ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ ယာယီအပစ်ရပ်
Dawei Watch
October 16, 2025ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အကြား ယာယီအပစ်အခတ်ရပ်စဲရန် အောက်တိုဘာလ ၁၅ ရက်က သဘောတူလိုက်ပြီဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ပွဲများကြောင့် အရပ်သား ၁၀ ဦးကျော် သေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် သဘောတူခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း လူဒါဇင်နှင့်ချီ သေဆုံးခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင်လည်း နှစ်နိုင်ငံ အငြင်းပွား နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာရလာပြီးနောက်ပိုင်း အစ္စလာမ္မစ်နှစ်နိုင်ငံအကြား အဆိုးရွားဆုံး တိုက်ခိုက်မှုများ ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ ပါကစ္စကန်နိုင်ငံအတွင်း တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာသည့် စစ်သွေးကြွများအား ထိန်းကွပ်ရန် အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရအား ပါကစ္စတန်အစိုးရက တောင်းဆိုခဲ့သည်။ အဆိုပါ စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ခိုလှုံကာ […]


