ပလမြို့ မင်းပြင်ရွာက နေအိမ်များ ဆက်တိုက်မီးရှို့ခံရ
Dawei Watch
October 14, 2025ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာက အရပ်သားနေအိမ်များကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ဆက်တိုက်မီးရှို့ ဖျက်ဆီးနေပြီး အောက်တိုဘာလ ၁၃ရက် ညပိုင်းတွင်လည်း ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ အောက်တိုဘာလ ၁၃ရက် ညပိုင်းက မီးရှို့ဖျက်ဆီးမှုတွင် နေအိမ်ငါးလုံး မီးလောင်ကျွမ်းပြီး နေအိမ်အချို့လည်း အနည်းငယ် မီးလောင်ခဲ့ကြောင်း ဒေသအခြေအနေကိုသိရှိသည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ ပလမြို့ပေါ်နှင့် မင်းပြင်ရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လကျော်လာပြီဖြစ်သည်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်သင်္ဘောနှင့် ကြည်းတပ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများကြောင့် ပလမြို့ခံအချို့၊ မင်းပြင်ရွာနှင့် အနီးဝန်းကျင်ကျေးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ စက်တင်ဘာလ ၂၈ရက်ကလည်း မင်းပြင်ရွာက နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး အောက်တိုဘာ ၄ ရက်တွင် မင်းပြင်ရွာက နေအိမ် သုံးလုံး၊ အောက်တိုဘာလ ၆ […]


