သရက်ချောင်း မင်းဒပ်ရွာအနီး လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပစ်ခတ်
Dawei Watch
February 14, 2026သရက်ချောင်းမြို့နယ် မင်းဒပ်ရွာအနီးကို ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီး အနီးဝန်းကျင်ရွာကို စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းဒပ်ရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မင်းဒပ်ရွာအနီးက ဝဲရစ်၊ သိမ်ကုန်း၊ ရငဲစသည့် အနီးဝန်းကျင်ကိုလည်း စက်သေနတ်ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် ဒေသခံများ ထိခိုက်မှု မရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ဆိုသည်။ “ထိခိုက်မှုသတင်းကတော့ မကြားရပါဘူး” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။ သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်တွင် စစ်အာဏာရှင်တပ်၏ တစ်ခုတည်းကျန်ရှိနေသည့် ဝင်းဝစခန်းကို စစ်အင်အားနှင့် လက်နက်ခဲယမ်းပို့ဆောင်ကာ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် […]


