ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ပညာရေးဘုတ်အဖွဲ့တာဝန်ခံ သတ်ဖြတ်ခံရပြီးနောက် ဘုတ်အဖွဲ့အောက်ရှိ ကျောင်းအားလုံးပိတ်ထား

Dawei Watch

December 23, 2025

ပုလောမြို့နယ် ဘုတ်အဖွဲ့တာဝန်ခံ ဆရာမဒေါ်အေသီအောင်နှင့် ခင်ပွန်းတို့ သတ်ဖြတ်ခံရပြီးနောက် ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ လက်အောက်ရှိ စာသင်ကျောင်းအားလုံး ပိတ်ထားကြောင်း အဆိုပါ စာသင်ကျောင်းများရှိ ဆရာအချို့ထံမှ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဦးဆောင်ကာ ပုလောမြို့နယ်အတွင်း အထက်တန်းကျောင်း သုံးကျောင်းအပါအဝင် စာသင်ကျောင်း ၁၅ ကျောင်း ဖွင့်လှစ်ထားသည်။ ဒီဇင်ဘာလ ၁၆ ရက်မှစကာ အဆိုပါ စာသင်ကျောင်းအားလုံးကို ပိတ်ထားပြီး ဆရာမဒေါ်အေသီအောင်တို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရမှု အမှုမှန် ပေါ်ပေါက်ချိန်မှ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သင်ကြားရေး ဆရာတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ အကုန်လုံး အစည်းအဝေးထိုင်ပြီးတော့ ဆရာမကြီးရဲ့ အမှုမှန် မပေါ်ပေါက်မချင်း ပညာရေးယန္တရား ရပ်ထားဖို့ ဆုံးဖြတ်ချက်ချလိုက်တာ” ဟု […]

ရေဖြူတွင် တိုက်ပွဲဖြစ်ပြီး သားအမိနှစ်ဦးသေဆုံး၊ ကိုးဦးခန့် ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

December 23, 2025

ရေဖြူမြို့နယ်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သား နှစ်ဦးသေဆုံးကာ ကိုးဦးခန့် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ညင်းထွေးကျေးရွာနှင့် ဇီးကျကျေးရွာကြားလမ်း၏ အရှေ့ ဘက် နှစ်ဖာလုံခန့်အကွာတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၇နာရီခွဲခန့်မှစ၍ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ သန်းကုန်း (မိုးကုတ်) ဝိပဿနာရိပ်သာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်အား တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ ယင်းတိုက်ပွဲအတွင်း ရိပ်သာအနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးနှင့် အသက် ၁ နှစ်ခွဲအရွယ် သားဖြစ်သူတို့ သေဆုံးကာ နောက်ထပ် ကလေးငယ် လေးဦးအပါဝင် ဒေသခံ ကိုးဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း ဒေသခံများထံမှ သိရှိရသည်။ […]

ကျွန်းစုတွင် ဖမ်းဆီးခံရသည့် ကျေးရွာတာဝန်ခံတစ်ဦး အလောင်းပြန်တွေ့

Dawei Watch

December 23, 2025

ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ ခိုတောင်ရွာတွင် စစ်ကော်မရှင် လက်အောက်ခံ ကျေးရွာတာဝန်ခံတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်တွင် အလောင်းပြန်တွေ့ကြောင်း ဒေသခံများက ပြောသည်။ ခိုတောင်ကျေးရွာတာဝန်ခံ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမင်းမင်းနိုင်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဒီဇင်ဘာလ ၁၉ ရက်ညတွင် နေအိမ်၌ ဝင်ရောက်ဖမ်းဆီးပြီး စက်လှေဖြင့် ခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ “အလောင်းက ပျူစောထီးတွေဘက်က ဆယ်တယ်။ တစ်နေ့ကျော်လောက်တော့ ကြာသွားတာပေါ့။ ရေထဲကပဲ ပြန်ဆယ် ရတယ်။ ပျူစောထီးတွေပဲ အသုဘကိစ္စ လုပ်နေကြတာ။ ဘာဒဏ်ရာနဲ့ သေလဲတောင် မသိရဘူး” ဟု ကျွန်းစု ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ဦးမင်းမင်းနိုင်သည် စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၃၀နီးပါး ဖမ်းဆီးခံရ

Dawei Watch

December 23, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကန်ချနဘူရီမြို့ထဲ နေရာနှစ်ခုတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကန်ချနဘူရီမြို့ နော့ဘိုဝါဒေသ အမြန်လမ်းမပေါ်တွင် ပစ်ကပ်ကားဖြင့်လာသော မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၈ဦးကို ကန်ချနဘူရီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်မှုဖြင့် ထိုင်းနိုင်ငံသား ကားသမားကို အမှုဖွင့်ထားပြီး မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်၍ ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း‌ ဆိုသည်။ ယင်းနေ့တွင်ပင် ကန်ချနဘူရီမြို့ ပါဖဲဒေသတွင် အိမ်စီးကားတစ်စီးကို အလေးချိန် များနေသဖြင့် မသင်္ကာဖြစ်၍ တားဆီး စစ်ဆေးရာမှ တရားမဝင် […]

ပုလော ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဇနီးမောင်နှံ သတ်ဖြတ်မှု တရားခံဆိုသူများကို KNU ထုတ်ပြန်၊ မြေပြင်အခြေအနေနှင့် ကွဲလွဲနေဟု ထောက်ပြသူများရှိ

Dawei Watch

December 23, 2025

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၄) က ထုတ်ပြန်လိုက်သည်။ သို့သော် ထုတ်ပြန်ချက်ပါ ဖြစ်စဉ်များမှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေသဖြင့် လက်မခံနိုင်ဟု ဆရာမကြီးနှင့် နီးစပ်သူများက ထောက်ပြပြောဆိုသည်။ ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့သည် ဒီဇင်ဘာ ၁၆ ရက်၊ နံနက် ၁ နာရီခန့်တွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ပုလောမြို့နယ်၊ ဆားခဲကျေးရွာရှိ နေအိမ်တွင် ဓားဖြင့်ခုတ်သတ်ခံခဲ့ရသည်။ ဆရာမတို့ ဇနီးမောင်နှံကို သတ်ဖြတ်မှုမှာ ကျူးလွန်ပါဝင်သူ ၄ ဦးကို ဒီဇင်ဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး လုပ်ငန်းကော်မတီက ဒီဇင်ဘာလ […]

အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ရယူရန်လိုအပ်ဟု ထရမ့် ထပ်ပြော

Dawei Watch

December 23, 2025

အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ရရှိရန် လိုအပ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထပ်လောင်းပြောကြားလိုက်သည်။ ယင်းလုပ်ငန်းစဉ်အတွက် ၎င်း ခန့်အပ်ထားသည့် ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်က ရှေ့တန်းမှ ဦးဆောင်သွားမည်ဟု သမ္မတထရမ့်က ဆိုသည်။ “ကျွန်တော်တို့ ဂရင်းလန်းကျွန်းကို လိုချင်တာက သယံဇာတအတွက် မဟုတ်ဘဲ အမျိုးသားလုံခြုံရေးအတွက်ပါ။ ဂရင်းလန်းကျွန်းရဲ့ ကမ်းရိုးတန်းတစ်လျှောက်ကို ကြည့်လိုက်ရင် ရုရှားနဲ့ တရုတ်သင်္ဘောတွေ နေရာအနှံ့ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ကျွန်တော်တို့ ရဖို့ မဖြစ်မနေ လိုအပ်ပါတယ်” သမ္မတထရမ့်က ပြောကြားခဲ့သည်။ ဂျက်ဖ်လန်ဒရီကလည်း ယင်းလုပ်ငန်းစဉ်ကို ဦးဆောင်ရန် ဆန္ဒရှိနေကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။ သမ္မတထရမ့်သည် လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အဖြစ် တနင်္ဂနွေနေ့က […]

ဂျပန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး အဏုမြူစွမ်းအင်စက်ရုံ ပြန်လည်ပတ်မည်

Dawei Watch

December 23, 2025

အဏုမြူစွမ်းအင်ကဏ္ဍသို့ ပြန်လည်ခြေလှမ်းပြင်လာသည့် ဂျပန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံးအဏုမြူစွမ်းအင်စက်ရုံ လည်ပတ်မှုကို ပြန်လည်စတင်တော့မည် ဖြစ်သည်။ ဂျပန်နိုင်ငံ နီဂါတာခရိုင်ရှိ ရှီဝါဇာကီ-ကာရီဝါ အဏုမြူစွမ်းအင်စက်ရုံကို လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်ရန် အဆိုပါ ခရိုင်လွှတ်တော်က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မဲခွဲဆုံးဖြတ်လိုက်သည်။ ယင်းမှာ ဖူကူရှီးမားအဏုမြူဓာတ်ပေါင်းဖို ဘေးအန္တရာယ်နောက်ပိုင်း ၁၅ နှစ်နီးပါးအကြာတွင် ပေါ်ထွက်လာသည့် ဂျပန်နိုင်ငံ၏ အရေးပါသည့် အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ တိုကျိုမြို့၏ အနောက်မြောက်ဘက် ၁၃၆ မိုင်ခန့်အကွာတွင် တည်ရှိသည့် ကာရှီဝါဇာကီ-ကာရီဝါ အဏုမြူစွမ်းအင်စက်ရုံသည် ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို ပျက်စီးသွားပြီးနောက် ပိတ်သိမ်းခဲ့ရသည့် အဏုမြူဓာတ်ပေါင်းဖို ၅၄ ခုအနက် တစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ် ငလျင်နှင့် ဆူနာမီဘေးကြောင့် ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို ပျက်စီးမှုသည် ချာနိုဘိုင်းအဏုမြူပေါက်ကွဲမှုနောက်ပိုင်း အဆိုးရွားဆုံးဖြစ်ရပ် ဖြစ်ခဲ့သည်။ ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို […]

မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်သူမရှိသဖြင့် တောင်သူများ အခက်ကြုံ

Dawei Watch

December 22, 2025

တနင်္သာရီမြို့နယ်၊ မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်ယူမည့်သူမရှိသဖြင့် ဝင်ငွေမရရှိသောကြောင့် အခက်အခဲ ကြုံရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။ နိုဝင်ဘာလ၁၄ရက်တွင် တော်လှန်ရေးတပ်များက မောတောင်မြို့ကို သိမ်းပိုက်ပြီးနောက် မောတောင်သို့လာသည့် လမ်းရှိ သဲဖြူနှင့် သိန်ခွန်းရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်သားများ အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်။ ကားလမ်းများ သွားလာ၍ မရသဖြင့် မောတောင်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ရွာတွင် ဥယျာဉ်ခြံများတွင် ကွမ်းသီးများ ခူးသော်လည်း ဝယ်သူမရှိကြောင်း သဲဖြူရွာဝန်းကျင်ရှိ စစ်ရှောင်ဘေးအရေး ကူညီနေသူတစ်ဦးက ပြောသည်။ “စစ်ရှောင်ရင်းနဲ့ သွားလို့ရတဲ့ (ဥယျာဉ်) ခြံတွေမှာ သွားကောက်ပြီး ကွမ်းသီးတွေ ခွဲပြီး နေလှန်းထားကြတယ်။ ဝယ်သူ မရှိတော့ သွားကောက်လို့ မရတဲ့သူတွေက မကောက်ကြဘူး” ဟု ၎င်းက ဆိုသည်။ ကွမ်းသီးများကို နှစ်ခြမ်းခွဲ၍ […]