ထားဝယ်ဆေးရုံကြီးတွင် ခွေးရူးပြန်ရောဂါဖြင့် အမျိုးသားတစ်ဦးသေဆုံး
Dawei Watch
April 21, 2025ထားဝယ်ဆေးရုံကြီးတွင် ဧပြီလ ၂၀ ရက်က ခွေးရူးပြန်ရောဂါဖြင့် အမျိုးသားကြီးတစ်ဦး သေဆုံးပြီး ယနေ့ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်း (ထားဝယ်) ထံမှ သိရသည်။ ရေဖြူမြို့နယ်၊ ကျောက်ထရံကျေးရွာဇာတိ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားသည် နေမကောင်း၍ ကံပေါက် ဆေးရုံတွင် စတင်ပြသရာ ခွေးရူးပြန်ရောဂါလက္ခဏာတွေ့ရှိသဖြင့် ထားဝယ်ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ကြောင်း အထက်ပါ အသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသို့လွှဲပြောင်းကုသပြီး နှစ်ရက်အကြာတွင် သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကူးစက်ရောဂါဖြစ်တဲ့အတွက် အလောင်းကို သတ်မှတ်ဝတ်စုံတွေနဲ့ ကိုင်တွယ်ဖို့ အခုပဲပြင်ဆင်နေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။ ခွေးရူးပြန်ရောဂါသည် ကူးစက်လွယ်သည့် ရောဂါဖြစ်သဖြင့် သတိထားရန်လိုကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည်နှစ် ဇူလိုင်လတွင်လည်း ခွေးရူးပြန်ရောဂါကြောင့် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့က […]


