တစ်နေရာ၌ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

ထားဝယ်မြို့ သီတင်းကျွတ်လပြည့်ညမြင်ကွင်း

Dawei Watch

October 6, 2025

ထားဝယ်မြို့ ရွှေတောင်စားစေတီနှင့် လောကမာရဇိန်ဘုရားကြီးတို့တွင် ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာလ ၆ ရက်) ညနေပိုင်း၌ မိုးရွာနေသော်လည်း ဘုရားဖူးလာသူများဖြင့် စည်ကားနေသည်။ ကြက်မင်းစေတီ ခေါ် ကြက်သံဒိုင်း စေတီတွင်လည်း ဆီမီးပူဇော်သူများဖြင့် စည်ကားနေသည် ။ မြို့တွင်းလမ်းမများ၌မူ ဇရစ်ရပ်ကွက်တစ်ခုတွင်သာ လမ်းမ မီးအလှဆင်ထားသည်ကိုတွေ့ရပြီး အခြားရပ်ကွက်များတွင် လမ်းမ မီးအလှဆင်ထားခြင်း မတွေ့ရပေ ။ ညနေပိုင်း၌ ရပ်ကွက်အချို့ တွင်လည်း ပျော်ပွဲရွှင်ပွဲ များပြုလုပ်နေသည်ကိုတွေ့ရသည် ။ ယနေ့နံနက်ပိုင်းက သပိတ်မျှောပွဲ ပြုလုပ်ပြီးစီးခဲ့သည့် ကမ်းနားလမ်းဝန်းကျင်ရှိ ရပ်ကွက်အချို့တွင် စစ်အာဏာရှင်တပ်သားများ နေရာယူထားကြောင်း မြို့ခံများက ပြောသည် ။ ထားဝယ်မြို့ သီတင်းကျွတ်လပြည့်ည မြင်ကွင်များကို စုစည်းဖော်ပြလိုက်ပါသည် ။

ထားဝယ်ဒေသ ကထိန်ခင်းအလှူရာသီတွင် ရေထွက်ကုန်များဈေးတက်

Dawei Watch

October 6, 2025

ထားဝယ်ဒေသ၏ ယခုနှစ် ကထိန်ရာသီတွင် ငါးနှင့် ပုစွန်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ထားဝယ်ရေထွက်ကုန် ပစ္စည်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့်စက်တင်ဘာလ တတိယပတ်က ငါးကွန်းရှပ်တစ်ပိဿာ ၂၃၀၀၀ကျပ်မှ ကထိန်ခင်းအလှူရာသီဖြစ်သည့် အောက်တိုဘာလ ပထမပတ်တွင် ၄၀၀၀၀ကျပ်၊ ငါးမဲလုံးငါးတစ်ပိဿာ ၆၅၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ဖိုးထော်မဲငါး တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အဖြစ် နှစ်ဆနီးပါးဈေးမြင့်တက်သွားကြောင်း ရေထွက်ကုန်ရောင်းဝယ်သူအချို့ထံမှ သိရသည်။ ထို့အပြင် ပုစွန်တစ်ပိဿာ ၄၀၀၀၀ ကျပ်စျေးရှိရာမှ ယခု ကထိန်အလှူရာသီတွင် ၅၅၀၀၀ ကျပ် ဖြစ်လာပြီး တစ်ပိဿလျှင် ၁၅၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ အလှူအတွက် ဝယ်ယူသူများ၍ ငါး၊ ပုစွန်ဈေးနှုန်းများ မြင့်‌တက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ အောင်တံခွန်ငါးဈေးရှိ ရေထွက်ကုန်လက်လီ/လက်ကားရောင်းချသူအမျိုးသမီးတစ်ဦးက ပြောသည်။ “ငါးပုစွန်တွေ အဝင်က ပုံမှန်ပါပဲ။ အခုက အလှူရာသီလည်းဖြစ်တော့ ပုံမှန်ရောင်းရတာထက် […]