BREAKING
November 14, 2025

သတင်း

ကျောင်းသားဗီဇာ လျှောက်ထားမှုများကို ပိုမိုတင်းကျပ်ရန် ထိုင်းအစိုးရစီစဉ်

Dawei Watch

April 24, 2025

ထိုင်းနိုင်ငံထဲတွင် ကျောင်းသားဗီဇာ(ED Visa)ကို ရယူထားပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူ ပိုများလာသဖြင့် ED Visa လျှောက်ထားခွင့်များကို ထိုင်းအစိုးရက ပိုမိုတင်းကျပ်၍ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အဆင့်မြင့်ပညာဝန်ကြီးဌာန (MHESI) နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်း၍ ED Visa ဖြင့် တရားမဝင် အလုပ်လုပ်နေသူများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် အဆင့်မြင့်ပညာဝန်ကြီး Supamas Isarabhakdi ကဆိုသည်။ တရုတ်နိုင်ငံသားများအပါအဝင် အခြားနိုင်ငံခြားသားများသည် ကျောင်းသားဗီဇာများကို အလွဲသုံးစားပြုလုပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာအဖြစ်လုပ်ကိုင်ခြင်းမျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း MHESI နှင့် အလုပ်သမားဝန်ကြီးဌာနဘက်က ထုတ်ပြန်သည်။ ယင်းနှင့် ဆက်စပ်၍ ထိုင်းမြောက်ပိုင်း လဖွန်ခရိုင်ရှိ ဗုဒ္ဓကောလိပ်နှင့် အခြားပုဂ္ဂလိက တက္ကသိုလ်သုံးခုထံမှ ကျောင်းသားဗီဇာ […]

သင်္ကြန်ကာလအပြီး ကံပေါက်တွင် ကလေးငယ်အချို့ သွေးလွန်တုပ်ကွေးဖြစ်

Dawei Watch

April 24, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် ယခုနှစ် သင်္ကြန်ကာလအပြီး ဧပြီလတတိယအပတ်တွင် ကလေးငယ်အချို့ သွေးလွန်တုပ်ကွေးဖြစ်ပွားပြီး ဖျားနာသူလည်း များနေကြောင်း ဒေသခံကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ ကံပေါက်တိုက်နယ်ဆေးရုံတွင် သွေးလွန်တုပ်ကွေး စစ်ဆေးတွေ့ရှိပြီး ဆေးရုံတွင်ဆက်လက်ကုသနေသူနှင့် ထားဝယ် ဆေးရုံသို့ လွှဲပြောင်းပေးသည့် ကလေးလူနာလေးဦးရှိကြောင်း ဆေးရုံနှင့်နီးစပ်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ “သွေးလွန်တုပ်ကွေး စစ်ပြီး လက္ခဏာပြင်းလာရင်တော့ ဒီမှာလည်း ဝန်ထမ်းအင်အား လုံလုံလောက်လောက် မဟုတ်တော့ ထားဝယ်ဆေးရုံကိုပဲ လွှဲပေးတယ်။ လက္ခဏာမပြင်းရင်တော့ ဒီမှာပဲ စောင့်ကြည့်ကုသပေးနေတယ်” ဟု ၎င်းက ဆိုသည်။ ယင်းအပြင် ပြင်ပဆေးခန်းများတွင်လည်း သင်္ကြန်ကာလအပြီး ဖျားနာလက္ခဏာဖြင့် ဆေးခန်းလာပြသူလည်း များနေကြောင်း ပြင်ပဆေးခန်းတစ်ခုထံမှ သိရသည်။ “ရာသီအကူးအပြောင်းဆိုတော့ ဖျားနာတဲ့သူများနေတယ်။ သင်္ကြန်တွင်းမှာ အရမ်းပူပြီး မိုးလည်းရွာလိုက်သေးတော့ ဖျားနာတဲ့သူ ပိုများသွားတယ်။ မိုးရွာထားတော့ ခြင်လည်းထွက်လာတယ်။ ခြင်လာတော့ […]

တနင်္သာရီ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

April 24, 2025

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့က ပြောသည်။ ဧပြီလ ၂၃ရက် နံနက်စောစောတွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၆၁ အနီးရှိ တံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း အသက် ၂၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အပြန်အလှန်ပစ်ခတ်မှုက ဆယ်မိနစ်ကြာဖြစ်တယ်။ သေနတ်ငယ်ပဲ သူတို့ဘက်က ပြန်ပစ်ကြတယ်။ အသေအပျောက် ရှိတယ်။ စုံစမ်းနေဆဲပါ” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ “စောစောက ကျွန်မတို့က ရွာထဲခဏပြန်သွားတာ ရွာနဲ့ မနီးမဝေးမှာ သေနတ်သံတွေကြားရတယ်။ သေနတ်သံ ငြိမ်ပြီး […]

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌက ဟားမတ်စ်အဖွဲ့ကို “ခွေးသားတွေ” ဟုသုံးနှုန်းကာ ရှုတ်ချ

Dawei Watch

April 24, 2025

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့( PA) ၏ ဥက္ကဋ္ဌဖြစ်သူက ဟားမတ်စ်အဖွဲ့ကို ‘ခွေးသားတွေ’ဟု ပထမဆုံး အတိအလင်း ခေါ်ဝေါ်ရှုတ်ချလိုက်သည်။ ယမန်နေ့ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်လိုက်သည့် ၎င်း၏ ရုပ်မြင်သံကြား မိန့်ခွန်းထဲတွင် မားခ်မူးဒ်အက်ဘားစ်က ယင်းသို့ ခေါ်ဝေါ်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။ ဂါဇာတွင် ကျန်ရှိနေသည့် အစ္စရေးဓားစာခံများကို ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးရန် ၊ ဟားမတ်စ်အဖွဲ့အနေဖြင့် ကိုယ်တိုင်လက်နက်ဖြုတ်သိမ်းရန်လည်း ၎င်းက ဖိအားပေးတောင်းဆိုလိုက်သည်။ လက်ရှိ ဂါဇာခံစားနေရသည့် အစ္စရေး၏ လူမျိုးတုန်းသတ်ဖြတ်မှုကို ရပ်တန့်စေရေးမှာ အဓိကဦးစားပေးအရာဖြစ်သည်ဟု မားခ်မူးဒ်အက်ဘားစ်က ဆိုသည်။ အစ္စရေးဓါးစာခံများကို ထိန်းသိမ်းထားခြင်းက အစ္စရေးအဖို့ ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် အကြောင်းပြချက်ပေးစရာ ရစေသည်ဟု ၎င်းက ပြောသည်။ “ခွေးသားတွေ ၊ ဓားစာခံတွေကို ပြန်လွှတ်ပေးကြပါ။ သူတို့ (အစ္စရေး)တွေ အကြောင်းပြချက် ပေးစရာမရအောင် […]

သဘော့လိပ်ကျေးရွာအုပ်စုတွင် ခဲအထွက်နည်းလာသဖြင့် ခဲလုပ်သားများနေရာပြောင်း

Dawei Watch

April 24, 2025

တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာအုပ်စုတွင် ခဲအထွက်နည်းလာသဖြင့် ခဲသတ္တုလုပ်ကိုင်သူများက ဘုတ်ပြင်းမြို့နယ်ဘက်သို့ ပြောင်းရွှေ့ကြကြောင်း ခဲလုပ်သားများနှင့် ဒေသခံအချို့က ပြောသည်။ သဘော့လိပ်ရွာနှင့် အနီးဝန်းကျင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလဝန်းကျင်မှစတင်ကာ ခဲအထွက်နှုန်းနည်းလာသဖြင့် တွက်ခြေမကိုက်ဖြစ်လာကြောင်း သဘော့လိပ်ရွာနေ အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ပြောင်းရွှေ့သွားသည့် ခဲလုပ်သားများမှာ တစ်နိုင်တစ်ပိုင် ရှာဖွေလုပ်ကိုင်နေကြသူများ၊ ဥယျာဉ်ခြံဝယ်ပြီး ခဲတူးနေသည့် လုပ်ငန်းရှင်အချို့နှင့် အဆိုပါခဲလုပ်ငန်းရှင်များထံတွင် လုပ်ကိုင်နေသူများလည်း ပါဝင်ပြီး လက်ရှိတွင် ဘုတ်ပြင်းမြို့နယ် ရတနာပုံသတ္တုမိုင်းဘက်သို့ ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများက ပြောဆိုသည်။ အရေအတွက်မည်မျှ ပြောင်းရွှေ့သွားကြသည်ကိုမူ အသေးစိတ်မသိရသေးပေ။ ”ခဲတွေက အရင်နှစ်တွေကဆိုလျှင် တစ်ရက်ကို ကောင်းကောင်းရတဲ့ရက်ဆို သုံးပိဿာအထိရတယ်။ အခုက တစ်ရက်ကို နှစ်ဆယ်သားရဖို့တောင် မနည်းရှာနေရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ဘုတ်ပြင်းမြို့နယ် ရတနာပုံကျေးရွာနှင့် […]

မြိတ်တွင် အဘွားတစ်ဦး ရေတွင်းထဲ သေဆုံး

Dawei Watch

April 24, 2025

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ သုဝဏ္ဏရပ်ကွက်တွင် ရေတွင်းထဲ သေဆုံးနေသည့် အမျိုးသမီးကြီးတစ်ဦးကို ဧပြီလ ၂၃ရက် နံနက်ပိုင်းတွင် ရှာဖွေကယ်ဆယ်ရေးပြုလုပ်ခဲ့ရကြောင်း ရပ်ကွက်နေသူများနှင့် အရန်မီးသတ်၊ ပရဟိတ အဖွဲ့များထံမှ သိရသည်။ သေဆုံးသူသည် အသက် ၇၂နှစ်အရွယ် ဒေါ်ခင်ဌေးရီဖြစ်ပြီး သမီးဖြစ်သူနှင့်အတူ နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်နေသူများက ပြောသည်။ ဧပြီလ ၂၂ရက် ည ၁၂နာရီခန့်ကတည်းက အိမ်အနီးရှိ ရေတွင်းထဲ ကျခြင်းဖြစ်ပြီး ယင်းသို့ကျနေသည်ကို ဧပြီလ ၂၃ရက် နံနက်ပိုင်း ရောက်မှသာ သိရှိသဖြင့် အရန်မီးသတ်များနှင့် ပရဟိတအသင်းများခေါ်ယူ ကယ်ဆယ်ရေးလုပ်ခဲ့ရကြောင်း ဖြစ်စဥ် အနီးရှိခဲ့သည့် ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ ရေတွင်းတွင် ထိုင်ခုံတစ်လုံးနှင့် ဖိနပ် ကျန်ရစ်ခဲ့သဖြင့် ရေတွင်းထဲ ခုန်ကျခြင်းဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူအချို့နှင့် ရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “အိမ်က ရေတွင်းနဲ့ ကပ်နေတာပါ။ […]

ထားဝယ်အရှေ့တောတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရွာသားတစ်ဦးသေဆုံး

Dawei Watch

April 24, 2025

ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် တောင်သုံးလုံး ရွာသားတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ ယနေ့ ဧပြီလ ၂၃ ရက် နံနက်ပိုင်းတွင် တောင်သုံးလုံး၊ ကျောက်မဲတောင်ရွာ ပတ်ဝန်းကျင်တွင် စစ်ရေးတင်းမာခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က K8W တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။ တောင်သုံးလုံးရွာစာသင်ကျောင်းကို ဗုံးထိမှန်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သောကြောင့် အသက် ၃၀ ကျော်အရွယ် ကိုအီစာ သေဆုံးကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA / ပြည်သူ့ကာကွယ် ရေးတပ်-PDF ပူးပေါင်း တပ်များကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားနိုင်သဖြင့် ကျောက်မဲတောင်နှင့် တောင်သုံးလုံးကျေးရွာတို့က […]

ရန်ကုန်-မြိတ်ကားလမ်းတွင် ဖမ်းဆီး စစ်သားစုဆောင်းခံရသူနှစ်ဦး ဘက်ပြောင်းခိုလှုံ

Dawei Watch

April 23, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာအခြေစိုက် အမှတ် ၁၀၆ စစ်ကောင်စီခြေလျင်တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထံ ဘက်ပြောင်းခိုလှုံကြောင်း YPDF က ထုတ်ပြန်သည်။ ထွက်ပြေးခိုလှုံလာသူနှစ်ဦးမှာ ဧရာဝတီတိုင်းက ကိုဝေရဲဖြိုးနှင့် ပဲခူးတိုင်းအနောက်ခြမ်းက ကိုရဲနိုင်ကျော်တို့ဖြစ်ကြပြီး အသက် ၂၂နှစ်အရွယ်များဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလက ရန်ကုန်-မြိတ် ကားလမ်းပေါ်တွင် ခရီးသွားနေစဉ် ဖမ်းဆီးခံရပြီး စစ်သားစုခံခဲ့ရကြောင်း ကာယကံရှင်များ၏ ပြောပြချက်ကို ကိုးကားပြီး YPDF က ဧပြီလ ၂၂ရက်တွင် ထုတ်ပြန်ထားသည်။ ကိုဝေရဲဖြိုးသည် ထိုင်းနိုင်ငံတွင် ငါးဖမ်းလှေ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဥ် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရကာ ဧရာဝတီအခြေစိုက် ရွှေမြင်တင် […]